Sport

ဇယားထိပ်ဆုံးမှာအဆင့်တစ်နဲ့ ရာသီ၀က် ပြီးဆုံးစေခဲ့တဲ့ ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ပွဲပြီးသုံးသပ်ချက်

UNICODE

ဇယားထိပ်ဆုံးမှာအဆင့်တစ်နဲ့ ရာသီ၀က် ပြီးဆုံးခဲ့တဲ့ ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ပွဲပြီးသုံးသပ်ချက်

ဖူဟမ်အသင်းရဲ့ အိမ်ကွင်း မှာ သွားကစားခဲ့ရတဲ့ ဒီကနေ့ ပွဲစဉ်က ယူနိုက်တက်အတွက် အနိုင်သုံးမှတ်ရယူဖို့ လွယ်ကူစေခဲ့ပါတယ်။အထူးသဖြင့် အခွင့်ရေးဖန်တီးမှု ပေါင်းများစွာ၊ဂိုးပေါက် ကန်သွင်းမှု ပေါင်းများစွားပြုလုပ်နိုင်ခဲ့ပေမယ့် လို့ ဂိုးရလ်ကျဉ်းမြောင်းခဲ့တာ ကတော့ တစ်ဖက် ဂိုးသမား လက်စွမ်းပြ သွားတာက တစ်ကြောင်း ကစားသမားတေ ကံခေခဲ့တာက တစ်ကြောင်း ဖြစ်ပါလိမ့်မယ်။ဒီကနေ့ မနက် ပွဲစဉ်မှာ ယူနိုက်တက်က ဖူဟမ်ကို ပေါလ်ပေါ့ဘာရဲ့ သွင်းဂိုးနဲ့ အတူ ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ်ရာသီရဲ့ ရာသီ၀က်ချန်ပီယံ ဖြစ်ခဲ့ရသလို ကျနော်တို့ ယူနိုက်တက် ပရိတ်သတ်တေ အများကြီး မျှော်လင့်နေကြတဲ့ ချန်ပီယံဆုဖလားအိမ်မက်ကလည်း တစ်ဆထက်တစ်ဆ နီးစပ် လာခဲ့ပါပြီ။ဒီနေ့ပွဲစဉ်ကို သုံးသပ်မှု တေလုံး၀ မလုပ်ခင် မေးကြည့်ခြင်တာ တစ်ခုက တော့ မာရှယ်နဲ့ ဆိုလ်းရှားက လင်မယားတေလား၊ဖာနန်ဒက်ကို သေသည်အထိ ကစားခိုင်းမှာလား၊ဗန်ဒီဘီ ကိုရော ပွဲကြည့်ဖို့ ခေါ်ထားတာလားဆိုတဲ့ မေးခွန်းလေးတေကို စာဖတ်သူတို့ရဲ့ အမြင်တေကို ကွန်းမန့်မှာ ဆွေးနွေးသွားပေးကြပါဦး။မာရှယ်ကို ဆိုလ်းရှားက ဘာလို ပွဲတိုင်းထည့်သုံးနေလဲဆိုတဲ့ မေးခွန်းကတော့ ဘာမြူဒါတြိဂံဒေသ ထဲမှာ လေယာဉ်တေ ဘာကြောင့် ပျောက်သွားတာလဲဆိုတဲ့ မေးခွန်းအတိုင်းပါဘဲ။ဘာမှကို စဉ်းစားစရာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါဘဲ။ဒါ့အပြင် ဖူဟမ်လို အသင်းတစ်သင်းနဲ့ တွေ့ဆုံချိန်မှာတောင် ဖာနန်ဒက်ကို အနားမပေးရဲတဲ့ ဆိုလ်းရှားရဲ့ သတ္တိက တကယ့်ကိုပြောင်မြောက်လေးစားစရာဖြစ်ခဲ့ပြီးတော့ ဗန်ဒီဘီကို တော့ ပရိတ်သတ်တစ်ယောက် အနေနဲ့ အားနာစိတ် ဖြစ်မိပါတယ်။

ကဲဆိုတော့ ဒီပွဲစဉ်မှာ အမှန်တကယ် အကြိုက်ဆုံးကစားသမားကိုပြပါဆိုရင်တော့ ပေါလ်ပေါ့ဘာကို လူတိုင်းလက်ခံကြမှာပါ။ပေါ့ဘာရဲ့ နောက်ပိုင်းပွဲစဥ်ခြေစွမ်းတေက တကယ်ကို ပိုမိုတည်ငြိမ်လာခဲ့ပါတယ်။အထူးသဖြင့် ပေါ့ဘာက သူ့ကိုသူ လူကြီးတစ်ယောက်ဖြစ်နေပြီဆိုတာ ကို ပြသလိုက်သလိုပါဘဲ။မလိုအပ်တဲ့ လိမ်ခေါက်မှုတေကို မတွေ့ရတော့သလို တည်ငြိမ်ပြီး ကွင်းလယ်ကို ထိန်းချုပ်သွားနိုင်စွမ်းကလည်း ပေါ့ဘာတစ်ယောက် အရင်လို ကလေး မဟုတ်တော့ဖူးဆိုတာကို သက်သေပြနေပါပြီ။သူ့ရဲ့ နိုင်ပွဲစာလောင်စိတ်၊ဂိုးသွင်း ပြီး ရဲရင့်တဲ့ အောင်ပွဲခံ‌ပုံတေ အတွက် ဘရူနိုတစ်ယောက် ခြေစွမ်းအောက် ရောက်နေချိန်မှာ ယူနိုက်တက် အတွက်တော့ ရွှေ‌တွင်းတစ်တွင်း လိုဘဲ ဖြစ်မှာပါ။

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ယူနိုက်တက်အသင်းတင်ရှိခဲ့သော စံချိန်မှတ်တမ်းများ

ဒီနေ့ပွဲမှာ ပထမပိုင်းအတွင်း အပြစ်လုံး၀ ပြောရမယ့် ကိစ္စကတော့ ယူနိုက်တက်ရဲ့ ညာခြမ်းဖြစ်ပါလိမ့်မယ်။ဂရင်းဝုဒ်နဲ့ ဘစ်စာကာအတွဲကို ကြည့်ရတာ တကယ့်ကို စိတ်မချမ်းသာစရာပါဘဲ။တောင်ပံလူမဟုတ်တဲ့ ဂရင်းဝုဒ်တစ်ယောက် ‌ဘောလုံးကို နောက်ဘဲပြန်ပေးနေရတာတေက တိုက်စစ်ကို နှေးကွေးစေပြီး အထူးသဖြင့် ဂရင်းဝုဒ်ရဲ့ နောက်ပြန်ပေးမှုကြောင့် ဘာတောင်ပံမှာ ဖြစ်ပေါ်လာတဲ့ နေရာလွတ်တေထဲကို ဘစ်စာကာတစ်ယောက် ပြေး၀င်ပြီး ဖြတ်တင်ဘောတေ တင်ရာမှာတော့ ပရိတ်သတ် တေအနေနဲ့ အတော်လေးကို စိတ်ညစ်ခဲ့ကြမှာ ဖြစ်မှာပါ။ယူနိုက်တက်ရဲ့ ပထမသွင်းဂိုးကတော့ သေလုနီးနီး ဖြစ်နေတဲ့ ဖာနန်ဒက်ရဲ့ အသက်ထွက်မတတ် ကြိုးစားအားထုတ်မှုကနေ ကာဗာနီက ပိတ်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်တော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ရလဒ် နဲ့ ပထမပိုင်းပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆိုလ်းရှားတစ်ယောက် နည်းဗျူဟာ အပြောင်းအလဲတစ်ရပ်ကို ပြုလုပ်လာခဲ့ပါတယ်။အဲဒါကတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်တို့ ကို တိုက်စစ်အတွင်းထဲ ပေးမ၀င်တော့ဘဲ ညာတောင်ပံမှာတစ်ယောက်တစ်လှည့်စီ ဖြတ်တေဘောတေ၊ဖန်တီးမှုတေ ပြုလုပ်စေခဲ့ပြီး အပိုင်အခွင့် အရေး ၂ ကြိမ် ၃ ကြိမ်လောက်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ကာဗာနီရဲ့ ခေါင်းတိုက်ချက်၊မာရှယ်ရဲ့ အပိုင်ခေါင်းတိုက်ချက်တေကို ဖန်တီးနိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ မရရှိခဲ့ဘဲ ယူနိုက်တက်အတွက် အနိုင်သုံးမှတ်ကိုတော့ ပြီးခဲ့တဲ့ ပွဲစဉ်တေမှာ တောက်လျောက် ခြေစွမ်းကောင်းတေပြသလာနေတဲ့ ပေါ့ဘာကဘဲ ညာခြမ်းကနေ အပြင်းကန်သွင်းပြီး ရယူပေးခဲ့ကာ ဘောလုံးရာသီ ရာသီ၀က်ရဲ့ ချန်ပီယံအဖြစ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်သွားခွင့် ရရှိခဲ့ပါတယ်။ဒီနေ့ တစ်ပွဲလုံးမှာ ဗန်ဒီဘီ ဟာ အရန်ခုံမှာ ဘောလုံးပွဲထိုင်က်ြည့်နေခဲ့ပါတယ် လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။အမြင်လေးတေကို မျှဝေသွားကြပါဦးဗျ။ကျေးဇူးပါ။

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး သတိထားမိသော ထူးခြားသည့် အချက်သုံးချက်

#muff

ZAWGYI

ဇယားထိပ္ဆုံးမွာအဆင့္တစ္နဲ႔ ရာသီ၀က္ ၿပီးဆုံးခဲ့တဲ့ ဖူဟမ္ ၁-၂ ယူႏိုက္တက္ ပြဲစဥ္အၿပီး ပြဲၿပီးသုံးသပ္ခ်က္

ဖူဟမ္အသင္းရဲ႕ အိမ္ကြင္း မွာ သြားကစားခဲ့ရတဲ့ ဒီကေန႔ ပြဲစဥ္က ယူႏိုက္တက္အတြက္ အႏိုင္သုံးမွတ္ရယူဖို႔ လြယ္ကူေစခဲ့ပါတယ္။အထူးသျဖင့္ အခြင့္ေရးဖန္တီးမႈ ေပါင္းမ်ားစြာ၊ဂိုးေပါက္ ကန္သြင္းမႈ ေပါင္းမ်ားစြားျပဳလုပ္ႏိုင္ခဲ့ေပမယ့္ လို႔ ဂိုးရလ္က်ဥ္းေျမာင္းခဲ့တာ ကေတာ့ တစ္ဖက္ ဂိုးသမား လက္စြမ္းျပ သြားတာက တစ္ေၾကာင္း ကစားသမားေတ ကံေခခဲ့တာက တစ္ေၾကာင္း ျဖစ္ပါလိမ့္မယ္။ဒီကေန႔ မနက္ ပြဲစဥ္မွာ ယူႏိုက္တက္က ဖူဟမ္ကို ေပါလ္ေပါ့ဘာရဲ႕ သြင္းဂိုးနဲ႔ အတူ ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ယခုႏွစ္ရာသီရဲ႕ ရာသီ၀က္ခ်န္ပီယံ ျဖစ္ခဲ့ရသလို က်ေနာ္တို႔ ယူႏိုက္တက္ ပရိတ္သတ္ေတ အမ်ားႀကီး ေမွ်ာ္လင့္ေနၾကတဲ့ ခ်န္ပီယံဆုဖလားအိမ္မက္ကလည္း တစ္ဆထက္တစ္ဆ နီးစပ္ လာခဲ့ပါၿပီ။ဒီေန႔ပြဲစဥ္ကို သုံးသပ္မႈ ေတလုံး၀ မလုပ္ခင္ ေမးၾကည့္ျခင္တာ တစ္ခုက ေတာ့ မာရွယ္နဲ႔ ဆိုလ္းရွားက လင္မယားေတလား၊ဖာနန္ဒက္ကို ေသသည္အထိ ကစားခိုင္းမွာလား၊ဗန္ဒီဘီ ကိုေရာ ပြဲၾကည့္ဖို႔ ေခၚထားတာလားဆိုတဲ့ ေမးခြန္းေလးေတကို စာဖတ္သူတို႔ရဲ႕ အျမင္ေတကို ကြန္းမန႔္မွာ ေဆြးေႏြးသြားေပးၾကပါဦး။မာရွယ္ကို ဆိုလ္းရွားက ဘာလို ပြဲတိုင္းထည့္သုံးေနလဲဆိုတဲ့ ေမးခြန္းကေတာ့ ဘာျမဴဒါႀတိဂံေဒသ ထဲမွာ ေလယာဥ္ေတ ဘာေၾကာင့္ ေပ်ာက္သြားတာလဲဆိုတဲ့ ေမးခြန္းအတိုင္းပါဘဲ။ဘာမွကို စဥ္းစားစရာ အေျဖမရွိတဲ့ ပုစာၦတစ္ပုဒ္လိုပါဘဲ။ဒါ့အျပင္ ဖူဟမ္လို အသင္းတစ္သင္းနဲ႔ ေတြ႕ဆုံခ်ိန္မွာေတာင္ ဖာနန္ဒက္ကို အနားမေပးရဲတဲ့ ဆိုလ္းရွားရဲ႕ သတၱိက တကယ့္ကိုေျပာင္ေျမာက္ေလးစားစရာျဖစ္ခဲ့ၿပီးေတာ့ ဗန္ဒီဘီကို ေတာ့ ပရိတ္သတ္တစ္ေယာက္ အေနနဲ႔ အားနာစိတ္ ျဖစ္မိပါတယ္။


ကဲဆိုေတာ့ ဒီပြဲစဥ္မွာ အမွန္တကယ္ အႀကိဳက္ဆုံးကစားသမားကိုျပပါဆိုရင္ေတာ့ ေပါလ္ေပါ့ဘာကို လူတိုင္းလက္ခံၾကမွာပါ။ေပါ့ဘာရဲ႕ ေနာက္ပိုင္းပြဲစဥ္ေျခစြမ္းေတက တကယ္ကို ပိုမိုတည္ၿငိမ္လာခဲ့ပါတယ္။အထူးသျဖင့္ ေပါ့ဘာက သူ႔ကိုသူ လူႀကီးတစ္ေယာက္ျဖစ္ေနၿပီဆိုတာ ကို ျပသလိုက္သလိုပါဘဲ။မလိုအပ္တဲ့ လိမ္ေခါက္မႈေတကို မေတြ႕ရေတာ့သလို တည္ၿငိမ္ၿပီး ကြင္းလယ္ကို ထိန္းခ်ဳပ္သြားႏိုင္စြမ္းကလည္း ေပါ့ဘာတစ္ေယာက္ အရင္လို ကေလး မဟုတ္ေတာ့ဖူးဆိုတာကို သက္ေသျပေနပါၿပီ။သူ႔ရဲ႕ ႏိုင္ပြဲစာေလာင္စိတ္၊ဂိုးသြင္း ၿပီး ရဲရင့္တဲ့ ေအာင္ပြဲခံ‌ပုံေတ အတြက္ ဘ႐ူႏိုတစ္ေယာက္ ေျခစြမ္းေအာက္ ေရာက္ေနခ်ိန္မွာ ယူႏိုက္တက္ အတြက္ေတာ့ ေ႐ႊ‌တြင္းတစ္တြင္း လိုဘဲ ျဖစ္မွာပါ။

ဒီေန႔ပြဲမွာ ပထမပိုင္းအတြင္း အျပစ္လုံး၀ ေျပာရမယ့္ ကိစၥကေတာ့ ယူႏိုက္တက္ရဲ႕ ညာျခမ္းျဖစ္ပါလိမ့္မယ္။ဂရင္းဝုဒ္နဲ႔ ဘစ္စာကာအတြဲကို ၾကည့္ရတာ တကယ့္ကို စိတ္မခ်မ္းသာစရာပါဘဲ။ေတာင္ပံလူမဟုတ္တဲ့ ဂရင္းဝုဒ္တစ္ေယာက္ ‌ေဘာလုံးကို ေနာက္ဘဲျပန္ေပးေနရတာေတက တိုက္စစ္ကို ေႏွးေကြးေစၿပီး အထူးသျဖင့္ ဂရင္းဝုဒ္ရဲ႕ ေနာက္ျပန္ေပးမႈေၾကာင့္ ဘာေတာင္ပံမွာ ျဖစ္ေပၚလာတဲ့ ေနရာလြတ္ေတထဲကို ဘစ္စာကာတစ္ေယာက္ ေျပး၀င္ၿပီး ျဖတ္တင္ေဘာေတ တင္ရာမွာေတာ့ ပရိတ္သတ္ ေတအေနနဲ႔ အေတာ္ေလးကို စိတ္ညစ္ခဲ့ၾကမွာ ျဖစ္မွာပါ။ယူႏိုက္တက္ရဲ႕ ပထမသြင္းဂိုးကေတာ့ ေသလုနီးနီး ျဖစ္ေနတဲ့ ဖာနန္ဒက္ရဲ႕ အသက္ထြက္မတတ္ ႀကိဳးစားအားထုတ္မႈကေန ကာဗာနီက ပိတ္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။အဲဒီေနာက္ေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရ ရလဒ္ နဲ႔ ပထမပိုင္းၿပီးဆုံးသြားခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဆိုလ္းရွားတစ္ေယာက္ နည္းဗ်ဴဟာ အေျပာင္းအလဲတစ္ရပ္ကို ျပဳလုပ္လာခဲ့ပါတယ္။အဲဒါကေတာ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္တို႔ ကို တိုက္စစ္အတြင္းထဲ ေပးမ၀င္ေတာ့ဘဲ ညာေတာင္ပံမွာတစ္ေယာက္တစ္လွည့္စီ ျဖတ္ေတေဘာေတ၊ဖန္တီးမႈေတ ျပဳလုပ္ေစခဲ့ၿပီး အပိုင္အခြင့္ အေရး ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ကာဗာနီရဲ႕ ေခါင္းတိုက္ခ်က္၊မာရွယ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ေတကို ဖန္တီးႏိုင္ခဲ့ေပမယ့္ သြင္းဂိုးေတာ့ မရရွိခဲ့ဘဲ ယူႏိုက္တက္အတြက္ အႏိုင္သုံးမွတ္ကိုေတာ့ ၿပီးခဲ့တဲ့ ပြဲစဥ္ေတမွာ ေတာက္ေလ်ာက္ ေျခစြမ္းေကာင္းေတျပသလာေနတဲ့ ေပါ့ဘာကဘဲ ညာျခမ္းကေန အျပင္းကန္သြင္းၿပီး ရယူေပးခဲ့ကာ ေဘာလုံးရာသီ ရာသီ၀က္ရဲ႕ ခ်န္ပီယံအျဖစ္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္သြားခြင့္ ရရွိခဲ့ပါတယ္။ဒီေန႔ တစ္ပြဲလုံးမွာ ဗန္ဒီဘီ ဟာ အရန္ခုံမွာ ေဘာလုံးပြဲထိုင္က္ျည့္ေနခဲ့ပါတယ္ လို႔ေျပာရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။အျမင္ေလးေတကို မွ်ေဝသြားၾကပါဦးဗ်။ေက်းဇူးပါ။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X