Sport
ပရိတ်သတ်တေကို အချစ်ပိုစေခဲ့တဲ့ ဟွမ်မာတာနဲ့ ဝိန်းရွန်းနီ ရဲ့ကြားက စိတ်၀င်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်
UNICODE
ပရိတ်သတ်တေကို အချစ်ပိုစေခဲ့တဲ့ ဟွမ်မာတာနဲ့ ဝိန်းရွန်းနီ ရဲ့ကြားက စိတ်၀င်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်
ခင်ဗျားတို့တော့ မသိဖူး။ကျနော်တော့ငယ်ငယ်က အမြဲစဉ်စားဖူးတယ်ဗျ။ဘောလုံးသမားတေ ပြစ်ဒဏ်ဘောရခါနီးမှာ လက်ကလေး ကို ကွယ်ပြီး တိုးတိုး တိုးတိုးနဲ့ ဘာတေ ပြောကြသလဲဆိုတာကိုပေါ့။အများအားဖြင့်တော့ ဂိုးသမားရဲ့ ဘယ်နေရာကို ကန်ရင် ဂိုး၀င်နိုင်တယ်။ဘယ်သူ ကန်မယ် စသဖြင့် ဆွေးနွေးကြတာ ပေါ့။ဒါပေမယ့် တစ်ချိန်က ရွန်းနီနဲ့ ဟွမ်မာတာရဲ့ ဖရီးကစ် ကန်ခါနီးပြောတဲ့ စကားလေးတေကို ဟွမ်မာတာက ပြန်လည် ပြောပြသွားချိန်မှာတော့ ပရိတ်သတ်တေရဲ့ ရင်မှာ ရွန်းနီကို လွမ်းတဲ့ စိတ်တေ၊ဒီလို ဆုဖလားအတွက် ထိပ်ဆုံးနေရာမှာ ပြန်လည်‌ရောက်‌ရှိနေရတဲ့ အချိန်မှာ ရွန်းနီကို အသင်းမှာ ရှိစေခြင်ကြတဲ့ စိတ်တေ ဖြစ်ပေါ် စေမယ့် ဆိုတာ ကျနော် အပြည့်အ၀ အာမခံရဲပါတယ်အထူးသဖြင့် ရွန်းနီ ဆိုတာ ယူနိုက်တက် ရဲ့ Icon တစ်ခု ဖြစ်ခဲ့သူ ဘဲမဟုတ်လား။ရွန်းနီ ဆိုတာ နဲ့ ယူနိုက်တက်ကို ပြေးမြင်ရသည် အထိ ရွန်းနီနဲ့ ယူနိုက်တက်က တွဲလျက်တည်ရှိခဲ့တာပါ။အခုချိန်မှာ ရွန်းနီက ကစားသမားဘ၀ကနေတရား၀င်အနားယူပြီးတော့ ဒါဘီကောင်တီအသင်းရဲ့ တရား၀င်နည်းပြတစ်ယောက်ဖြစ်နေပါပြီ။ဝိန်းကို ဒါဘီကောင်တီအသင်းမှာ ယူနိုက်တက်ပရိတ်သတ်တိုင်း ကအောင်မြင်စေခြင်ကြမှာပါ။ပြီးတော့ နောင်တစ်ချိန်မှာ ယူနိုက်တက်ရဲ့ နည်းပြ တစ်ယောက် ဖြစ်စေခြင်မယ် ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ ဆန္ဒတစ်ခုပါ။ကပ္ပတိန်ကြီးအဖြစ်တစ်လှည့် မြင်ခဲ့ပြီးသလို နောင်တစ်ချိန်မှာ မန်ချက်စတာရဲ့ ပဲ့ကိုင်သူ အဖြစ် မြင်တွေ့ခြင်ကြသူတွေဟာ ဒုနဲ့ ဒေးပါ။ဆိုတော့ကာ ဝိန်းရွန်းနီ တစ်ယောက် ဒါဘီကောင်တီ အသင်းနည်းပြ အဖြစ် ခန့်အပ်ခံ လိုက်ရပြီးတဲ့ အချိန်မှာ ဟွမ်မာတာ ရဲ့ ဆိုလ်ရှယ်မီဒီယာပေါ်မှာ တင်သွားခဲ့တဲ့ စကားလုံးလေးတေဟာ ယူနိုက်တက်ရဲ့ ပရိတ်သတ်တေကို ဝိန်းကို လွမ်းတဲ့ စိတ်တေ တစ်ဖွားဖွား ဖြစ်ပေါ်လာစေမှာ အသေအချာပေါ့ဗျာ။ဟွမ်မာတာ ရဲ့ ဆိုရှယ်မီဒီယာ ပေါ်က ဝိန်း နဲ့ပတ်သတ်တဲ့အမှတ်တရ ကတော့
မာတာ ” ဝိန်း ရေ မင်းက Legends တစ်ယောက်ပါ။ ငါ မင်းနဲ့ အခုလို တွဲကစားခွင့် ရတဲ့အတွက် အမြဲတမ်းကျေးဇူးတင်နေမိပါတယ်။ ”
ရွန်းနီ ” Ok ဟွမ် ” မာတာ ” မဟုတ်ဘူး၊ ငါ တကယ်အတည်ပြောနေတာ အရာရာအားလုံးအတွက်ငါမင်းကို ကျေးဇူးတင်ပါတယ် Wazza ၊ အခုဆိုရင် ငါက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ Legend ကစားသမား တစ်ယောက်နဲ့ အတူတူ တွဲကစားဖူးတယ် ဆိုတာကို အားလုံးကို ဂုဏ်ယူစရာ အဖြစ်နဲ့ ပြန်ပြောပြနိုင်ပြီပေါ့ ”
ရွန်းနီ ” အိုကေ ကောင်းပြီ ဟွမ် ရေ ၊ ဒါမဲ့ အခုတော့ ဒီ အလွတ်တည်ကန်ဘောကို ငါကန်လိုက်တော့မယ်နော် ”
မာတာ ” အမ်…. အိုကေ ” ဟဟ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ စိတ်ဓါတ်များလဲ ဝိန်းရယ်၊တကယ်ကို ကိုယ့်ကိုကို နှိမ့်ချလိုစိတ်တေ၊ တည်ကြည်ပြတ်သားတဲ့ မင်းရဲ့ တုန့်ပြန်ပုံတေက တစ်ကယ်ကို မင်းရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ ငါ့ကို အရမ်းကို လွမ်းဆွ‌တ်စေမိခဲ့တာပါ။ဒီစာကို ငါမြင်လိုက်ရတဲ့ အချိန်မှာ ငါတကယ်ကို သတိရတဲ့ စိတ်တေနဲ့ ငါ့လို မင်းအပေါ် သတိရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖတ်ခွင့် ရရှိအောင် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။ဝိန်းရေ ဒါဘီမှာ အကြီးအကျယ်အောင်မြင်ပါစေကွာ။နောက်လာမယ့် နှစ်တေမှာ ပရီးမီးယားလိဂ်အထိ တက်လှမ်းနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။မင်းနည်းပြ စဖြစ်တဲ့အချိန်ကစပြီး မင်းရဲ့ ပွဲတေကို အွန်လိုင်းကနေ ငါ အတတ်နိုင်ဆုံးရှာဖွေပြီး အားပေးဖြစ်ပါတယ်ကွာ။
ဒါဘီကောင်တီအသင်းနည်းပြအဖြစ် တရား၀င်ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ ဝိန်းရွန်းနီ
ငါ့လိုဘဲ မင်းကို အားပေးနေတဲ့ ယူနိုက်တက်ပရိတ်‌သတ်တေ ထောင်သောင်းမက ရှိနေမယ် ဆိုတာ ငါရဲရဲကြီး အာမခံရဲပါတယ် ဝိန်းရေ။အောင်မြင်မှုတေ တစ်သီကြီး ရယူပြီး မင်းချစ်တဲ့ မန်ချက်စတာရဲ့ ပဲ့ကိုင်သူ တစ်ဦးနောင်တစ်ချိန်မှာ ဖြစ်လာ‌ပါစေလို့ ငါအမြဲ ဆုတောင်းမိပါတယ်ကွာ။အောင်မြင်ပါစေ ဝိန်းရေ။
#MUFF
ZAWGYI
လီဗာပူးနဲ့ မန်စီးတီးတို့ဆိုတာက ဂိုးသွင်းလို့ အရမ်းကောင်းတဲ့ အသင်းတွေပါလို့ ဆိုခဲ့တဲ့ ရက်ဖို့(MBE)
အာင်မြင်ပါစေ ဝိန်းရေ။
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X