Sport
ယူနိုက်တက်အသင်းထပ်မံတင်လိုက်တဲ့ စံချိန်သစ်များအကြောင်းအပါအ၀င်မနက်ခင်းသတင်းတိုများ
UNICODE
ယူနိုက်တက်အသင်းထပ်မံတင်လိုက်တဲ့ စံချိန်သစ်များအကြောင်းအပါအ၀င်မနက်ခင်းသတင်းတိုများ
မန်ချက်စတာယူနိုက်တက် အသင်းဟာ မနှစ်က ဇန်နဝါရီ ၁၉ တွင် လီဗာပူးအသင်း၏အိမ်ကွင်း အန်ဖီးကွင်း၌ ရှုံးပြီးနောက်ပရီးမီးယားလိဂ် ၌အဝေးကွင်းပွဲစဥ်များကို မရှုံးနိမ့်အောင် ကစားထားနိုင်သည်မှာ ယနေ့ဆို တစ်နှစ်(၃၆၅)ရက်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။              မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင်ဥရောပထိပ်တန်းလိဂ် (၅) ခုအနက် (၁၂) ပွဲဆက် ရှုံးပွဲမရှိသော တစ်သင်းတည်းသော အသင်းအဖြစ်ကျန်ရှိ‌နေတာလည်းသည်။             ယူနိုက်တက်ကစားသမားဟောင်း ဖီးနဗီးလ်သည် အဂ်လန်အမျိုးသမီးလက်ရွေးဆင်အသင်း၏ နည်းပြအဖြစ်မှ နှုတ်ထွက်ပြီးနောက် ယူနိုက်တက်အသင်းဖော်ဟောင်းဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သော မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီ အသင်း၏တရားဝင်နည်းပြအဖြစ်ခန့်အပ်ခံလိုက်ရပြီလည်းဖြစ်ပါသည်။
လီဗာပူး နဲ့ကစားခဲ့တဲ့ ပွဲမှာ ပေးဂိုးမပေးခဲ့ရတဲ့ ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ မန်ယူနိုက်တက် ကစားသမားဘဝမှာ Clean Sheets ပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့ပြီဘဲဖြစ်ပါတယ်။                      ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ် ခံစစ်ကစားသမား ဖြစ်သူ ယူ-၂၃ အသင်း၏ အသင်းခေါင်းဆောင် မန်ဂီကို လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းသို့ အငှားချရန် စီစဉ်နေကြောင်း သိရပါတယ်။ဒါ့အပြင် အငှားချထားရာမှ ပွဲကစားချိန်အလုံအလောက် မရရှိသောကြောင့် အသင်းသို့ ပြန်လည်ခေါ်ဆောင်ထားသော လူငယ်ကွင်းလယ်လူ လီဗစ်ကို လည်း ချန်ပီယံရှစ် ကလပ် အသင်းတစ်သင်းထံ အငှားပြန်လည်ချရန် စီစဉ်နေကြောင်း သိရပါသည်။
သူပြုလုပ်မိခဲ့တဲ့ အမှားတေအတွက် အသင်းဖေါ်တေအပေါ်အနူးညွတ်တောင်းပန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ
ယူနိုက်တက်အသင်းရဲ့ နောက်ခံအစွန်ကစားသမားဖြစ်သူ ဒီရေဂိုဒါးလော့ ဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ကယ်ဂလီရာလီအသင်းနဲ့ ပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပွဲချိန်ပြည့်ပါ၀င်ကစားပေးခဲ့ကြောင်း သိရပါသည်။၊
ယူနိုက်တက် ယူ-၂၃ အသင်းသည် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ သည် လက်စတာ ယူ-၂၃ အသင်းနှင့် ပွဲစဉ်၌
4-2 ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါသည်။၊ယူနိုက်တက်၏ သွင်းဂိုး နှစ်ဂိုးလုံးကို အန်တိုနီအီလန်ဂါက သွင်းယူပေးသွားခဲ့ခြင်းဖြစ်ပါတယ်။
ယင်းပွဲစဥ်ပြီးနောက် ယူနိုက်တက် U-23 အသင်းသည် PL-2 အမှတ်ပေးဇယား၌ (12)ပွဲကစားပြီး (4)ပွဲနိုင်၊ (3)ပွဲသရေ (5)ပွဲရှုံးရလဒ်ဖြင့် အဆင့်(10)နေရာ၌ ရမှတ် (15)မှတ်ဖြင့် ရပ်တည်နေကြောင်းသိရသည်။မနေ့ ကစားခဲ့သည့် လီဗာပူးလ် – ယူနိုက်တက်ပွဲစဥ် ကို ကြည့်ရှု့သူဦးရေမှာ (4.5)သန်းအထိရှိခဲ့ကြောင်း ထုတ်ပြန်​ကြေညာခဲ့သည်။ (2012)ခုနှစ် April က ကစား ခဲ့သည့် မန်စီးတီး- ယူနိုက်တက်ပွဲစဥ် ကြည်ရှု့သူလူဦးရေ(4.049)သန်း နောက်ပိုင်း ကြည့်ရှု့သူအများဆုံးဖြစ် ခဲ့ကြောင်းသိရသည်။ယူနိုက်တက်သတင်းများကို ယူနိုက်တက်ပရိတ်သတ်တေ ပိုမိုဖတ်ရှုခွင့် ရနိုင်စေရန် ယူနိုက်တက် ဂရုများအတွင်းသို့ Share ပေး ခြင်းဖြင့် ကူညီပေးကြ။ ရန် မေတ္တာ ရပ်ခံပါတယ်ခင်ဗျာ။
#MUFF
ZAWGYI
ဗန်ဒီဘီတစ်ယောက်ယူနိုက်တက်မှာ ပွဲကစားခွင့် မရကတဲ့ အကြောင်းအရင်းကို ပြောပြ သွားခဲ့တဲ့ ဗန်ဒါဆား
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X