Sport
အိုလီကတော့ ခင်ဗျားတို့ကို ဟားတိုက်ပြီးရယ်နေလောက်ပြီလို့ပြောသွားခဲ့တဲ့ ဘာဘာတောပ့်
UNICODE
အိုလီကတော့ ခင်ဗျားတို့ကို ဟားတိုက်ပြီးရယ်နေလောက်ပြီလို့ပြောသွားခဲ့တဲ့ ဘာဘာတောပ့်
ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြ ဖြစ်သူ အိုလီဂန်းနားဆိုလ်းရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖြစ်နဲ့ ယခင် နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံခဲ့သူတစ်ဦးဖြစ်ပြီးအသင်း ရဲ့ ဆိုးရွားနေတဲ့ အခြေအနေတစ်ခုကို အကောင်းဆုံးပြင်ဆင်ပြောင်းလဲပေးနိုင်ခဲ့ပြီးယခုအချိန်မှာတော့ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ အဆင့်နှစ်နေရာက လီဗာပူးအသင်းကို သုံးမှတ်ဖြတ်ကာ ရပ်တည်နိုင်အောင်စွမ်းဆောင် နိုင်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။အိုလီဂန်းနားဆိုလ်းရှားဟာ ယူနိုက်တက်နည်းပြအဖြစ် တရား၀င်ခန့်အပ်ခံ ရတဲ့ အချိန်မှ စတင်ကာ အသင်း၌ အတက်အကျ ခြေစွမ်းပိုင်းမတည်ငြိမ်မှု နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းမှု အစရှိတဲ့ အချင်းအရာတေကြောင့် အသင်းမှာ ထုတ်ပါယ်ခံရမှာဖြစ်ကြောင်း မကြာခဏ ထင်ကြေးပေးခံရသူလည်း ဖြစ်ပါတယ်။အထူးသဖြင့် PSG နည်းပြ ပိုချက်တီနို၊ဂျူဗီနည်းပြဟောင်း အယ်လီဂရီ တို့မှာ အတော်လေးကို နမည်ထွက်ခဲ့သူတေဖြစ်ကြပါတယ်။သို့ပေမယ့် လို့ ယူနိုက်တက်မှာ ဆိုလ်းရှားဟာ နည်းပြ အဖြစ် ဆက်လက်တည်မြဲခဲ့ပြီး နောက်ဆုံးမှတော့ အသင်းကို ပရိတ်သတ်တိုင်းလက်ခံ အချိန်ပေးခြင်လောက်‌တဲ့ စိတ်မျိုးဖြစ်ပေါ်ပေါက် လက်ခံလာနိုင်အောင် ပြုပြင်ပေးနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ထိုကိစ္စနဲ့ပါတ်သတ်ပြီး အသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦးဖြစိသူ ဘာဘာတောပ့်က အောက်ပါအတိုင်း ချီးမွမ်းသွားခဲ့ပါတယ်။
ဘာဘာတောပ့်က “မနက်မိုးစလင်းပြီးဆိုတာနဲ့ အိုလီတစ်ယောက် ရာထူးကနေ ထုတ်ပါယ်ခံရတော့မယ် ဆိုတဲ့သတင်းတေကို အပါတ်စဉ်အပါတ်တိုင်းဖတ်နေရတဲ့ သူ့ရဲ့ ခံစားချက်က ကောင်းနေမှာတော့မဟုတ်ပါဖူး။ဒါပေမယ် အခုအချိန်မှာတော့ သူ့ရုံးခန်းလေးထဲမှာ အခန့်သားထိုင်ပြီးတော့ အမှတ်ပေးဇယားလေးကို ကြည့်ပြီးတော့ တဟားဟား တဟီးဟီးနဲ့ ရယ်နေလောက်ရောပေါ့ဗျာ။ကျနော်အဓိက ပြောခြင်တာကတော့ ဘောလုံးလောက အကြောင်းပေါ့၊ကျနော်တို့ ဘောလုံးလောကက အတက်အကျ အနိမ့်အမြင့်အချိန်တေ ကြမ်းတမ်းခက်ခဲတဲ့ အချိန်တေဆိုတာအမြဲရှိကြပါတယ်။
ကလော့ကိုကြောင်သူတော်ကြွက်သူခိုးလို့ မှတ်ချက်ပြန်ပေးသွားတဲ့ဒိုင်လူကြီဟောင်း
အိုလီရဲ့ အရည်အချင်းကို မေးခွန်းထုတ်မှုတေက ဘယ်တော့မှ အငွေ့ပျံသွားမှာတော့ မဟုတ်ဖူးဆိုတာ ကျနော် ရဲရဲကြီး အာမခံရဲ‌ပါတယ်။ဒါပေမယ့် အခုလတ်တလော အချိန်မှာ တော့ အိုလီနဲ့ သူ့ရဲ့ အသင်း ယူနိုက်တက်တို့ရဲ့ အခြေအနေက အထူးချီးမွမ်းခံရဖို့ ထိုက်တန်ပါတယ်။”ဟု ဆိုသွားခဲ့ပါတယ်။ကျနော်တို့ ပေချ့်လေးက တန်ဖိုးရှိတဲ့ ဆောင်းပါးလေးတေတင်းပေးနေတဲ့အပြင်၊ဝါသနာကိုအရင်းခံပြီးတည်ဆောက်ထားတဲ့ ပေခ်ျ့လေးဖြစ်တာရယ်။ပေါက်ကရလေးဆယ်အခြေမြစ်မရှိတဲ့ သတင်းတေ တင်ပေးနေတဲ့ ပေချ့်လေး မဟုတ်တာရယ်ကြောင့် လူကြီးမင်းတို့ စိတ်ချ စွာသတင်းတေ ဖတ်ရှုခြင်တယ် ဆိုရင်တော့ ဒီ—Man U Fan Forever— ဆိုတာလေးကို နှိပ်၀င်ပြီး like and Follow ၀င်လုပ်ထားနိုင်ပါတယ်နော်။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
#MUFF
ZAWGYI
ဂျူဗီ၊အင်တာတို့ကို ငြင်းပါယ်ပြီး ဘာကြောင့် ယူနိုက်တက်ကို ပြောင်းခဲ့တယ်ဆိုတာပြောပြခဲ့တဲ့ ကာဗာနီ
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X