Sport

သရဲနီစိတ်ဓါတ်တေ ပြည့်လျှံနေပြီဖြစ်ကြောင်း သိသာပေါ်လွင်စေခဲ့တဲ့ ပေါလ်ပေါ့ဘာ ရဲ့ စကားတစ်ခွန်း

Unicode

သရဲနီစိတ်ဓါတ်တေ ပြည့်လျှံနေပြီဖြစ်ကြောင်း သိသာပေါ်လွင်စေခဲ့တဲ့ပေါလ်ပေါ့ဘာ ရဲ့ စကားတစ်ခွန်း

ယူနိုက်တက်အသင်းဟာ ဒီရာသီရဲ့ ရာသီ၀က် ‌ပွဲစဉ်အဖြစ် ဖူဟမ်အသင်းကို အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပါတယ်။အဆိုပါ ပွဲမှာ ကာဗာနီ၊ပေါလ်ပေါ့ဘာတို့ ရဲ့ သွင်းဂိုးတေနဲ့ အတူ ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရမှတ် ၃ မှတ်ကို ရယူကာ အမှတ်ပေးဇယားရဲ့ အဆင့်တစ် ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်သွားခဲ့ပါတယ်။ဒါကြောင့် ယူနိုက်တက် ပရိတ်သတ်တေအဖို့ တော့ လာမယ့် ရာသီကုန်မှာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မှာလားဆိုတဲ့ မျှေယ်လင့်ချက်တေကလည်း ရောက်ခြည် သန်းလာခဲ့ပြီဘဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ နည်းပြဆိုလ်းရှားကလည်း”ခက်ခဲကြပ်တည်းတဲ့ဒီလိုပွဲတွေကိုနိုင်တဲ့အခါ သရေတစ်မှတ်အစား အပိုရတဲ့ ၂မှတ်ကတကယ်အရေးပါတယ်။ နောက်ဆုံး ကျနော်တို့ဘယ်နေရာမှာရှိနေမလဲဆိုတာစောင့်ကြည့်တာပေါ့။အမှတ်ပေးဇယားအကြောင်းကိုတော့ အမြဲပြောနေကြမှာပဲ။ ကျနော်တို့ကတော့ဒီအကြောင်းကိုတကယ်တွေးမထားပါဘူး။ ခန့်မှန်းလို့မရတဲ့ရာသီတစ်ခုမို့ပါ။ခု‌တော့၃မှတ်ရသွားပြီ။ ကျေးဇူးပါ။ နောက်တစ်ပွဲကိုအာရုံစိုက်ကြတာပေါ့” ဟု ပြောဆိုမှတ်ချက်‌‌ပေးသွားခဲ့ပါတယ်။ဒါ့အပြင် အနိုင်ဂိုးကို ဂိုးဧရိယာထိပ်ကနေ လှလှပပ သွင်းယူ သွားခဲ့သူ ပေါလ်ပေါ့ဘာကတော့ လီဗာပူးကို အနိုင်မရခဲ့တဲ့ အပေါ် ယခုအချိန်အထိ စိတ်ပျက်မိနေကြောင်း၊သူ့ ရဲ့ စိတ်အတွင်းမှာ အနိုင်မခံ မရှုံးမပေးခြင်တဲ့ သရဲနီစိတ်တေ ခိုအောင်းနေပြီ ဆိုတာ ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟ သွားခဲ့ပါတယ်။

ဇယားထိပ်ဆုံးမှာအဆင့်တစ်နဲ့ ရာသီ၀က် ပြီးဆုံးစေခဲ့တဲ့ ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ပွဲပြီးသုံးသပ်ချက်

ပေါလ်ပေါ့ဘာက”ကျနော် အနိုင်ရတာကိုသဘောကျတယ်။ အနိုင်ရဖို့ကအဓိကပဲ။ ကျနော်တို့နိုင်ပွဲရတဲ့အချိန် ကျနော်ပျော်တယ်၊ ရှုံးတဲ့နေ့ကျရင်တော့ ကျနော်ဒေါသထပ်ထွက်မိလိမ့်မယ်။လီဗာပူးလ်နဲ့ကန်ခဲ့တဲ့ပွဲအပြီးမှာ ကျနော်တကယ်စိတ်ပျက်နေခဲ့တာပါ။ အဲ့ထက်ပိုကောင်းအောင်ကျနော်တို့ကစားခဲ့သင့်တာ။ ဒီနေ့တော့အဆင်ပြေသွားပြီ၊ သိပ်ကိုရင့်ကျက်မှုရှိတဲ့နိုင်ပွဲတစ်ပွဲပါပဲ။ ဒီလိုပုံစံမျိုးနဲ့အနိုင်ရလိုက်တာ သိပ်လှတယ်။ကန်ရခက်တဲ့ပွဲမို့ ဒီနိုင်ပွဲကတန်ဖိုးကြီးပါတယ်။ ကန်ရခက်မယ်ဆိုတာလည်းကျနော်တို့သိတယ်။ နိုင်ပွဲရဖို့လိုနေခဲ့သလို ခက်ခက်ခဲခဲကန်ပြီးအနိုင်ရခဲ့တာဖြစ်ပါတယ်။ဘောလုံးကိုကျနော်အမိအရကန်ခဲ့တာပဲ။ ဘယ်ခြေကိုဒီလောက်အထိဖြစ်သွားမယ်လို့မထင်ထားဘူး။ ဂိုးကလှသလို နိုင်ပွဲကလည်းလှပါတယ်”ဟု ဖွင့်ဟ သွားခဲ့ပါတယ်။

‌ယူနိုက်တက်ဟာ ပေါလ်ပေါ့ဘာရဲ့ သွင်းဂိုးနဲ့ come back နောက်တစ်ပွဲကို လုပ်ဆောင်နိုင်အပြီးမှာတော့ယခုနှစ် ပရီးမီးယားလိဂ်ရာသီတွင် အရှုံးအနေအထားမှ ရမှတ် ၂၁ မှတ်ထိ ရယူနိုင်ခဲ့ပြီး အမှတ်အများဆုံး ပြန်လည်ရယူနိုင်သော အသင်းဖြစ်လာခဲ့ပါသည်။ဒါ့အပြင်လိဂ်သမိုင်းတလျှောက် ပေးဂိုးအရင်ခွင့်ပြုပြီးမှ ပြန်လည်အနိုင်ရရှိသောပွဲပေါင်း ၉၄ ပွဲထိ ရှိလာပြီဖြစ်ပြီး အခြားမည်သည့်အသင်းထက်မဆို များပြားသော ပမာဏဖြစ်ပါသည်။ဒါ့အပြင်ယူနိုက်တက်တို့ဟာ Edinson Cavani ပွဲထွက်ကစားသော Premier League ၄ ပွဲလုံး၌ အနိုင်ရရှိထားပါသည်။ဆိုတော့ကာ အက်ဒီဆင် ကာဗာနီဟာ ယူနိုက်တက်တိုက်စစ်ရဲ့ လတ်တလောအဖြေတစ်ခုဖြစ်နေပြီလားဆိုတာတော့ စဉ်းစားစရာ ဖြစ်လာပါပြီ။

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ယူနိုက်တက်အသင်းတင်ရှိခဲ့သော စံချိန်မှတ်တမ်းများ

#MUFF

ZAWGYI

သရဲနီစိတ္ဓါတ္ေတ ျပည့္လွ်ံေနၿပီျဖစ္ေၾကာင္း သိသာေပၚလြင္ေစခဲ့တဲ့ေပါလ္ေပါ့ဘာ ရဲ႕ စကားတစ္ခြန္း

ယူႏိုက္တက္အသင္းဟာ ဒီရာသီရဲ႕ ရာသီ၀က္ ‌ပြဲစဥ္အျဖစ္ ဖူဟမ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ကစားခဲ့ရပါတယ္။အဆိုပါ ပြဲမွာ ကာဗာနီ၊ေပါလ္ေပါ့ဘာတို႔ ရဲ႕ သြင္းဂိုးေတနဲ႔ အတူ ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရမွတ္ ၃ မွတ္ကို ရယူကာ အမွတ္ေပးဇယားရဲ႕ အဆင့္တစ္ ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္သြားခဲ့ပါတယ္။ဒါေၾကာင့္ ယူႏိုက္တက္ ပရိတ္သတ္ေတအဖို႔ ေတာ့ လာမယ့္ ရာသီကုန္မွာ ယူႏိုက္တက္တို႔ ပရီးမီးယားလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္မွာလားဆိုတဲ့ ေမွ်ယ္လင့္ခ်က္ေတကလည္း ေရာက္ျခည္ သန္းလာခဲ့ၿပီဘဲ ျဖစ္ပါတယ္။

အဆိုပါပြဲစဥ္အၿပီးမွာ နည္းျပဆိုလ္းရွားကလည္း”ခက္ခဲၾကပ္တည္းတဲ့ဒီလိုပြဲေတြကိုႏိုင္တဲ့အခါ သေရတစ္မွတ္အစား အပိုရတဲ့ ၂မွတ္ကတကယ္အေရးပါတယ္။ ေနာက္ဆုံး က်ေနာ္တို႔ဘယ္ေနရာမွာရွိေနမလဲဆိုတာေစာင့္ၾကည့္တာေပါ့။အမွတ္ေပးဇယားအေၾကာင္းကိုေတာ့ အၿမဲေျပာေနၾကမွာပဲ။ က်ေနာ္တို႔ကေတာ့ဒီအေၾကာင္းကိုတကယ္ေတြးမထားပါဘူး။ ခန္႔မွန္းလို႔မရတဲ့ရာသီတစ္ခုမို႔ပါ။ခု‌ေတာ့၃မွတ္ရသြားၿပီ။ ေက်းဇူးပါ။ ေနာက္တစ္ပြဲကိုအာ႐ုံစိုက္ၾကတာေပါ့” ဟု ေျပာဆိုမွတ္ခ်က္‌‌ေပးသြားခဲ့ပါတယ္။ဒါ့အျပင္ အႏိုင္ဂိုးကို ဂိုးဧရိယာထိပ္ကေန လွလွပပ သြင္းယူ သြားခဲ့သူ ေပါလ္ေပါ့ဘာကေတာ့ လီဗာပူးကို အႏိုင္မရခဲ့တဲ့ အေပၚ ယခုအခ်ိန္အထိ စိတ္ပ်က္မိေနေၾကာင္း၊သူ႔ ရဲ႕ စိတ္အတြင္းမွာ အႏိုင္မခံ မရႈံးမေပးျခင္တဲ့ သရဲနီစိတ္ေတ ခိုေအာင္းေနၿပီ ဆိုတာ ကို ေအာက္ပါအတိုင္း ပြင့္ပြင့္လင္းလင္း ဖြင့္ဟ သြားခဲ့ပါတယ္။


ေပါလ္ေပါ့ဘာက”က်ေနာ္ အႏိုင္ရတာကိုသေဘာက်တယ္။ အႏိုင္ရဖို႔ကအဓိကပဲ။ က်ေနာ္တို႔ႏိုင္ပြဲရတဲ့အခ်ိန္ က်ေနာ္ေပ်ာ္တယ္၊ ရႈံးတဲ့ေန႔က်ရင္ေတာ့ က်ေနာ္ေဒါသထပ္ထြက္မိလိမ့္မယ္။လီဗာပူးလ္နဲ႔ကန္ခဲ့တဲ့ပြဲအၿပီးမွာ က်ေနာ္တကယ္စိတ္ပ်က္ေနခဲ့တာပါ။ အဲ့ထက္ပိုေကာင္းေအာင္က်ေနာ္တို႔ကစားခဲ့သင့္တာ။ ဒီေန႔ေတာ့အဆင္ေျပသြားၿပီ၊ သိပ္ကိုရင့္က်က္မႈရွိတဲ့ႏိုင္ပြဲတစ္ပြဲပါပဲ။ ဒီလိုပုံစံမ်ိဳးနဲ႔အႏိုင္ရလိုက္တာ သိပ္လွတယ္။ကန္ရခက္တဲ့ပြဲမို႔ ဒီႏိုင္ပြဲကတန္ဖိုးႀကီးပါတယ္။ ကန္ရခက္မယ္ဆိုတာလည္းက်ေနာ္တို႔သိတယ္။ ႏိုင္ပြဲရဖို႔လိုေနခဲ့သလို ခက္ခက္ခဲခဲကန္ၿပီးအႏိုင္ရခဲ့တာျဖစ္ပါတယ္။ေဘာလုံးကိုက်ေနာ္အမိအရကန္ခဲ့တာပဲ။ ဘယ္ေျခကိုဒီေလာက္အထိျဖစ္သြားမယ္လို႔မထင္ထားဘူး။ ဂိုးကလွသလို ႏိုင္ပြဲကလည္းလွပါတယ္”ဟု ဖြင့္ဟ သြားခဲ့ပါတယ္။‌ယူႏိုက္တက္ဟာ ေပါလ္ေပါ့ဘာရဲ႕ သြင္းဂိုးနဲ႔ come back ေနာက္တစ္ပြဲကို လုပ္ေဆာင္ႏိုင္အၿပီးမွာေတာ့ယခုႏွစ္ ပရီးမီးယားလိဂ္ရာသီတြင္ အရႈံးအေနအထားမွ ရမွတ္ ၂၁ မွတ္ထိ ရယူႏိုင္ခဲ့ၿပီး အမွတ္အမ်ားဆုံး ျပန္လည္ရယူႏိုင္ေသာ အသင္းျဖစ္လာခဲ့ပါသည္။ဒါ့အျပင္လိဂ္သမိုင္းတေလွ်ာက္ ေပးဂိုးအရင္ခြင့္ျပဳၿပီးမွ ျပန္လည္အႏိုင္ရရွိေသာပြဲေပါင္း ၉၄ ပြဲထိ ရွိလာၿပီျဖစ္ၿပီး အျခားမည္သည့္အသင္းထက္မဆို မ်ားျပားေသာ ပမာဏျဖစ္ပါသည္။ဒါ့အျပင္ယူႏိုက္တက္တို႔ဟာ Edinson Cavani ပြဲထြက္ကစားေသာ Premier League ၄ ပြဲလုံး၌ အႏိုင္ရရွိထားပါသည္။ဆိုေတာ့ကာ အက္ဒီဆင္ ကာဗာနီဟာ ယူႏိုက္တက္တိုက္စစ္ရဲ႕ လတ္တေလာအေျဖတစ္ခုျဖစ္ေနၿပီလားဆိုတာေတာ့ စဥ္းစားစရာ ျဖစ္လာပါၿပီ။
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X