Sport
ယူနိုက်တက်ခံစစ်ရဲ့ အဓိကကျောက်ဆောင်တံတိုင်းကြီးတစ်ခု(သို့) အဲရစ်ဘိုင်လီ
UNICODE
ယူနိုက်တက်ကနေထွက်ခွာပြီးတဲ့နောက်ဘာဆက်လုပ်ဖြစ်မယ်ဆိုတာစိတ်မကောင်းစွာပြောပြခဲ့တဲ့ အီဂါလို
ယူနိုက်တက်ခံစစ်ရဲ့ အဓိကကျောက်ဆောင်တံတိုင်းကြီးတစ်ခု(သို့) အဲရစ်ဘိုင်လီ
ယူနိုက်တက်အသင်း သည် မနေ့ည.က ဘန်လေ အသင်းကို အဝေးကွင်းမှာ အနိုင်ကာ လက်ရှိမှာတော့ အဓိက ပြိုင်ဘက် လီဗာပူးအသင်းကို၃မှတ်ဖြတ်ပြီးဇယားထိပ်မှာရပ်တတည် နေခဲ့တာ တွေ့ရဘာတယ် ။တန်းဆင်းဇုံ အန္တရယ် ရှိနေခဲ့တဲ့ ဘန်လေကြောင့် ယူနိုက်တက်တို့ အဆိုဘာ ပွဲစဉ်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီးလိုအပ်တဲ့အနိုင်၃မှတ်ကိုတော့သူရဲနီတို့သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဆိုးလ်ရှားရဲ့အသင်း သည် အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလိုနောက်တန်းကလည်း တဖြည်းဖြည်းနဲ့ ကျစ်လစ်လာခဲ့တာ တွေ့ရဘာတယ် ။ဘိုင်လီပြန်ပါလာပြီးနောက်ပိုင်းယူနိုက်တက်ရဲ့ခံစစ်ပိုင်းဟာသိသိသာသာတိုးတက်လာခဲ့သလိုသူပါဝင်တဲ့ပွဲတွေမှာအသင်းရဲ့ခံစစ်ကစွမ်းဆောင်ရည်ကောင်းမွန်ခဲ့တာကိုလည်းတွေ့လာရပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလည်းဘေလီဟာမက်ဂွိုင်းယားရဲ့အကောင်းဆုံးအတွဲအဖက်ခံစစ်မှူးဖြစ်ကြောင်းအကြိမ်ကြိမ်သက်သေပြထားခဲ့ပါတယ်။ဘန်လေနဲ့ပွဲမှာဘေလီဟာပေးပို့မူ ၈၂ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီဘောလုံပြန်လည်ဆယ်ယူနိုင်မှု၈ကြိမ်၊ရှင်းထုတ်မှု ၄ကြိမ်၊ တားဆီးမှု ၄ကြိမ်၊ကြားဖြတ်ဖြတ်ထုတ်မှု ၂ကြိမ်နဲ့ပေးဂိုးမရှိစွမ်းဆောင်နိုင်ခဲ့ပါတယ်။အချက်အလက်တွေအရဘေလီဟာလက်ရှိပရီးမီးယားလိဂ်ကအသင်းတွေရဲ့မည်သည့်ခံစစ်မှူးနဲ့မဆိုကောင်းကောင်းယှဉ်နိုင်ကြောင်းတွေ့ရပါတယ်။ယူနိုက်တက်ပရိတ်သတ်တွေကလည်းဘေလီရဲ့စွမ်းဆောင်ရည်ကိုနှစ်သက်ချီးမွမ်းနေကြပြီးလူမှုကွန်ရက်မှာပြောဆိုနေလျက်ရှိပါတယ်။
ယူနိုက်တက်ပရိတ်သတ်တွေဟာလူမှုကွန်ရက်စာမျက်နှာထက်မှာ “ငါတော့ဘေလီနဲ့မက်ဂွိုင်းယားအတွဲကိုအရမ်းကြိုက်တယ်။သူတို့ကတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အကျိုးပြုနိုင်တယ်။” “ဘေလီရဲ့ကြံ့ခိုင်မှုပြည့်ဝခြင်းကငါတို့ရဲ့ဘောလုံးရာသီကိုအဆုံးအဖြတ်ပေးလိမ့်မယ်။” အစရှိသဖြင့်ပြောဆိုချီးကျူးလျက်ရှိပါတယ်။ပရိတ်သတ်တွေချီးကျုးခဲ့သလိုဘဲ၂၆နှစ်သားအိုင်ဗရီကို့စ်သားဟာလည်းစွမ်းဆောင်ရည်ကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ချန်ပီယံဆုကိုစိန်ခေါ်မဲ့အသင်းတစ်သင်းအတွက်အရေးကြီးဆုံးကခံစစ်လို့ဆိုနိုင်ပြီးဒီရာသီမှာယူနိုက်တက်တိုက်စစ်ကပုံစံကောင်းတွေပြသထားခဲ့ပေမဲ့ခံစစ်ကတော့ပရိတ်သတ်တွေသိရှိထားသလိုဘဲစိတ်ချရခြင်းမရှိခဲ့တာအမှန်ပါ။ဒါကြောင့်ချန်ပီယံဆုကိုပြန်လည်စိန်ခေါ်နိုင်ဖို့မက်ဂွိုင်းယားနဲ့ဘေလီအတွဲရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုယူနိုက်တက်အနေနဲ့အမှန်တကယ်လိုအပ်နေတာကြောင့်ဒီခံစစ်အတွဲကိုလာမဲ့လီဗာပူးနဲ့ပွဲကြပ်၂ပွဲမှာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ကျနော်တို့ ပေချ့်လေးက တန်ဖိုးရှိတဲ့ ဆောင်းပါးလေးတေတင်ပေးနေတဲ့အပြင်၊ဝါသနာကိုအရင်းခံပြီးတည်ဆောက်ထားတဲ့ ပေခ်ျ့လေးဖြစ်တာရယ်။ပေါက်ကရလေးဆယ်အခြေမြစ်မရှိတဲ့ သတင်းတေ တင်ပေးနေတဲ့ ပေချ့်လေး မဟုတ်တာရယ်ကြောင့် လူကြီးမင်းတို့ စိတ်ချ စွာသတင်းတေ ဖတ်ရှုခြင်တယ် ဆိုရင်တော့ ဒီ—Man U Fan Forever— ဆိုတာလေးကို နှိပ်၀င်ပြီး like and Follow ၀င်လုပ်ထားနိုင်ပါတယ်နော်။
ZAWGYI
ဒီတိုင်းဆိုယူနိုက်တက်တို့ ဖလားမရနိုင်သေးပါဖူး လို့ပြောဆို သွားခဲ့တဲ့ အင်ဒီကိုလ်း
Credit Everbest
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X