Uncategorized
ဘန်လေ 0-1 ယူနိုက်တက် ပွဲအပြီး ပရိတ်သတ်များအကြားအထူးလူပြောများခဲ့သောအချက်သုံးချက်
UNICODE
ဘန်လေ 0-1 ယူနိုက်တက် ပွဲအပြီး ပရိတ်သတ်များအကြားအထူးလူပြောများခဲ့သောအချက်သုံးချက်
ယူနိုက်တက်ဟာ ယနေ့ အဝေးကွင်း နိုင်ပွဲကြောင့် ၃နှစ် နဲ့ ၁၁၉ရက် ကြာပြီးနောက်မှာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာကို ဒုတိယနေရာက လီဗာပူးအသင်းကို သုံးမှတ်ဖြတ်ကာ ပြန်လည် ရောက်ရှိလာပါပြီ။ဆိုတော့ကာ ယူနိုက်တက်တို့ဟာ ယနေ့ ပွဲစဉ်မှာ ပေါလ်ပေါ့ဘာရဲ့ လှပတဲ့အဝေးကစ်ကန်ချက်နဲ့ လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကို ရယူခဲ့တာဖြစိပြီး ယနေ့ပွဲစဉ်မှာ ပရိတ်သတ်တေအကြား အထူး ပြောစရာဖြစ်ခဲ့တဲ့ အချက် သုံးချက်ကို လေ့လာ‌ဖေါ်ပြပေးလိုက်ပါတယ်။နံပါတ်တစ် ကွင်းလယ်ဒိုင်၊တကယ့်ကို ငစားကွင်းလယ်ဒိုင်ပါဗျာ။မက်ဂွားယားရဲ့ ခေါင်းတိုက်ဘောကို ဂိုးအဖြစ် မပေး တဲ့ ဆုံးဖြတ်ချက်က တကယ်ကို နိမ့်ကျလှတဲ့ ဆုံးဖြတ်ချက်မျိုးပါ။ဒီလို ခေါင်းတိုက်တဲ့ အချိန်မှာ ထိမိလို့ ဂိုးသာမပေးကြေးဆိုရင်တော့ သူဆိုရင် ဂိုးတောင် သွင်းဖူးခဲ့မှာ မဟုတ်ဖူးလို့ အဂ်လန်လက်ရွေးဆင် ကစားသမားဟောင်း ပီတာခရောက်ခ် ကတော့ပြောသွားခဲ့ပါတယ်။ဒီနေ့ပွဲ ကွင်းလယ်ဒိုင်ရဲ့ ကိုင်တွယ်ပုံက တကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပြီး တော့ အဂ်လန်ဒိုင်တေရဲ့ အဆင့် အတန်းကတော့ တစ်ဆင့် မြှင့်ဖို့ လိုနေပြီလို့ ပြောရမှာပါဘဲ။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
နံပါတ်နှစ်အနေနဲ့ကတော့ အဲရစ်ဘိုင်လီပါ။ယူနိုက်တက်ပရိတ်သတ်တိုင်းရဲ့ အချစ်ကို ဒီအချိန်မှာ သိမ်းကြုံးယူထားသူ က တစ်ခြားလူ မဟုတ်ပါဖူး။ဘိုင်လီဘဲ ဖြစ်ပါတယ်။ခံစစ်ကို ‌အကောင်းဆုံး ကာကွယ်ပေးသွားပုံတေက ပရိတ်သတ်အကြိုက်‌ဖြစ်စေခဲ့သလို မကတတ်ဘဲ ပေါ့ဘာနဲ့ အတူ သွားက အချိန်ကလည်း တကယ်ကို ပရိတ်သတ်တေကို အချစ်ပိုစေခဲ့ပါတယ်။တစ်ချို့ပရိတ်သတ်တေကတော့ လင်ဂါတ်ကို သတိရသွားမိမယ် ထင်မိပါတယ်။ဒါ့အပြင် ဟိုးတစ်နေ့ ကာဗာနီ‌တစ်ယောက်ဂိုးသွင်းပြီးနောက် မြှားပစ်ပုံနဲ့ အောင်ပွဲခံဖို့ မေ့နေတာကို သတိပေးသွားပုံ ကအစ အခု ပေါ့ဘာနဲ့ အတူတွဲက တာကအဆုံး တစ်ကယ်ကို ဘိုင်လီကတော့ ပရိတ်သတ်တေရဲ့ 100% အချစ်တေဖြစ်နေတာလည်းဖြစ်ပါတယ်။တကယ်လို့ ဘိုင်လီသာ ဒီရာသီ ဒါဏ်ရာပြဿနာတေ ကင်းဆင်မယ် ဆိုရင်တော့ ယူနိုက်တက်ရဲ့ အကောင်းဆုံး ခံစစ်မှုးဖြစ်မယ်ဆိုတာ အသေအချာပါဘဲ။
ဖာနန်ဒက်ညံ့ဆုံးဖြစ်ခဲ့တဲ့ဘန်လေ 0-1 ယူနိုက်တက် ပွဲအပြီး နှစ်ဖက်အသင်းကစားသမားများရဲ့ စွမ်းဆောင်ရည်
နံပါတ်သုံးအချက်အနေနဲ့ကတော့ တိုက်စစ်မှုး မာရှယ်ပါ။မာရှယ်တစ်ယောက် ဘာဖြစ်သွားခဲ့တယ် ဆိုတာ ကျနော် အခုချိန်မှာ နားမလည်နိုင်တော့ပါဖူး။အထူးသဖြင့် ယူနိုက်တက်ကို ရောက်ရှိချိန်ကနေစပြီး တော့ ရေတွက်ရင် မာရှယ်တစ်ယောက် ခြေစွမ်းစုတ်ပြတ်သတ်နေတာ ဒီရာသီက အဆိုးဆုံးဖြစ်ပါလိမ့်မယ်။တစ်ချိန်က နံပါတ် အပြောင်းခံရလို့ အသင်းနည်းပြ ကို စိတ်ကောက်ခဲ့ပြီးနောက်အခုအချိန်မှာတော့ သူ့ကိုတိုက်စစ်မှုးနေရာမှာ မကောင်းဖူးလို့ ဝိုင်းပြောတဲ့ ပရိတ်သတ်ကို စိတ်ကောက်နေပုံပါဘဲ။ကာဗာနီ ချပေးလိုက်တဲ့ဘောလုံးကို ကန်သွင်းသွားတဲ့ ပုံစံဟာ ဖြစ်သလို ဖြစ်ခြင်ရာဖြစ်ကွာပြီးရင်ပြီးရော ဆိုတဲ့ ပုံစံမျိုး ကို တွေ့မြင်လိုက်ရပြီး တကယ်ကို စိတ်ပျက်စရာ ခြေစွမ်းနဲ့ ကန်သွင်းချက်မျိုးပါ။ဒီပုံစံအတိုင်း ဆိုရင်တော့ ယူနိုက်တက် တိုက်စစ် အတွက် တကယ် ကို အန္တရာယ် ရှိနေပြီး ဆိုလ်းရှားအနေနဲ့
မာရှယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ လုံး၀ အနားပေးသင့်နေပြီလို့ မြင်မိပါတယ်။ကဲခင်ဗျားတို့ အမြင်လေးတေလည်း ဆွေးနွေးသွားကြပါဦးဗျ။ကျနော်တို့ ပေချ့်လေးက တန်ဖိုးရှိတဲ့ ဆောင်းပါးလေးတေတင်းပေးနေတဲ့အပြင်၊ဝါသနာကိုအရင်းခံပြီးတည်ဆောက်ထားတဲ့ ပေခ်ျ့လေးဖြစ်တာရယ်။ပေါက်ကရလေးဆယ်အခြေမြစ်မရှိတဲ့ သတင်းတေ တင်ပေးနေတဲ့ ပေချ့်လေး မဟုတ်တာရယ်ကြောင့် လူကြီးမင်းတို့ စိတ်ချ စွာသတင်းတေ ဖတ်ရှုခြင်တယ် ဆိုရင်တော့ ဒီ—Man U Fan Forever— ဆိုတာလေးကို နှိပ်၀င်ပြီး like and Follow ၀င်လုပ်ထားနိုင်ပါတယ်နော်။
ယူနိုက်တက်တို့ အဆင့်တစ်နေရာကိုတက်လှမ်းသွား တဲ့ ဘန်လေ ၀-၁ ယူနိုက်တက်ပွဲ ပွဲပြီးသုံးသပ်ချက်
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X