Sport

အမှတ်ပေးဇယားကိုဦးဆောင်မယ့်ပွဲစဉ်အတွက်ပရိတ်သတ်တေသိထားသင့်သောအချက် ၃ ချက်

UNICODE

အမှတ်ပေးဇယားကိုဦးဆောင်မယ့်ပွဲစဉ်အတွက်ပရိတ်သတ်တေသိထားသင့်သောအချက် ၃ ချက်

မန်ချက်စတာယူနိုက်တက်အသင်းဟာယခုတစ်ပတ်ပွဲစဉ်အဖြစ် မနက်ဖြန်ည (၂း၄၅)(ဗုဒ္ဓဟူး‌နေ့မနက်)မှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ် လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲစဥ်ကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်ယူနိုက်တက်အသင်းဟာ ယခုလက်ရှိအချိန်မှာ အဆင့်တစ်နေရာမှလီဗာပူးအသင်းနှင့်တစ်ပွဲ‌လျော့ ရမှတ်တူ ဂိုးကွာခြားချက်အကွာဖြင့် အဆင့်နှစ်နေရာမှာရပ်တည်နေတာဖြစ်ပြီးဘန်လေအသင်းကတော့ ယူနိုက်တက်အသင်းနဲ့ ၁၇ မှတ်အကွာ အဆင့်(၁၆)မှာရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့ ယူနိုက်တက်တို့အတွက် ဒီပွဲနိုင်ရုံနဲ့ အဆင့်တစ်နေရာကို ဦးဆောင်နိုင်မှာဖြစ်သလို နောက်လာမယ့် လီဗာပူးအသင်းနှင့် ပွဲစဉ်အတွက်လည်း လီဗာပူးကို အပြည့်အ၀ဖိအားပေးနိုင်ကာ စိတ်ဓါတ်ပိုင်းဆိုင်ရာအတွက်လည်း မြင့်မားလာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဒီပွဲစဉ်ဟာ ယူနိုက်တက်အတွက် ယုံကြည်မှု အပြည့်အ၀ ရရှိနိုင်ဖို့ ရမှတ်သုံးမှတ်ဆိုတာ ထက် တန်ကြေး ရှိနေတာလည်း ဖြစ်ပါတယ်။ဒီလို အမှတ်ဇယားကိုဦး‌ဆောင်နိုင်မယ့် ဒီလိုပွဲစဉ်မျိုးအတွက် ယူနိုက်တက် ပရိတ်သတ်တေအနေနဲ့ သိထားသင့်တဲ့ အချက် သုံးချက်ကို လေ့လာဖေါ်ပြပေးလိုက်ကပါတယ်။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ရဲ့ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာ ယူနိုက်တက်အသင်းက တစ်ကြိမ် ရှုံးနိမ့်ထားပြီး တစ်ကြိမ်သရေကျကာ ၃ ကြိမ်အထိအနိုင်ရရှိထားပါတယ်။ယူနိုက်တက်ဟာ ဘန်လေအသင်းနဲ့ နောက်ဆုံးတွေ့ဆုံတဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ့် ပွဲစဉ်မှာ(၀-၂)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပြီး ယခုတစ်ခါပွဲစဉ်မှာ ထပ်မံအနိုင်ရရှိပါက ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်ကို (၂)ပွဲဆက်အနိုင်ရရှိခဲ့တဲ့မှတ်တမ်းကို ရရှိမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်ထက် ချဲလ်ဆီးအသင်းကို ဘာကြောင့်ရွေးမယ်ဆိုတာပြောသွားတဲ့ ဒီလန်ကရိုက်စ်

ဘန်လေနဲ့ ယူနိုက်တက်ရဲ့ပွဲစဥ်ကို ကွင်းလယ်ဒိုင်အဖြစ်အဂ်လန်လူမျိုး ဒိုင်လူကြီးဖြစ်သူ ကယ်ဗင်ဖရန့်က ကကိုင်တွယ်သွားမှာဖြစ်ပြီး၊ စည်းကြပ်ဒိုင်များအဖြစ် ဆိုင်မွန်နဲ့အာဒရီယန် တို့က တာဝန်ယူမှာဖြစ်ပါတယ်။ယခုလယမယ့်ဗုဒ္ဓဟူးနေ့မနက် ၂:၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမယ့် အဆိုပါ ပွဲစဉ်ကို ဘန်လေအသင်းရဲ့ အိမ်ကွင်း Turf Moor ကွင်းအတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

ယူနိုက်တက်အသင်းဟာ ဒီရာသီအဝေးကွင်းပွဲစဉ်တေမှာ ရလဒ်အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ဘန်လေအသင်းကတော့ အိမ်ကွင်းပွဲစဉ်ရလဒ်အညံ့ဆုံး ၅ သင်းအထဲမှာအပါအ၀င်ဖြစ်ပါတယ်။ယူနိုက်တက်တို့ဟာ နောက်ဆုံး ပြိုင်ပွဲစုံ ငါးပွဲမှာ မန်စီးတီးတစ်သင်းကို သာရှုံးနိမ့်ထားပြီး သုံးပွဲနိုင်ကာ တစ်ပွဲသရေ ရလဒ်ရရှိထားပါတယ်။ဘန်လေအသင်းကလည်းနောက်ဆုံး ပြိုင်ပွဲစုံ ငါးပွဲမှာ ယူနိုက်တက်နည်းတူ တစ်ပွဲရှုံး တစ်ပွဲသရေ သုံးပွဲနိုင်ရလဒ် ရရှိထားတာလည်းဖြစ်ပါတယ်။

ပေါ့ဘာနေရာအစားထိုးမယ့်ကစားသမားအကြောင်းအပါအ၀င်မနက်ခင်းယူနိုက်တက်သတင်းတိုများ

#muff

ZAWGYI

အမွတ္ေပးဇယားကိုဦးေဆာင္မယ့္ပြဲစဥ္အတြက္ပရိတ္သတ္ေတသိထားသင့္ေသာအခ်က္ ၃ ခ်က္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာယခုတစ္ပတ္ပြဲစဥ္အျဖစ္ မနက္ျဖန္ည (၂း၄၅)(ဗုဒၶဟူး‌ေန႔မနက္)မွာ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ လက္က်န္ပြဲစဥ္ျဖစ္တဲ့ ဘန္ေလအသင္းနဲ႔ပြဲစဥ္ကိုယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္ယူႏိုက္တက္အသင္းဟာ ယခုလက္ရွိအခ်ိန္မွာ အဆင့္တစ္ေနရာမွလီဗာပူးအသင္းႏွင့္တစ္ပြဲ‌ေလ်ာ့ ရမွတ္တူ ဂိုးကြာျခားခ်က္အကြာျဖင့္ အဆင့္ႏွစ္ေနရာမွာရပ္တည္ေနတာျဖစ္ၿပီးဘန္ေလအသင္းကေတာ့ ယူႏိုက္တက္အသင္းနဲ႔ ၁၇ မွတ္အကြာ အဆင့္(၁၆)မွာရပ္တည္ေနတာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ ယူႏိုက္တက္တို႔အတြက္ ဒီပြဲႏိုင္႐ုံနဲ႔ အဆင့္တစ္ေနရာကို ဦးေဆာင္ႏိုင္မွာျဖစ္သလို ေနာက္လာမယ့္ လီဗာပူးအသင္းႏွင့္ ပြဲစဥ္အတြက္လည္း လီဗာပူးကို အျပည့္အ၀ဖိအားေပးႏိုင္ကာ စိတ္ဓါတ္ပိုင္းဆိုင္ရာအတြက္လည္း ျမင့္မားလာႏိုင္မွာျဖစ္ပါတယ္။ဒါေၾကာင့္ ဒီပြဲစဥ္ဟာ ယူႏိုက္တက္အတြက္ ယုံၾကည္မႈ အျပည့္အ၀ ရရွိႏိုင္ဖို႔ ရမွတ္သုံးမွတ္ဆိုတာ ထက္ တန္ေၾကး ရွိေနတာလည္း ျဖစ္ပါတယ္။ဒီလို အမွတ္ဇယားကိုဦး‌ေဆာင္ႏိုင္မယ့္ ဒီလိုပြဲစဥ္မ်ိဳးအတြက္ ယူႏိုက္တက္ ပရိတ္သတ္ေတအေနနဲ႔ သိထားသင့္တဲ့ အခ်က္ သုံးခ်က္ကို ေလ့လာေဖၚျပေပးလိုက္ကပါတယ္။

အိုလီကမင်းအပေါ်အယုံကြည်မရှိဖူး အသင်းပြောင်းလိုက်ပါလို့ တိုက်တွန်း သွားတဲ့ ဘာဘာတောပ့်

ယူႏိုက္တက္နဲ႔ ဘန္ေလအသင္းတို႔ရဲ႕ ေနာက္ဆုံး ၅ ႀကိမ္ေတြ႕ဆုံမႈမွာ ယူႏိုက္တက္အသင္းက တစ္ႀကိမ္ ရႈံးနိမ့္ထားၿပီး တစ္ႀကိမ္သေရက်ကာ ၃ ႀကိမ္အထိအႏိုင္ရရွိထားပါတယ္။ယူႏိုက္တက္ဟာ ဘန္ေလအသင္းနဲ႔ ေနာက္ဆုံးေတြ႕ဆုံတဲ့ အိမ္ကြင္းအိုးထရက္ဖိုဒ့္ ပြဲစဥ္မွာ(၀-၂)ဆိုတဲ့ ရလဒ္နဲ႔ ရႈံးနိမ့္ထားၿပီး ယခုတစ္ခါပြဲစဥ္မွာ ထပ္မံအႏိုင္ရရွိပါက ၁၉၆၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ယူႏိုက္တက္ကို (၂)ပြဲဆက္အႏိုင္ရရွိခဲ့တဲ့မွတ္တမ္းကို ရရွိမွာျဖစ္ပါတယ္။ဘန္ေလနဲ႔ ယူႏိုက္တက္ရဲ႕ပြဲစဥ္ကို ကြင္းလယ္ဒိုင္အျဖစ္အဂ္လန္လူမ်ိဳး ဒိုင္လူႀကီးျဖစ္သူ ကယ္ဗင္ဖရန႔္က ကကိုင္တြယ္သြားမွာျဖစ္ၿပီး၊ စည္းၾကပ္ဒိုင္မ်ားအျဖစ္ ဆိုင္မြန္နဲ႔အာဒရီယန္ တို႔က တာဝန္ယူမွာျဖစ္ပါတယ္။ယခုလယမယ့္ဗုဒၶဟူးေန႔မနက္ ၂:၄၅ မိနစ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ အဆိုပါ ပြဲစဥ္ကို ဘန္ေလအသင္းရဲ႕ အိမ္ကြင္း Turf Moor ကြင္းအတြင္း ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။


ယူႏိုက္တက္အသင္းဟာ ဒီရာသီအေဝးကြင္းပြဲစဥ္ေတမွာ ရလဒ္အေကာင္းဆုံးအသင္းတစ္သင္းျဖစ္ၿပီး ဘန္ေလအသင္းကေတာ့ အိမ္ကြင္းပြဲစဥ္ရလဒ္အညံ့ဆုံး ၅ သင္းအထဲမွာအပါအ၀င္ျဖစ္ပါတယ္။ယူႏိုက္တက္တို႔ဟာ ေနာက္ဆုံး ၿပိဳင္ပြဲစုံ ငါးပြဲမွာ မန္စီးတီးတစ္သင္းကို သာရႈံးနိမ့္ထားၿပီး သုံးပြဲႏိုင္ကာ တစ္ပြဲသေရ ရလဒ္ရရွိထားပါတယ္။ဘန္ေလအသင္းကလည္းေနာက္ဆုံး ၿပိဳင္ပြဲစုံ ငါးပြဲမွာ ယူႏိုက္တက္နည္းတူ တစ္ပြဲရႈံး တစ္ပြဲသေရ သုံးပြဲႏိုင္ရလဒ္ ရရွိထားတာလည္းျဖစ္ပါတယ္။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X