Sport

သူပြုလုပ်မိခဲ့တဲ့ အမှားတေအတွက် အသင်းဖေါ်တေအပေါ်အနူးညွတ်တောင်းပန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

UNICODE

သူပြုလုပ်မိခဲ့တဲ့ အမှားအတွက် အသင်းဖေါ်တေအပေါ်အနူးညွတ်တောင်းပန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

လီဗာပူးအသင်းကို ၀-၀ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက် ကွင်းလယ် လူဖြစ်သူ ပေါလ်ပေါ့ဘာဟာ အ၀တ်လဲလှယ်ခန်းအတွင်းမှာ ကစားဖေါ်တေကို ၎င်းရဲ့ အပိုင်အခွင့် အရေး ကို အသုံးမချနိုင်ခဲ့မှုအတွက် အနူးညွတ်တောင်း ပန်သွားခဲ့တယ် လို့ Metro သတင်းဌာနက ဖေါ်ပြသွားခဲ့ပါတယ်။ယူနိုက်တက်အတွက် အနိုင်သုံးမှတ်ကို ရရှိစေနိုင်လောက်တဲ့ တိကျတဲ့ အပိုင်ကန်သွင်းမှု အခွင့် အရေးကို ကွင်းလယ်လူပေါလ်ပေါ့ဘာ က အပိုင် အသုံးမချနိုင်ခဲ့ အတွက် ၎င်းကိုယ်တိုင်က မိမိကိုယ်ကို အပြစ်တင်နေကြောင်း သိရပါတယ်။အဆိုပါပြင်သစ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာ အကောင်းဆုံးသော ခြေစွမ်းတေကို ပြသသွားနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကလည်း သုံးမှတ်မရယူနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ရပ်တည်မှု မှာပြောင်းလဲခြင်း မရှိခဲ့‌ဘဲ အဆင့်တစ်နေရာမှာဘဲ ရပ်တည်နေတာဖြစ်ပါတယ်။

ဗန်ဒီဘီတစ်ယောက်ယူနိုက်တက်မှာ ပွဲကစားခွင့် မရကတဲ့ အကြောင်းအရင်းကို ပြောပြ သွားခဲ့တဲ့ ဗန်ဒါဆား

လီဗာပူးအသင်းဟာ ကစားကွက်၌ ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးဖန်တီးမှု ပိုင်းမှာတော့ ယူနိုက်တက်အသင်းက အသာရခဲ့ပြီး ဒုတိယပိုင်းအတွင်း ဘရူနိုဖာနန်ဒက်ရဲ့ အပိုင် ကန်သွင်းချက်ကိုလည်း ဂိုးသမား အယ်လီဆန် မနည်းကာကွယ်ခဲ့ရပါတယ်။
သို့ပေမယ် အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံးသော အခွင့် အရေးကို ကွင်းလယ်လူပေါလ်ပေါ့ဘာက ရရှိခဲ့တာဖြစ်ပြီး ဘစ်စာကာရဲ့ အကွက်မြင်မြင် ထိုးပေးမှု ကို အသာအယာထိန်းသိမ်းကာ ကန်သွင်းခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။ပေါ့ဘာရဲ့ ကန်သွင်းချက်က ကောင်းမွန်ခဲ့ပေမယ့် ၎င်းရဲ့ ကန်ချက်ဟာ ဂိုးသမားတည့်တည့်ကို ရောက်ရှိခဲ့တာကြောင့် လီဗာပူးဂိုးသမားဖြစ်သူရဲ့ ရင်ဘတ်ဖြင့် ကာကွယ်ခြင်းကို ခံခဲ့ရပါတယ်။နည်းပြဖြစ်သူ အိုလီဂန်နားဆိုလ်းရှား ပေါ့ဘာကို ၎င်းကိစ္စကိုမေ့ပစ်လိုက်ဖို့နဲ့ လာမယ့် ၃ ရက်အတွင်း ဖူဟမ်နဲ့ ပွဲအတွက် ကို အာရုံစိုက်ထားရန် မှာကြားသွားခဲ့ကြောင်းလည်းသိရပါတယ်။ယူနိုက်တက်နည်းပြဖြစ်သူ ဆိုလ်းရှားက လည်း အဆိုပါပွဲစဉ်မှာ အနိုင်သုံးမှတ်မရရှိတာကို အမှန်တကယ် စိတ်ပျက်မိကြောင်းပြောဆိုသွားခဲ့ပြီး ယူနိုက်တက်တစ်သင်းလုံးကလည်း လုံး၀ စိတ်ပျတ်ခဲ့ကြကြောင်း သိရပါတယ်။သို့ပေမယ့် ဆိုလ်းရှားက တစ်သင်းလုံးကို မင်းတို့ရဲ့ တစ်ဦးချင်းစီတာ၀န်တေကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သုံးမှတ်မရလို့ စိတ်ညစ်မိပေမယ့် ရမှတ်တစ်မှတ်ဆိုတာလည်း ပြိုင်ပွဲစဉ်တစ်လျောက်အတွက် အရေးပါကြောင်း တစ်ဦးချင်းစီတာ၀န်ကျေပွန်မှု ကို အသိမှတ်ပြုကြောင်း နောက်လာမယ့် ပွဲစဉ်ကို အာရုံစိုက်ထားရန် ပြောသွားခဲ့ကြောင်း သိရပါတယ်။

ကာဗာနီကို လူမပေးဘဲ ရက်ဖို့တစ်ကိုယ်ကောင်းဆန်ခဲ့ရတဲ့ အကြောင်းအရင်းထွက်ပေါ်လာ

 

#MUFF

ZAWGYI

သူျပဳလုပ္မိခဲ့တဲ့ အမွားအတြက္ အသင္းေဖၚေတအေပၚ
အႏူးၫြတ္ေတာင္းပန္ခဲ့တဲ့ ေပါလ္ေပါ့ဘာ

လီဗာပူးအသင္းကို ၀-၀ နဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ယူႏိုက္တက္ ကြင္းလယ္ လူျဖစ္သူ ေပါလ္ေပါ့ဘာဟာ အ၀တ္လဲလွယ္ခန္းအတြင္းမွာ ကစားေဖၚေတကို ၎ရဲ႕ အပိုင္အခြင့္ အေရး ကို အသုံးမခ်ႏိုင္ခဲ့မႈအတြက္ အႏူးၫြတ္ေတာင္း ပန္သြားခဲ့တယ္ လို႔ Metro သတင္းဌာနက ေဖၚျပသြားခဲ့ပါတယ္။ယူႏိုက္တက္အတြက္ အႏိုင္သုံးမွတ္ကို ရရွိေစႏိုင္ေလာက္တဲ့ တိက်တဲ့ အပိုင္ကန္သြင္းမႈ အခြင့္ အေရးကို ကြင္းလယ္လူေပါလ္ေပါ့ဘာ က အပိုင္ အသုံးမခ်ႏိုင္ခဲ့ အတြက္ ၎ကိုယ္တိုင္က မိမိကိုယ္ကို အျပစ္တင္ေနေၾကာင္း သိရပါတယ္။

 

အဆိုပါျပင္သစ္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ လီဗာပူးနဲ႔ ပြဲစဥ္မွာ အေကာင္းဆုံးေသာ ေျခစြမ္းေတကို ျပသသြားႏိုင္ခဲ့ၿပီး ယူႏိုက္တက္အသင္းကလည္း သုံးမွတ္မရယူႏိုင္ခဲ့ေပမယ့္ အမွတ္ေပးဇယား အဆင့္ ရပ္တည္မႈ မွာေျပာင္းလဲျခင္း မရွိခဲ့‌ဘဲ အဆင့္တစ္ေနရာမွာဘဲ ရပ္တည္ေနတာျဖစ္ပါတယ္။လီဗာပူးအသင္းဟာ ကစားကြက္၌ ေဘာလုံးပိုင္ဆိုင္မႈ အသာျဖင့္ ကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးဖန္တီးမႈ ပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းက အသာရခဲ့ၿပီး ဒုတိယပိုင္းအတြင္း ဘ႐ူႏိုဖာနန္ဒက္ရဲ႕ အပိုင္ ကန္သြင္းခ်က္ကိုလည္း ဂိုးသမား အယ္လီဆန္ မနည္းကာကြယ္ခဲ့ရပါတယ္။
သို႔ေပမယ္ အဆိုပါပြဲစဥ္ရဲ႕ အေကာင္းဆုံးေသာ အခြင့္ အေရးကို ကြင္းလယ္လူေပါလ္ေပါ့ဘာက ရရွိခဲ့တာျဖစ္ၿပီး ဘစ္စာကာရဲ႕ အကြက္ျမင္ျမင္ ထိုးေပးမႈ ကို အသာအယာထိန္းသိမ္းကာ ကန္သြင္းခြင့္ ရခဲ့တာလည္းျဖစ္ပါတယ္။ေပါ့ဘာရဲ႕ ကန္သြင္းခ်က္က ေကာင္းမြန္ခဲ့ေပမယ့္ ၎ရဲ႕ ကန္ခ်က္ဟာ ဂိုးသမားတည့္တည့္ကို ေရာက္ရွိခဲ့တာေၾကာင့္ လီဗာပူးဂိုးသမားျဖစ္သူရဲ႕ ရင္ဘတ္ျဖင့္ ကာကြယ္ျခင္းကို ခံခဲ့ရပါတယ္။
အဆိုပါကန္သြင္းခ်က္ကို ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တဲ့အတြက္ေပါလ္ေပါ့ဘာဟာ ကြင္းအတြင္းမွာ ယူက်ိဳးမရ ျဖစ္ခဲ့ရၿပီး ေနာက္ထပ္ ဂိုးရႏိုင္တဲ့ အခြင့္ အေရးေတကို မဖန္တီးေပးႏိုင္ခဲ့ေသာေၾကာင့္ ပြဲအၿပီးမွာ လည္း အ၀တ္လဲခန္းအတြင္း အသင္းေဖၚ မ်ားကို ၎ရဲ႕ အမွားအတြက္ အႏူးၫႊတ္ေတာင္းပန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

နည္းျပျဖစ္သူ အိုလီဂန္နားဆိုလ္းရွား ေပါ့ဘာကို ၎ကိစၥကိုေမ့ပစ္လိုက္ဖို႔နဲ႔ လာမယ့္ ၃ ရက္အတြင္း ဖူဟမ္နဲ႔ ပြဲအတြက္ ကို အာ႐ုံစိုက္ထားရန္ မွာၾကားသြားခဲ့ေၾကာင္းလည္းသိရပါတယ္။ယူႏိုက္တက္နည္းျပျဖစ္သူ ဆိုလ္းရွားက လည္း အဆိုပါပြဲစဥ္မွာ အႏိုင္သုံးမွတ္မရရွိတာကို အမွန္တကယ္ စိတ္ပ်က္မိေၾကာင္းေျပာဆိုသြားခဲ့ၿပီး ယူႏိုက္တက္တစ္သင္းလုံးကလည္း လုံး၀ စိတ္ပ်တ္ခဲ့ၾကေၾကာင္း သိရပါတယ္။သို႔ေပမယ့္ ဆိုလ္းရွားက တစ္သင္းလုံးကို မင္းတို႔ရဲ႕ တစ္ဦးခ်င္းစီတာ၀န္ေတကို ေက်ပြန္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သုံးမွတ္မရလို႔ စိတ္ညစ္မိေပမယ့္ ရမွတ္တစ္မွတ္ဆိုတာလည္း ၿပိဳင္ပြဲစဥ္တစ္ေလ်ာက္အတြက္ အေရးပါေၾကာင္း တစ္ဦးခ်င္းစီတာ၀န္ေက်ပြန္မႈ ကို အသိမွတ္ျပဳေၾကာင္း ေနာက္လာမယ့္ ပြဲစဥ္ကို အာ႐ုံစိုက္ထားရန္ ေျပာသြားခဲ့ေၾကာင္း သိရပါတယ္။
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X