Uncategorized
ယူနိုက်တက်တို့ အဆင့်တစ်နေရာကိုတက်လှမ်းသွား တဲ့ ဘန်လေ ၀-၁ ယူနိုက်တက်ပွဲ ပွဲပြီးသုံးသပ်ချက်
UNICODE
ယူနိုက်တက်တို့ အဆင့်တစ်နေရာကိုတက်လှမ်းသွား တဲ့ ဘန်လေ ၀-၁ ယူနိုက်တက်ပွဲ ပွဲပြီးသုံးသပ်ချက်
ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ လက်ကျန်ပွဲစဉ် အဖြစ်နဲ့ ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်ကို ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ ယနေ့မနက် ၂:၄၅ အချိန်က
ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲစဉ်မှာတော့ အဝေးကွင်းက ယူနိုက်တက်တို့ဟာ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့ ဧရိယာထိပ် လှပတဲ့ ကန်ချက်နဲ့ အတူ တစ်ဂိုးဂိုးမရှိဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားကို ဒုတိယနေရာမှ လီဗာပူးအသင်းထက် ၃ မှတ်အသာနဲ့ အဆင့်တစ်နေရာကို တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ လာမယ့် ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ပွဲစဉ်ဟာလည်း အတော်လေးကို စိတ်၀င်စားစရာ ပွဲစဉ်တစ်ပွဲဖြစ်လာပြီလည်းဖြစ်ပါတယ်။ယူနိုက်တက်တို့ဟာ ဒီပွဲစဉ်မှာ အသင်းရဲ့ ပွဲပါယ်ပြစ်ဒါဏ် ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကာဗာနီကို တိုက်စစ်မှာ ပြန်လည် ဦးဆောင် စေခဲ့ပြီး ဘယ်တောင်ပံမှာ မာရှယ် ညာတောင်ပံမှာ ရက်ဖို့ တို့နဲ့ အတူ တိုက်စစ်ကို ပုံဖေါ်လာခဲ့ပါတယ်။၎င်းတို့ရဲ့ နောက်မှာ‌တော့ ထုံးစံအတိုင်း ဘရူနိုဖာနန်ဒက်ကို ထားကာ ၎င်းရဲ့နောက်မှာတော့ မာတစ်၊ပေါ့ဘာအတွဲ နဲ့ ကွင်းလယ် သုံးယောက် အတွဲကို ပုံဖေါ် သွားခဲ့ပါတယိ။နောက်ခံလူနေရာမှာတော့ ဒါဏ်ရာပြဿနာ ရှိနေတယ်လို့ သတင်းထွက်ခဲ့တဲ့ ဘိုင်လီနဲ့ မက်ဂွားယားတို့ ပွဲထွက်လာခဲ့ပြီး ခံစစ်အစွန်လူတေအဖြစ်တော့ လုခ်ရှောနဲ့ ဘစ်စာကာ တို့က ထုံးစံ အတိုင်းပါ၀င်လာခဲ့ပြီး ၄-၂-၃-၁ ပုံစံအတိုင်းပွဲထွက်လာခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ တစ်သင်းလုံးနီးပါး ပုံစံ ကောင်း ရရှိဖို့ ရုနိးကန်ခဲ့ရပေမယ့် လိုအပ်နေတဲ့ သွင်းဂိုး တစ်ဂိုးကိုတော့ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။အထူးသဖြင့် တိုက်စစ်မှာ မာရှယ်၊ရက်ဖို့ တို့ ခြေစွမ်းကောင်းတေ ပျောက်ဆုံးနေခဲ့ပြီး တစ်ဖက် ဂိုးသမားကလည်း ကောင်းမွန်တဲ့ ဂိုးကန်သွင်းချက်တစ်ချို့ကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှုးကသူ့ကိုသူကာဗာနီထက်ပိုကောင်းတယ်လို့စိတ်ကြီး၀င်နေတာဟု ဆိုသွားတဲ့ဖာဒီနန်
ကျနော်တို့ ယူနိုက်တက်အနေနဲ့ ဒီပုံစံအတိုင်းဆိုရင်တော့ အဆင့်တစ်နေရာကနေ မကြာခင်ပြန်ဆင်းပေးရမယ့် ပုံစံမှာ ရှိနေပါတယ်။အထူးသဖြင့် တိုက်စစ်ကစားသမားတေရဲ့ ပေါ့ပျက်ပျက်နိုင်မှု က အတောိလေးရုပ်ဆိုးလှပြီး တော့ အချိန်ပို မှာ ကာဗာနီရဲ့ ဖန်တီးပေးမှု ကို အဆုံးသတ်တဲ့ မာရှယ်ရဲ့ ကန်ချက်က အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့တာ ဖြစ်ပါတယ်။ရက်ကွက်အဆင့် ဘောလုံးသမား ၀င်ကန်ရင်တောင် ဂိုးနိုင်တဲ့ ဂိုးမျိုးဖြစ်ပြီး ဂိုး၀င်တာမ၀င်တာထက် ဖြစ်သလို ပြီးစလွယ် ကန်လိုက်တယ်ဆို တဲ့ ပုံစံကြီးကအတော်လေးကို ကြည့်ရဆိုးခဲ့ပါတယ်။ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တေကလည်း အတာ်လေး စဉ်းစားရခက်စေခဲ့ပြီး မက်ဂွားယားရဲ့ ခေါင်းတိုက် သွင်းဂိုးကို ပါယ်ဖျက်သွားတဲ့ တစ်ချက်က အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့တာပါ။ဒါကြောင့်မို့လည်း အဂ်လန်ဒိုင်တေ နိုင်ငံတကာပြိုင်ပွဲတေမှာ ဘောင်မ၀င်တာ ဖြစ်ပါလိမ့်မယ်။ထားပါတော့ ဘာဘဲပြောပြော နောက်ဆုံး မှာတော့ ကျနော်တို့ ယူနိုက်တက်တို့ မရောက်တာ နှစ်နဲ့ ချီပြီဖြစ်တဲ့ အဆင့်တစ်နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါပြီ။ဆိုတော့ ကာ ခင်ဗျားတို့ အမြင်မှာရော ယူနိုက်တက်တို့ ဒီအဆင့် မှာဘယ်လောက်ကြာနိုင်မလဲ။
ရာသီကုန်ရန် ချန်ပီယံ ဖြစ်နိုင်လား။ဘာတေ လိုအပ်နေသေးလဲ စတာလေးတေကို ၀င်ရောက်ဆွေးနွေးသွားကြပါဦးဗျ။လူကြီးမင်းတို့ရဲ့ အမြင်တေကို ကွန်းမန့်မှာ ၀င်ရောက်ဆွေးနွေးပေးနိုင်ပါတယ်ဗျာ။ကျနော်တို့ ပေချ့်လေးက တန်ဖိုးရှိတဲ့ ဆောင်းပါးလေးတေတင်းပေးနေတဲ့အပြင်၊ဝါသနာကိုအရင်းခံပြီးတည်ဆောက်ထားတဲ့ ပေခ်ျ့လေးဖြစ်တာရယ်။ပေါက်ကရလေးဆယ်အခြေမြစ်မရှိတဲ့ သတင်းတေ တင်ပေးနေတဲ့ ပေချ့်လေး မဟုတ်တာရယ်ကြောင့် လူကြီးမင်းတို့ စိတ်ချ စွာသတင်းတေ ဖတ်ရှုခြင်တယ် ဆိုရင်တော့ ဒီ—Man U Fan Forever— ဆိုတာလေးကို နှိပ်၀င်ပြီး like and Follow ၀င်လုပ်ထားနိုင်ပါတယ်နော်။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
#muff
ZAWGYI
ရွန်းနီနဲ့တူတဲ့ ဒီတိုက်စစ်မှုးကိုယူနိုက်တက်တို့ ခေါ်ယူဖို့ ပြောပြသွားခဲ့တဲ့ အို၀င်နဲ့ ဘာဘာတောပ့်
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X