Sport

လက်ရှိချိန်မှာရက်ဖို့နဲ့ မာနေး နှစ်ယောက်ဘယ်သူပိုကောင်းနေတယ်ဆိုတာကို ပြသနေတဲ့ အချက်အလက်တစ်ချို့

UNICODE

ရက်ဖို့နဲ့ မာနေး နှစ်ယောက် ဘယ်သူပိုကောင်းနေတယ်ဆိုတာကို ပြသနေတဲ့ အချက်အလက်တစ်ချို့

ယခု အပတ် တနင်္ဂနွေနေ့မှာ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်အသင်းကို ( ၆ ) မှတ်

ဖြတ်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။လီဗာပူးအသင်းကို ဒုက္ခပေးလေ့ရှိတဲ့

ကစားသမားက မားကတ် ရက်ဖို့ဒ်ပါ ။ ပြီးခဲ့တဲ့ရာသီ အိုးထရတ်ဖို့ဒ်မှာ သရေကျခဲ့တဲ့

ပွဲစဉ်မှာလည်း မားကတ် ရက်ဖို့ဒ်က ထရန့် အလက်ဇန္ဒား အာနိုးကို အကောင်းဆုံး
အသာစီးရယူနိုင်ခဲ့ပြီး ယူနိုက်တက်အတွက် သွင်းဂိုး ရယူပေးခဲ့ပါတယ်။ ယခု ပွဲစဉ်မှာလဲ

ရက်ဖို့ဒ်အနေနဲ့ ခြေစွမ်းပြ ကစားဖို့ လိုအပ်ပါတယ်။ ရက်ဖို့ဒ်ဟာ ဒီရာသီမှာ ဘရူနို

ဖာနန်ဒက်ပြီးနောက် ယူနိုက်တက်ရဲ့ သွင်းဂိုး နှင့် ဖန်တီးပေးမှု အများဆုံး ကစားသမား

ဖြစ်ပါတယ်။ လက်ရှိရာသီမှာ အသက် ( ၂၃ ) နှစ်အရွယ် ယူနိုက်တက် ကြယ်ပွင့်ဟာက

( ၂၀၁၉ ) Ballon d’Or စတုတ္ထဆု ပိုင်ရှင်ထက် ခြေစွမ်းပိုကောင်းနေတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် အချက်အလက်တွေအရ ရက်ဖို့ဒ်က မာနေးထက် ဂိုးပါဝင် ပတ်သက်မှု

 

ပိုများနေတာ တွေ့ရပါတယ်။ဒီရာသီမှာ ရက်ဖို့ဒ်က ပရီးမီးယားလိဂ် သွင်းဂိုး ( ၇ ) ဂိုး ရယူထားပြီး

မာနေးက ( ၆ ) ဂိုးပဲ ရရှိထားပါတယ်။ချန်ပီယံလိဂ်မှာ ရက်ဖို့ဒ်က ( ၆ ) ဂိုး သွင်းယူထားပြီး

မာနေးက ( ၁ ) ဂိုးပဲ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ရက်ဖို့ဒ်က ပရီးမီးယားလိဂ်

ဂိုးဖန်တီးပေးမှု ( ၅ ) ကြိမ်ရှိပြီး မာနေးက ( ၂ ) ကြိမ်ပဲ ပြုလုပ်ထားနိုင်ပါတယ်။ တစ်ပွဲ ပျမ်းမျှ
အခွင့်အရေး ဖန်တီးပေးမှုမှာတော့ မာနေးက ( ၁ .၄ ) ကြိမ် ရှိပြီး ရက်ဖို့ဒ်က ( ၁ .၂ ) ကြိမ်ရှိတာ

တွေ့ရပါတယ်။ ဒါပေမယ့် ရက်ဖို့ဒ်က dribbles အောင်မြင်မှု ပိုများတာတွေ့ရပြီး တစ်ပွဲလျှင်

ပျမ်းမျှ ( ၂.၅ ) ကြိမ် ရှိပြီး မာနေးက ( ၂.၃ ) ကြိမ်ပဲ အောင်မြင်မှု ရှိပါတယ်။ရက်ဖို့ဒ်ကို
များသောအားဖြင့် ဘယ်ခြမ်းမှာပဲ အသုံးပြုလေ့ရှိခဲ့တာ တွေ့ရပါတယ်။ဒါပေမယ့်

ကြားရက်ပွဲစဉ်မှာတော့ ညာခြမ်းမှာ ကစားခဲ့ပြီး မာရှယ်ကို ဘယ်ခြမ်းမှာ ကစားစေပါတယ်။

လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်ကစားသမား ( ၄ ) ဦး နှင့် တိုက်စစ်ကစားသမား

( ၂ ) ဦး အသုံးပြုလာနိုင်ပါတယ်။

 

ZAWGYI

ရက္ဖို႔နဲ႔ မာေနး ႏွစ္ေယာက္ ဘယ္သူပိုေကာင္းေနတယ္ဆိုတာကို ျပသေနတဲ့ အခ်က္အလက္တစ္ခ်ိဳ႕

ယခု အပတ္ တနဂၤေႏြေန႔မွာ ယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္အသင္းကို ( ၆ ) မွတ္

ျဖတ္ႏိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္။လီဗာပူးအသင္းကို ဒုကၡေပးေလ့ရွိတဲ့

ကစားသမားက မားကတ္ ရက္ဖို႔ဒ္ပါ ။ ၿပီးခဲ့တဲ့ရာသီ အိုးထရတ္ဖို႔ဒ္မွာ သေရက်ခဲ့တဲ့

ပြဲစဥ္မွာလည္း မားကတ္ ရက္ဖို႔ဒ္က ထရန႔္ အလက္ဇႏၵား အာႏိုးကို အေကာင္းဆုံး
အသာစီးရယူႏိုင္ခဲ့ၿပီး ယူႏိုက္တက္အတြက္ သြင္းဂိုး ရယူေပးခဲ့ပါတယ္။ ယခု ပြဲစဥ္မွာလဲ

ရက္ဖို႔ဒ္အေနနဲ႔ ေျခစြမ္းျပ ကစားဖို႔ လိုအပ္ပါတယ္။ ရက္ဖို႔ဒ္ဟာ ဒီရာသီမွာ ဘ႐ူႏို

ဖာနန္ဒက္ၿပီးေနာက္ ယူႏိုက္တက္ရဲ႕ သြင္းဂိုး ႏွင့္ ဖန္တီးေပးမႈ အမ်ားဆုံး ကစားသမား

ျဖစ္ပါတယ္။ လက္ရွိရာသီမွာ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ယူႏိုက္တက္ ၾကယ္ပြင့္ဟာက

( ၂၀၁၉ ) Ballon d’Or စတုတၳဆု ပိုင္ရွင္ထက္ ေျခစြမ္းပိုေကာင္းေနတာ ေတြ႕ရပါတယ္။

 

ပရီးမီးယားလိဂ္ အခ်က္အလက္ေတြအရ ရက္ဖို႔ဒ္က မာေနးထက္ ဂိုးပါဝင္ ပတ္သက္မႈ

 

ပိုမ်ားေနတာ ေတြ႕ရပါတယ္။ဒီရာသီမွာ ရက္ဖို႔ဒ္က ပရီးမီးယားလိဂ္ သြင္းဂိုး ( ၇ ) ဂိုး ရယူထားၿပီး

မာေနးက ( ၆ ) ဂိုးပဲ ရရွိထားပါတယ္။ခ်န္ပီယံလိဂ္မွာ ရက္ဖို႔ဒ္က ( ၆ ) ဂိုး သြင္းယူထားၿပီး

မာေနးက ( ၁ ) ဂိုးပဲ သြင္းယူထားႏိုင္တာ ေတြ႕ရပါတယ္။ရက္ဖို႔ဒ္က ပရီးမီးယားလိဂ္

ဂိုးဖန္တီးေပးမႈ ( ၅ ) ႀကိမ္ရွိၿပီး မာေနးက ( ၂ ) ႀကိမ္ပဲ ျပဳလုပ္ထားႏိုင္ပါတယ္။ တစ္ပြဲ ပ်မ္းမွ်
အခြင့္အေရး ဖန္တီးေပးမႈမွာေတာ့ မာေနးက ( ၁ .၄ ) ႀကိမ္ ရွိၿပီး ရက္ဖို႔ဒ္က ( ၁ .၂ ) ႀကိမ္ရွိတာ

ေတြ႕ရပါတယ္။ ဒါေပမယ့္ ရက္ဖို႔ဒ္က dribbles ေအာင္ျမင္မႈ ပိုမ်ားတာေတြ႕ရၿပီး တစ္ပြဲလွ်င္

ပ်မ္းမွ် ( ၂.၅ ) ႀကိမ္ ရွိၿပီး မာေနးက ( ၂.၃ ) ႀကိမ္ပဲ ေအာင္ျမင္မႈ ရွိပါတယ္။ရက္ဖို႔ဒ္ကို
မ်ားေသာအားျဖင့္ ဘယ္ျခမ္းမွာပဲ အသုံးျပဳေလ့ရွိခဲ့တာ ေတြ႕ရပါတယ္။ဒါေပမယ့္

ၾကားရက္ပြဲစဥ္မွာေတာ့ ညာျခမ္းမွာ ကစားခဲ့ၿပီး မာရွယ္ကို ဘယ္ျခမ္းမွာ ကစားေစပါတယ္။

လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာေတာ့ ကြင္းလယ္ကစားသမား ( ၄ ) ဦး ႏွင့္ တိုက္စစ္ကစားသမား

( ၂ ) ဦး အသုံးျပဳလာႏိုင္ပါတယ္။

CREDIT M DIARY

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X