Sport

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ယူနိုက်တက်အသင်းတင်ရှိခဲ့သော စံချိန်မှတ်တမ်းများ

UNICODE

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး ယူနိုက်တက်အသင်းတင်ရှိခဲ့သော စံချိန်မှတ်တမ်းများ

ယနေ့မနက် ၂:၄၅ မှာကစားတဲ့ ဖူဟမ် အသင်းနှင့် အဝေးကွင်း ပွဲစဉ်မှာ တိုက်စစ်မှုးဖြစ်သူ အက်ဒီ‌ဆင်ကာဗာနီဟာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါ၀င်လာခဲ့ပြီး ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။အဆိုပါသွင်းဂိုးကြောင့် တိုက်စစ်မှူး Edison Cavani ဟာ ပထမဆုံးအဝေးကွင်း ၄ပွဲစလုံး သွင်းဂိုး ရရှိထားတဲ့ ပထမဆုံးသော မန်ချက်စတာယူနိုက်တက် ကစားသမားအဖြစ် မှတ်တမ်းတင် ရှိသွားခဲ့ပါတယ် ။

ယူနိုက်တက်အတွက် ဒီကနေပွဲမှာ ပွဲထွက်ပါ၀င်ကစားခွင့်ရတဲ့ ကွင်းလယ်လူ ဖာနန်ဒက်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၅၀ ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ဖာနန်ဒက်ဟာ ကာဗာနီသွင်းယူသွားတဲ့ သွင်းဂိုးမှာ လည်း အကောင်းဆုံး ကြိုးစားအားထုတ်ပြီး ပါ၀င်ပါတ်သတ်သွားခဲ့ပါသေးတယ်။
Man of the Match Paul Pogba

ပေါလ်ပေါ့ဘာရဲ့ ယနေ့ည စွမ်းဆောင်ရည်မှတ်တမ်းများ

ဂိုး -1 ဂိုး             ပေးပို့မှု တိကျနှုန်း – 85%              အကောင်းဆုံး ပေးပို့ဖန်တီးမှု -1 ကြိမ်                အောင်မြင်သော ကျော်ဖြတ်မှု – 2/2 ​ကြိမ်          မြေပြင်တွင် ဘောလုံးအသာရယူမှု – 6/10 ကြိမ်              ဘောလုံးလုယူနိုင်မှု – 4ကြိမ်              ကြားဖြတ်လုယူမှု -3ကြိမ်                    ပေါ့ဂ်ဘာရဲ့ အလန်းစား အဝေးကန်ချက် နဲ့ အတူ ယူနိုက်တက် တို့ဟာအ နိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပြီး မန်စီးတီး ၊ လက်စတာ တို့ကို ကျော်ဖြတ်ကာ ရာသီဝက် ချန်ပီယံ ဖြစ်နိုင်ခဲ့ ပါပြီ ။ရာသီကုန်ရင်လည်း ချန်ပီယံအဖြစ်မြင်တွေ့လိုပါတယ် မန်ချက်စတာ ယူနိုက်တက် ရေးးး၊
#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X