Sport

နိုင်ငံ့လက်ရွေးစင်လူငယ်ကွင်းလယ်ကစားသမားလေးကို အသင်းကိုပြန်လည်ခေါ်ယူလိုက်တဲ့ ယူနိုက်တက်

 

UNICODE

နိုင်ငံ့လက်ရွေးစင် လူငယ် ကွင်းလယ်လူ ကို အငှားကနေပြန်လည်ခေါ်ယူလိုက်ရတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသက် ၂၀ အရွယ်သာ ရှိသေးသော ဝေလ်းလက်ရွေးစင်ကစားသမား လူငယ်ကွင်းလယ်ကစားသမားဖြစ်သူ ဒီလန်လီဗစ် ကို ချာလ်တန် အသင်းက နေ ယူနိုက်တက်အသင်းဆီ သို့ ပြန်လည်ခေါ်ယူ လိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။လိဂ်၀မ်းကလပ်ချာလ်တန် အသင်းမှာ အငှားသွားကစားနေသူ လီဗစ်ဟာ ဒီတစ်ရာသီလုံးတွင် ပွဲကစားခွင့် ၃ ပွဲသာ ရရှိခဲ့သောကြောင့် ယူနိုက်တက်အသင်းက ကစားသမား ပွဲကစားခွင့် အလုံအလောက်မရရှိဟုဆိုကာ အသင်းသို့ ပြန်လည်ခေါ်ယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။လီဗစ်ဟာ ယူနိုက်တက်ရဲ့ တောက်ပလာမယ့် ကွက်းလယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အသက် ၁၈ နှစ် အရွယ် ယူ-၂၀ အသင်းမှာ ကစားစဉ်ကတည်းက ဝေလ်း လက်ရွေးဆင် အသင်းကြီး ရဲ့ ရွေးချယ် ခြင်းကို ခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။
၎င်းဟာ ယခု အချိန်မှာ ယူနိုက်တက် ယူ-၂၃ အသင်းအတွက် ပါ၀င်ကစားပေးနေပြီးတော့ ယူနိုက်တက်အသင်းက ထပ်မံ အငှားချရန်စဉ်းစားနေကြောင်း သိရပါသည်။သူ့ကို ကျူပီအာ၊ပိုစ်မောက် စတဲ့ အသင်းတေ အပါအ၀င် ချန်ပီယံရှစ်နဲ့ လိဂ်၀မ်းကလပ် တော်တော်များများ က စိတ်၀င်စားနေကြောင်း လည်း သိရပါတယ်။ဒါ့အပြင် အငှားချထားသော လူငယ် ဂိုးသမား ဖြစ်သူ ကိုဗာဟာလည်း ဆွင်ဒန်အသင်းကနေ ဒီလထဲမှာ ဘဲ ပြန်လည်ခေါ် ယူလိုက်ရကြောင်း သိရပါသည်။

ကာဗာနီကို လူမပေးဘဲ ရက်ဖို့တစ်ကိုယ်ကောင်းဆန်ခဲ့ရတဲ့ အကြောင်းအရင်းထွက်ပေါ်လာ

ချာလ်တန် အသင်းရဲ့ နည်းပြဖြစ်သူ လီဘိုးရာ ကတော့” လီဗစ်က ပရော်ဖက်ရှင်နယ် ဆန်တဲ့ လူငယ်တစ်ယောက်ပါ။နစ်ကီဘတ်နဲ့ ယူနိုက်တက်ကို သူ့ကို အငှားခေါ်ယူခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်မိပါတယ်။သူဒီမှာ အရမ်းဘဲ ကြိုးစားပေးခဲ့ပါတယ်။ကျနော်တို့ အားလုံးသူ့အတွက် အကောင်းဆုံးတေဘဲ ရရှိစေဖို့ ဆုတောင်းပေးလိုက်ပါတယ်၊” ဟု ပြောဆိုသွားခဲ့ပါတယ်။ပြီးတော့ လီဘိုးရာက” သူဘာအမှားမှ မလုပ်ခဲ့ပါဖူး။ကျနော်တို့ အသင်းအတွက် ကစားခွင့် ရတဲ့ အချိန်တေမှာ သူအကောင်းဆုံး ကြိုးစားပေးခဲ့ပါတယ်။သူဒီမှာ ဆက်ရှိနေဖို့ လည်း ကျနော်တို့ မျှော်လင့်ခဲ့ပါတယ်။ဒါပေမယ့် ကျနော်တို့ အသင်းမှာ ကွင်းလယ် အင်အားက အရမ်းတောင့်တင်းနေခဲ့လို့ပါ” ဟု ပြောဆို သွားခဲ့ပါတယ်။ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ လီဗစ်ကို ချန်ပီယံရှစ် ကလပ် အသင်းတစ်သင်းထံ အငှားပြန်လည် ချရန်စီစဉ်နေပြီး လက်ရှိအချိန်မှာတော့ ယူ-၂၃ အသင်းအတွက် ကစားပေးနေကြောင်း သတင်း ရရှိပါတယ်။
#MUFF

ZAWGYI


 


ပရိတ်သတ်တေကို အချစ်ပိုစေခဲ့တဲ့ ဟွမ်မာတာနဲ့ ဝိန်းရွန်းနီ ရဲ့ကြားက စိတ်၀င်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X