Sport

အသင်းရဲ့ အကောင်းဆုံးကစားသမားတေရှိတဲ့နေရာမှာအားအနည်းဆုံးဖြစ်နေရတဲ့ မန်ချက်စတာယူနိုက်တက်

UNICODE

သူပြုလုပ်မိခဲ့တဲ့ အမှားတေအတွက် အသင်းဖေါ်တေအပေါ်အနူးညွတ်တောင်းပန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

UNICODE

အသင်းရဲ့ အကောင်းဆုံးကစားသမားတေရှိတဲ့နေရာမှာအားအနည်းဆုံးဖြစ်နေရတဲ့ မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ အန်ဖီလ်းကွင်းအတွင်း ဂိုးမရှိသ‌ရေ ရလဒ်ကို ရရှိခဲ့ပါတယ်။အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုးတေ အဖြစ် ရက်ဖို့ နဲ့ မာရှယ် တို့ က ပွဲထွက် ကစားခဲ့ကြ ပြီး အထူသဖြင့် တိုက်စစ်မှုးအန်တိုနီမာရှယ်ဟာ ပုံမှန်ထက် လျော့နည်းတဲ့ ခြေစွမ်းအောက် ရောက်ရှိနေ ပါတယ်။မာရှယ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၅ ဂိုးသာ ရရှိထား‌တာကြောင့် ပရိတ်သတ်တေရဲ့ ဝေဖန်မှု ကို အပြင်းအထန် ခံနေရသူလည်း ဖြစ်ပြီးအထူးသဖြင့် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ပွဲဦးထွက် လီဗာပူးအသင်းကို သွင်းဂိုးသွင်းယူပြီးတဲ့ နောက် အန်တိုနီမာရှယ်ဟာပုံမှန်ပွဲကစားခွင့်ရရှိနေသော်လည်း အရည်အသွေးဟာသိသိသာသာ တိုးတက်လာခဲ့ခြင်းမရှိခြင်းကြောင့် ယခု ၆ နှစ်နီးပါးကြာမြင့်လာချိန်မှာတော့ ပရိတ်သတ်တေရဲ့ ဝေဖန်မှုကို ခံနေရတာလည်းဖြစ်ပါတယ်။အထူးသဖြင့် လက်ရှိယူနိုက်တက်အသင်း၌ နံပါတ် ၉ နေရာတွင် တိုက်စစ်မှုးအဖြစ် ကာဗာနီက အကောင်းဆုံးကစားနိုင်သူအဖြစ်တည်ရှိနေတာဖြစ်ပြီး ဂရင်းဝုဒ်၊ကာဗာနီတို့ တည်ရှိနေတဲ့ တိုက်စစ်မှာ မာရှယ်က ပိုမိုနေရာရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှာ ကာဗာနီပါ၀င်လာသည့် ပွဲများတွင် ပိုမို သိသိသာသာကောင်းမွန်တာ ကို တွေ့ရပေမယ့် နည်းပြဖြစ်သူ ဆိုလ်းရှားက ကာဗာနီဟာ ရေရှည်အတွက် အဖြေမဟုတ်ဖူးဟု ဆိုကာ မာရှယ်ကို သာ သုံးစွဲနေခြင်းဖြစ်သည်။မာရှယ်ပါ၀င်လာချိန်၌ လည်း ဘယ်ခြမ်း၌ ပိုမိုကောင်းမွန်သည့် ရက်ဖို့မှာ ညာခြမ်းထွက်ကစားရခြင်း ကွင်းလယ်လူ ပေါလ်ပေါ့ဘာရံဖန်ရံခါတောင်ပံထွက် ကစားရခြင်းတို့ကြောင့် ပေါလ်ပေါ့ဘာကလည်း သူ့ရဲ့ အကောင်းဆုံခြေစွမ်းကို မပြသနိုင်ပါ။ဒါကြောင့် ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို သိမ်းပိုက်ခြင်တယ် ဆိုရင်တော့ တိုက်စစ်မှာ အပြောင်းအလည်းအနည်းငယ်ပြုလုပ်ရန် လိုအပ်နေပြီး လာမယ့်ဖူဟမ်နဲ့ ပွဲစဉ်မှာ ဆိုလ်းရှားအနေနဲ့ ဘယ်လို အသုံးပြုမယ် ဆိုတာ ကို စောင့် ကြည့်ရမှာဖြစ်ပါတယ်။ယူနိုက်တက်ရဲ့ တိုက်စစ် ပြဿနာမှာ ညာတောင် ပံ လိုအပ်ချက်ကလည်း အဓိက ပြဿနာတစ်ခုဖြစ်နေပြီး အသစ်ရောက်လာတဲ့ ဒီရယ်လို၊ပယ်လီစထရီတို့ က ဒီ ညာတောင်ပံကို ဖြည့်စွမ်းပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့် ရပါမယ်။

အထူးသဖြင့် တိုက်စစ်မှာ ပိုမိုကောင်းမွန်လာဖို့အရေး ယူနိုက်တက်တို့ ကာဗာနီကို တိုက်စစ်မှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသင့်ပြီး မာရှယ်၊ရက်ဖို့ တို့ကို ခန အနားပေးထားဖို့ လိုအပ်နေပါတယ်။ဂရင်း၀ုဒ်ကိုလည်း ကစားခွင့်အနည်းငယ် ပေးသင့်နေတာလည်းဖြစ်ပါတယ်။ရက်ဖို့နဲ့ မာရှယ် ပြဿနာဟာ ယူနိုက်တက်မှာ နှစ်အတော်ကြာ ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ခု လိုဖြစ်နေပြီး ဆိုလ်းရှားရဲ့ ဘယ်သို့ ဘယ်ပုံစံ ဖြေရှင်းမယ် ဆိုတဲ့ အဖြေဟာလည်း ယူနိုက်တက် တိုက်စစ်ရဲ့ အနာဂါတ်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့ နှစ်က နှစ်ယောက်လုံးဟာ ကောင်းမွန်တဲ့ ခြေစွမ်းတေပြသနိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ရုန်းကန်နေရပြီ နည်းပြတစ်ယောက်ဖြစ်သူ ဆိုလ်းရှားအနေနဲ့ ပွဲထွက်ခွင့်တေကို ပိတ်ပင်သင့်နေပြီဘဲဖြစ်ပါတယ်။လက်ရှိအချိန်မှာ ယူနိုက်တက်တစ်သင်းလုံး၌ တိုက်စစ်နေရာမှာ အင်အားအတောင့်တင်းဆုံးဖြစ်ပေမယ့် ကွင်းအတွင်းမှာတော့ အားအနည်းဆုံးနေရာတစ်ခုဖြစ်နေတာကလည်း ဘယ်သူ့ကြောင့်လည်း ဆိုတာကတော့——–

Metro မှဆောင်းပါကိုကိုးကာပြုစုဖေါ်ပြလိုက်ပါသည်။

#MUFF

#ZAWGYI



ယူနိုက်တက်အသင်းထပ်မံတင်လိုက်တဲ့ စံချိန်သစ်များအကြောင်းအပါအ၀င်မနက်ခင်းသတင်းတိုများ


#MUFF

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X