Sport
လီဗာပူးနဲ့ မန်စီးတီးတို့ဆိုတာက ဂိုးသွင်းလို့ အရမ်းကောင်းတဲ့ အသင်းတွေပါလို့ ဆိုခဲ့တဲ့ ရက်ဖို့(MBE)
UNICODE
လီဗာပူးနဲ့ မန်စီးတီးတို့ဆိုတာ က ဂိုးဂိုးသွင်းလို့ကောင်းတဲ့ အသင်းတွေပါလို့ ဆိုခဲ့တဲ့ ရက်ဖို့
ရက်ဖို့ဟာ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့လူငယ်တိုက်စစ်မှုးတစ်ဦးဖြစ်ပြီး အသင်းအတွက် ပွဲထွက်ခွင့် ရချိန်မှ စပြီးတော့ ပုံမှန်ခြေစွမ်းကောင်းများကို တောက်လျောက်ပြသလာနိုင်ပြီးယခုဆိုလျှင် ကလပ်အသင်းတွက်သာ မက နိုင်ငံ အသင်းအတွက်ပါ အတော်လေးကို အားကိုးရတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ၎င်းရဲ့ ကွင်းပြင်ပြ ပရဟိတလုပ်ငန်းများကြောင်း အဂ်လန်နိုင်ငံရဲ့ MBE ဘွဲ့ကို ရရှိထားသူ တစ်ဦးလည်းဖြစ်ပြီး အသင်းပရိတ်သတ်များသာမက တစ်ခြား ပြိုင်ဘက်အသင်း ပရိတ်သတ်များက ပါ လေးစားချင်းကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ၎င်းကစားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၈ နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားချန်ပီယံဆုအတွက် အကောင်းဆုံး အနေအထားမှာ ရောက်ရှိနေပြီး မကြာခင်မှာ အရေးပ့တဲ့ ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ အန်ဖီးကွင်းအတွင်း သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်နဲ့ပါတ်သတ်ပြီး ရက်ဖို့က လီဗာပူး၊မန်စီးတီးတို့ ကို ဂိုးသွင်းရတဲ့ ခံစားချက်ကို သိပ်ကြိုက်မိကြောင်း‌ကို အောက်ပါအတိုင်း၀န်ခံသွားခဲ့ပါတယ်။ရက်ဖို့က “လီဗာပူး၊မန်စီးတီးတို့ကိုကို ဂိုးသွင်းရတာထက်ပိုပြီးကောင်းတဲ့ပွဲဆိုတာမရှိတော့ပါဘူး။မန်ချက်စတာမြို့ကကလေးတစ်ယောက်အနေနဲ့ ဒီလိုပွဲမျိုးက အတိအကျစောင့်မျှော်နေတဲ့ပွဲဖြစ်ပါတယ်။သူတို့ကို ကျွန်တော်တို့အနိုင်ရဖို့မျှော်လင့်ပါတယ်။
ယူနိုက်တက်ခံစစ်ရဲ့ အဓိကကျောက်ဆောင်တံတိုင်းကြီးတစ်ခု(သို့) အဲရစ်ဘိုင်လီ
တကယ်လို့ဒီရာသီသာ အဆင့်(၂) အဆင့်(၃)တို့နဲ့သာပြီးဆုံးသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းတဲ့ရာသီတစ်ခုမဟုတ်တာအသေအချာပါပဲ။ရာသီစကတည်းက ဒီလိုမျိုးပြီးဆုံးဖို့အတွက် ကျွန်တော်တို့ကြိုးစားနေတာမဟုတ်ပါဘူး။ထိပ်ဆုံးမှာရပ်တည်ဖို့တွက်ကြိုးစားနေတာပါ။ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ဂိုးသွင်းနိုင်တယ် ဒါပေမယ့် ဒီ့ထက်ပိုပြီးကောင်းအောင်ကျွန်တော်တို့လုပ်ရပါဦးမယ်။ပုံစံမျိုးစုံနဲ့လည်းကျွန်တော်တို့ကစားနိူင်ပါတယ်။ကျွန်တော်တို့သန်မာတောင့်တင်းတဲ့ပုံစံဖြစ်နေရပါမယ် ဒါကအဓိကသော့ချက်ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖလားတွေရယူဖို့အတွက်ဆိုရင် စွယ်စုံရဖို့လိုအပ်နေလို့ပါပဲ။အထူးသဖြင့် ကျွန်တော်တို့ရဲ့လူစာရင်းက တိုက်စစ်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ရဲ့စွယ်စုံရတွေထဲက တစ်သင်းအဖြစ်ပါ၀င်တယ်လို့လည်း ကျွန်တော်ယုံကြည်နေပါတယ် ‘ဟု ပြောသွားခဲ့ပါတယ်။ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ဇယားကို အဆင့်နှစ်နေရာက လီဗာပူးအသင်းကို ၃ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပြီးအကယ်၍လာမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိပါက အမှတ်ပေးဇယားကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ကျနော်တို့ ပေချ့်လေးက တန်ဖိုးရှိတဲ့ ဆောင်းပါးလေးတေတင်ပေးနေတဲ့အပြင်၊ဝါသနာကိုအရင်းခံပြီးတည်ဆောက်ထားတဲ့ ပေခ်ျ့လေးဖြစ်တာရယ်။ပေါက်ကရလေးဆယ်အခြေမြစ်မရှိတဲ့ သတင်းတေ တင်ပေးနေတဲ့ ပေချ့်လေး မဟုတ်တာရယ်ကြောင့် လူကြီးမင်းတို့ စိတ်ချ စွာသတင်းတေ ဖတ်ရှုခြင်တယ် ဆိုရင်တော့ ဒီ—Man U Fan Forever— ဆိုတာလေးကို နှိပ်၀င်ပြီး like and Follow ၀င်လုပ်ထားနိုင်ပါတယ်နော်။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
#MUFF
ZAWGYI
ဒီတိုင်းဆိုယူနိုက်တက်တို့ ဖလားမရနိုင်သေးပါဖူး လို့ပြောဆို သွားခဲ့တဲ့ အင်ဒီကိုလ်း
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X