Sport
ကာဗာနီကို လူမပေးဘဲ ရက်ဖို့တစ်ကိုယ်ကောင်းဆန်ခဲ့ရတဲ့ အကြောင်းအရင်းထွက်ပေါ်လာ
UNICODE
ကာဗာနီကို လူမပေးဘဲ ရက်ဖို့တစ်ကိုယ်ကောင်းဆန်ခဲ့ရတဲ့ အကြောင်းအရင်းထွက်ပေါ်လာ
ယူနိုက်တက်အသင်းဟာ မနေ့ည က လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီလ်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။အဆိုပါရလဒ်ကြောင့် ယူနိုက်တက်အသင်းက အဆင့်နှစ် နေရာမှ မန်ချက်စတာစီးတီးအသင်းထက် နှစ်မှတ်အသာ တစ်ပွဲပိုအနေအထားနဲ့ အဆင့်တစ်နေရာမှာ
ဆက်လက်ရပ်တည်နေပြီး အိမ်ရှင်လီဗာပူးအသင်းကတော့ ယူနိုက်တက်နဲ့ ၃ မှတ်အကွာ အဆင့်လေးနေရာအထိ ဆင်းပေးခဲ့ရတာကို တွေ့ခဲ့ရပါတယ်။အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှုးတေ ဖြစ်တဲ့ မာရှယ်၊ရက်ဖို့ တို့ ခြေစွမ်းမပြသနိုင်ခဲ့သလို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ကလည်း ပုံမှန်ခြေစွမ်းထက် နိမ့်ကျနေခဲ့ပါတယ်။သို့ပေမယ့် ယူနိုက်တက် အသင်းဘက်မှ အနိုင်ရနိုင်စေလောက်တဲ့ အပိုင်အခွင့် အရေး သုံးကြိမ်လောက်ကို ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။အထူးသဖြင့် ပေါ့ဘာ၊ဖာနန်ဒက်တို့ရဲ့ အနီးကပ် ပိတ်သွင်းချက်တေဟာ ယူနိုက်တက်အတွက် သွင်းဂိုး ရရှိစေနိုင်လောက်တဲ့ အထိ ထိရောက်ခဲ့တာလည်းဖြစ်ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့နစ်နာခဲ့ရတာဖြစ်ပါတယ်။သို့ပေမယ့် အဆိုပါပွဲစဉ်မှာ တိုက်စစ်မှုး ဖြစ်သူ ရက်ဖို့ ရဲ့ တစ်‌ကိုယ်ကောင်းဆန်ခဲ့ရတဲ့ အတွက်လည်း ပရိတ်သတ်တေရဲ့ အပြင်း
လီဗာပူး ၀-၀ မန်ယူနိုက်တက်ပွဲအပြီး ပရိတ်သတ်တေသတိမထားမိသောထူးခြားသည့် အချက်အလက်တစ်ချို့
အထန် ညိုငြင်ချင်းကို ခံနေခဲ့ရပါတယ်။အဆိုပါ ရက်ဖို့ ရဲ့ လူငယ် ဆန်ဆန် တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ အကြောင်း အရင်းက အခုချိန်မှာတော့ ထွက်ပေါ်လာခဲ့ပါတယ်။ယူနိုက်တက်လူငယ်တိုက်စစ်မှုး ဖြစ်သူ ရက်ဖို့ ဟာ ယနေ့ည ပွဲမှာသွင်းဂိုး သွင်းယူပြီးနောက် ဂျာစီချွတ်ကာ မကြာ‌သေးခင်ကမှ ကစားသမားဘ၀ မှ အနားယူခဲ့ပြီ ဖြစ်သော ယူနိုက်တက် ဂန္တ၀င်ကစားသမား ဝိန်းရွန်းနီ ကို ဂုဏ်ပြုရန် အတွက် ရည်ရွယ်ထားခဲ့တယ် လို့ သိခဲ့ရပါတယ်။ရက်ဖို့က ၎င်းရဲ့ ယူနိုက်တက်ဂျာစီအောက်မှာ အပြာရောင် ဂျာစီ တစ်ထည်ကို ၀တ်ဆင်ထားပြီး ထို ဂျာစီမှာ ၎င်းလက်ဆောင်ရထာသည့် ရွန်နီ၏ လက်မှတ်နဲ့ နမည်ပါ ကျောနံပါတ် ၁၀ နှင့် အဂ်လန် ဂျာစီ ဖြစ် ‌ပြီး လီဗာပူးကို ဂိုးသွင်းကာ ရွန်းနီကို ဂုဏ်ပြုရန်ရည်ရွယ်ထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ကာဗာနီ ကို ဘောလုံးပေးထိုးလိုက်လျင် လည်းအဆိုပါ အခြေအနေမှာ လူကျွံအနေအထားမှာ ရှိနေခဲ့ကြောင်းလည်း သိခဲ့ရပါတယ်။တကယ်လို့ ဒီအခြေအနေသာ အမှန်ဆိုရင် ရက်ဖို့ အနေနဲ့ ဒီထက်ပိုပြီး ရင့်ကျက် ရန်လိုအပ်နေသေးတယ်လို့ မြင်မိပါတယ်။ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ရမယ့် ကစားသမားတစ်ယောက်ဟာ ယခုထက်ပိုပြီးတော့ ဒီအသက်အရွယ်မှာ ရင့်ကျက်သင့်ပြီလို့ မြင်မိပါတယ်
#MUFF
ZAWGYI
ရင်ခုန်စရာကောင်းခဲ့ရတဲ့ လီဗာပူး ၀-၀ မန်ယူနိုက်တက် ပွဲအပြီး သုံးသပ်ချက်
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X