Uncategorized

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး သတိထားမိသော ထူးခြားသည့် အချက်သုံးချက်

UNICODE

ဖူဟမ် ၁-၂ ယူနိုက်တက် ပွဲစဉ်အပြီး သတိထားမိသော ထူးခြားသည့် အချက်သုံးချက်

နံပါတ်တစ် ဘစ်စာကာ -ဒီနေ့ပွဲမှာ ဖူဟမ်အသင်းရဲ့ တစ်သင်းလုံး ပိတ်ဆို့ကစားဟန်ကြောင့် ယူနိုက်တက်တို့ ဖြတ်တင်ဘောတေကနေ ဂိုးရရှိဖို့‌ကြိုးစားခဲ့ပြီး အထူးသဖြင့် ပထမပိုင်း အတွင်းမှာ ယူနိုက်တက် တိုက်စစ်ရဲ့ ညာခြမ်း ဘစ်စာကာ၊ဂရင်းဝုဒ်အတွဲ‌ကနေ ဖြတ်တင်ဘောတေ တရဆက်ပြု လုပ်သွားခဲ့ပါတယ်။ဒီနေရာမှာ အထူးပြောစရာဖြစ်ခဲ့တာတော့ ဘစ်စာကာဖြစ်ခဲ့ပြီး ပထမပိုင်းအတွင်းမှာ ဖြတ်တင်ဘော လေးကြိမ်လောက်ထိ ပြုလုပ်သွားခဲ့ပါတယ်။ဘစ်စာကာဟာ တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ ကစားသမားအဖြစ် အမြဲ ဝေဖန်ခံရသူ ဖြစ်တာကြောင့် ဒီ မှတ်တမ်းဟာ သူ့ရဲ့ တိုက်စစ်ကို နဂိုကထက်ပိုမို လိုက်ပါလာတာကို အထင်းသား မြင်တွေ့စေနိုင်ပါတယ်။သို့ပေမယ့်ဒီအချိန်မှာ ဘစ်စာကာ အနေနဲ့ ဖြတ်တင်ဘောတေ ဒီထက်ပိုကောင်းဖို့ အများကြီး လိုအပ်နေသေးတာကို အထူးမြင်တွေ့ခဲ့ရပြီး အဂ်လန်လက်ရွေးစင် ဖြစ်ခြင်တယ် ဆိုရင် တော့ ဒီထက် ပိုကောင်းမွန်တဲ့ ဖြတ်တင်ဘောတေကို လိုအပ်နေတာလည်းဖြစ်ပါတယ်။သို့ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှု ကို တော့ အသိမှတ်ပြုသင့်ပြီး အရင်လို ခါးဖြတ်ဘောတေ ထက်စာရင် ယခုဖြတ်တင်ဘောတေ က တိုးတက်လာနိုင်သေးတဲ့ အရိပ်အရောင်တော့ မြင်မိနေပါတယ်။

နံပါတ် နှစ်- ရင့်ကျက်လာတဲ့ ပေါလ်ပေါ့ဘာ တကယ့်ကို လူကြီးတစ်ယောက်လိုပါဘဲ၊ အရင်နှစ်တေက ပေါလ်ထက် ယခု ပေါလ်က လူကြီး တစ်ယောက် လို ရင့်ကျက်လာပြီဆိုတာ အထင်းသားမြင်နိုင်နေပါပြီ။ဒီနေ့ မှာ သွင်းယူပေးလိုက်တဲ့ ဦးဆောင်ဂိုးကလည်း တကယ့်ကို။ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဆိုတာ ကို ထပ်မံပြသလိုက်တာဖြစ်ပြီး ကွင်းလယ်မှာ ဖရက်နဲ့ တက်ညီလက်ညီ အတွဲညီ ပြသွားတာလည်း တွေ့ရပါတယ်။ဒီအချိန်မှာ ပေါလ်ကို အနီးကပ်ဆုံးကူညီပေးနေတာကတော့ ဖရက်နဲ့ ဘိုင်လီ ဖြစ်ပြီး ပေါ့ဘာရဲ့ နောက်ကနေ အမြဲလိုလို ပြတ်တောက်လာတဲ့ ဘောလုံးတေကို ဆယ်ယူပေးနေတာကလည်း တကယ်ကို ပေါလ်အတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။ဒါ့အပြင် နိုင်လိုစိတ်ပြင်းထန်နေတဲ့ သူ့ရဲ့ ခံစစ် တိုက်စစ် လိုက်ပါ ကစားပုံတေက တော့တကယ်ကို အရင်ကနဲ့ မတူတဲ့ ရင့်ကျက်တဲ့ ပေါလ်ပေါ့ဘာကို မြင်တွေ့ခဲ့ရတာပါဘဲဗျာ။

နံပါတ်သုံး- လိုအပ်နေဆဲ ညာတောင်ပံ ၊ ယူနိုက်တက် အတွက် အမြဲတစ်စေ ဒုခ္ဒပေးတတ်တဲ့ ညာတောင်ပံ ကစားသမား စစ်စစ် လိုအပ်ချက်က ဒီကနေ့မှာ လည်း အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။ natural winger မဟုတ်တဲ့ ဂရင်းဝုဒ်ဟာဒီကနေ့ပွဲမှာ အတော်လေး ရုန်းကန်ခဲ့ရတာ တွေ့ခဲ့ရပြီး အထူးသဖြင့် နည်းစနစ် ပိုင်း လိုအပ်ချက်အရ အသင်းရဲ့ အဆုံးသတ်ပိုင်း အကောင်းဆုံးသော ဒီကစားသမားလေးဟာ ညာတောင်ပံမှာ ဖြတ်တင်ဘောသွားတင်နေရတာကလည်း တကယ်ကို ရုပ်ဆိုးလှပါတယ်။နောက်ဆုံးအနေနဲ့ ပြောခြင်တာကတော့ သနားစရာကောင်းလာတဲ့ ဗန်ဒီဘီ ဖြစ်ပြီး အရန်ခုံမှာဘဲ အမြဲထိုင်နေရတာ တကယ်ကို အားနာစရာ ကောင်းလှပါတယ်။ဒါ့အပြင် မွေးစားသားလေး မာရှယ်ကို ဆိုလ်းရှားက ဘာလို့ ပွဲတိုင်း သုံးနေတာလည်း ဆိုတာတော့ ခက်ခဲတဲ့ စဉ်းစားစရာတစ်ခု အဖြစ်ကျန်ရှိနေ‌သေးပြီး ဒီကိစ္စကိုတော့ ပြောတောင်မပြောခြင်တော့ပါဖူး။ကဲဆိုတော့ ခင်ဗျားတို့ရဲ့ အမြင်တေကိုလည်း လွတ်လပ်စွာ မျှဝေပေးသွားနိုင်ပါတယ်ဗျ။

#MUFF

ZAWGYI

ဖူဟမ္ ၁-၂ ယူႏိုက္တက္ ပြဲစဥ္အၿပီး သတိထားမိေသာ ထူးျခားသည့္ အခ်က္သုံးခ်က္

နံပါတ္တစ္ ဘစ္စာကာ -ဒီေန႔ပြဲမွာ ဖူဟမ္အသင္းရဲ႕ တစ္သင္းလုံး ပိတ္ဆို႔ကစားဟန္ေၾကာင့္ ယူႏိုက္တက္တို႔ ျဖတ္တင္ေဘာေတကေန ဂိုးရရွိဖို႔‌ႀကိဳးစားခဲ့ၿပီး အထူးသျဖင့္ ပထမပိုင္း အတြင္းမွာ ယူႏိုက္တက္ တိုက္စစ္ရဲ႕ ညာျခမ္း ဘစ္စာကာ၊ဂရင္းဝုဒ္အတြဲ‌ကေန ျဖတ္တင္ေဘာေတ တရဆက္ျပဳ လုပ္သြားခဲ့ပါတယ္။ဒီေနရာမွာ အထူးေျပာစရာျဖစ္ခဲ့တာေတာ့ ဘစ္စာကာျဖစ္ခဲ့ၿပီး ပထမပိုင္းအတြင္းမွာ ျဖတ္တင္ေဘာ ေလးႀကိမ္ေလာက္ထိ ျပဳလုပ္သြားခဲ့ပါတယ္။ဘစ္စာကာဟာ တိုက္စစ္လိုက္ပါမႈ အားနည္းတဲ့ ကစားသမားအျဖစ္ အၿမဲ ေဝဖန္ခံရသူ ျဖစ္တာေၾကာင့္ ဒီ မွတ္တမ္းဟာ သူ႔ရဲ႕ တိုက္စစ္ကို နဂိုကထက္ပိုမို လိုက္ပါလာတာကို အထင္းသား ျမင္ေတြ႕ေစႏိုင္ပါတယ္။သို႔ေပမယ့္ဒီအခ်ိန္မွာ ဘစ္စာကာ အေနနဲ႔ ျဖတ္တင္ေဘာေတ ဒီထက္ပိုေကာင္းဖို႔ အမ်ားႀကီး လိုအပ္ေနေသးတာကို အထူးျမင္ေတြ႕ခဲ့ရၿပီး အဂ္လန္လက္ေ႐ြးစင္ ျဖစ္ျခင္တယ္ ဆိုရင္ ေတာ့ ဒီထက္ ပိုေကာင္းမြန္တဲ့ ျဖတ္တင္ေဘာေတကို လိုအပ္ေနတာလည္းျဖစ္ပါတယ္။သို႔ေပမယ့္ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ ကို ေတာ့ အသိမွတ္ျပဳသင့္ၿပီး အရင္လို ခါးျဖတ္ေဘာေတ ထက္စာရင္ ယခုျဖတ္တင္ေဘာေတ က တိုးတက္လာႏိုင္ေသးတဲ့ အရိပ္အေရာင္ေတာ့ ျမင္မိေနပါတယ္။

နံပါတ္ ႏွစ္- ရင့္က်က္လာတဲ့ ေပါလ္ေပါ့ဘာ တကယ့္ကို လူႀကီးတစ္ေယာက္လိုပါဘဲ၊ အရင္ႏွစ္ေတက ေပါလ္ထက္ ယခု ေပါလ္က လူႀကီး တစ္ေယာက္ လို ရင့္က်က္လာၿပီဆိုတာ အထင္းသားျမင္ႏိုင္ေနပါၿပီ။ဒီေန႔ မွာ သြင္းယူေပးလိုက္တဲ့ ဦးေဆာင္ဂိုးကလည္း တကယ့္ကို။ ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ ဆိုတာ ကို ထပ္မံျပသလိုက္တာျဖစ္ၿပီး ကြင္းလယ္မွာ ဖရက္နဲ႔ တက္ညီလက္ညီ အတြဲညီ ျပသြားတာလည္း ေတြ႕ရပါတယ္။ဒီအခ်ိန္မွာ ေပါလ္ကို အနီးကပ္ဆုံးကူညီေပးေနတာကေတာ့ ဖရက္နဲ႔ ဘိုင္လီ ျဖစ္ၿပီး ေပါ့ဘာရဲ႕ ေနာက္ကေန အၿမဲလိုလို ျပတ္ေတာက္လာတဲ့ ေဘာလုံးေတကို ဆယ္ယူေပးေနတာကလည္း တကယ္ကို ေပါလ္အတြက္ အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ဒါ့အျပင္ ႏိုင္လိုစိတ္ျပင္းထန္ေနတဲ့ သူ႔ရဲ႕ ခံစစ္ တိုက္စစ္ လိုက္ပါ ကစားပုံေတက ေတာ့တကယ္ကို အရင္ကနဲ႔ မတူတဲ့ ရင့္က်က္တဲ့ ေပါလ္ေပါ့ဘာကို ျမင္ေတြ႕ခဲ့ရတာပါဘဲဗ်ာ။

နံပါတ္သုံး- လိုအပ္ေနဆဲ ညာေတာင္ပံ ၊ ယူႏိုက္တက္ အတြက္ အၿမဲတစ္ေစ ဒုခၵေပးတတ္တဲ့ ညာေတာင္ပံ ကစားသမား စစ္စစ္ လိုအပ္ခ်က္က ဒီကေန႔မွာ လည္း အတိုင္းသား ျမင္ေတြ႕ခဲ့ရပါတယ္။ natural winger မဟုတ္တဲ့ ဂရင္းဝုဒ္ဟာဒီကေန႔ပြဲမွာ အေတာ္ေလး ႐ုန္းကန္ခဲ့ရတာ ေတြ႕ခဲ့ရၿပီး အထူးသျဖင့္ နည္းစနစ္ ပိုင္း လိုအပ္ခ်က္အရ အသင္းရဲ႕ အဆုံးသတ္ပိုင္း အေကာင္းဆုံးေသာ ဒီကစားသမားေလးဟာ ညာေတာင္ပံမွာ ျဖတ္တင္ေဘာသြားတင္ေနရတာကလည္း တကယ္ကို ႐ုပ္ဆိုးလွပါတယ္။ေနာက္ဆုံးအေနနဲ႔ ေျပာျခင္တာကေတာ့ သနားစရာေကာင္းလာတဲ့ ဗန္ဒီဘီ ျဖစ္ၿပီး အရန္ခုံမွာဘဲ အၿမဲထိုင္ေနရတာ တကယ္ကို အားနာစရာ ေကာင္းလွပါတယ္။ဒါ့အျပင္ ေမြးစားသားေလး မာရွယ္ကို ဆိုလ္းရွားက ဘာလို႔ ပြဲတိုင္း သုံးေနတာလည္း ဆိုတာေတာ့ ခက္ခဲတဲ့ စဥ္းစားစရာတစ္ခု အျဖစ္က်န္ရွိေန‌ေသးၿပီး ဒီကိစၥကိုေတာ့ ေျပာေတာင္မေျပာျခင္ေတာ့ပါဖူး။ကဲဆိုေတာ့ ခင္ဗ်ားတို႔ရဲ႕ အျမင္ေတကိုလည္း လြတ္လပ္စြာ မွ်ေဝေပးသြားႏိုင္ပါတယ္ဗ်။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X