Sport
အိုလီကမင်းအပေါ်အယုံကြည်မရှိဖူး အသင်းပြောင်းလိုက်ပါလို့ တိုက်တွန်း သွားတဲ့ ဘာဘာတောပ့်
UNICODE
အိုလီကမင်းအပေါ်အယုံကြည်မရှိဖူး အသင်းပြောင်းလိုက်ပါလို့ တိုက်တွန်း သွားတဲ့ ဘာဘာတောပ့်
ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတေဖြစ်ကြတဲ့ ဘာဘာတောပ့်နဲ့ မိုက်ကယ်အို၀င်တို့ကတော့ အသင်းရဲ့ ကွင်းလယ်လူ ဖြစ်သူ ဂျေဆီလင်ဂါတ်ကို အသင်းပြောင်းဖို့ အချိန်တန်ပြီဟု ယုံကြည်နေကြတာဘဲဖြစ်ပါတယ်။ဘာဘာတောပ့်က ဂျေစီအနေနဲ့ သူ့ကစားသမားဘ၀ ကို ကယ်တင်ဖို့အတွက် အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာသွားသင့်ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
အသက် ၂၈ နှစိအရွယ် အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ညက ၎င်းရဲ့ ဒီရာသီ တတိယမြောက်ပွဲကစားခွင့် အဖြစ် ၀တ်ဖိုဒ့်အသင်းကို အနိုင်ရတဲ့ ပွဲမှာ ပါ၀င်ကစားခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။သို့ပေမယ့် ၎င်းကစားသမားဟာ ပရီးမီးယားလိဂ်၊‌ဥရောပ ဖလား အစရှိတဲ့ ပွဲတေမှာတော့ အနာဂါတ်အစီစဉ်မှာ မပါ၀င်သလောက်ဖြစ်နေတာဖြစ်ပါတယ်။ဒီလိုအခြေအနေတေကြောင့် လင်ဂါတ်‌အနေနဲ့ အသင်းက ထွက်ခွာဖို့ လိုအပ်နေပါတယ်လို့ ဘာဘာတော့ပ်က ဆိုခဲ့ပြီး နယူးကာဆယ်အသင်းကလည်း ၎င်းကို ချိတ်ဆက်နေကြောင်း သတင်းတေ‌ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားတာဖြစ်ပါတယ်။ဘာဘာတောပ့်က နယူးကာဆယ်ကို ပြောင်းလိုက်တာက သူ့အတွက် အကောင်းဆုံးဖြစ်မှာပါ။အရိုးသားဆုံးပြောရရင် သူ့ရဲ့ အချိန်တေက ယူနိုက်တက်မှာ ကုန်လွန်သွားခဲ့ပါပြီ။ သူ့မှာ သူဘယ်လောက်ထိကောင်းကြောင်း ဘယ်လောက်ထိ အရည်အသွေးရှိကြောင်း သက်သေပြခွင့်ရခဲ့ပေမယ့် အိုလီယုံကြည်မှု ရရှိအောင်သူမကစားနိုင်ခဲ့ပါဖူး။ရိုးသားဆုံးပြောရရင်
သူ့အတွက် ဒီအချိန် ဒီမှာ ပွဲကစားရဖို့ နေရာရှိနေတယ်လို့ ကျနော် မမြင်မိပါဖူး။သူဒီအသင်းမှာ အချိန်အတော်ကြာရှိနေခဲ့တာပါ။သူအခုဆို အသက် ၂၈ ထဲ၀င်လာပါပြီ။သူ့အနေနဲ့ သူ့ကိုယ်သူ ပြန်ကြည့်ပြီးတော့ “ငါ လုပ်ခဲ့တာတေအတွက် ငါပျော်ရွှင်ရဲ့လား။ငါ လုပ်ခဲ့တာတေ လုံလောက်ပြီလား၊ငါ့အတွက် အချိန်ကုန်သွားပြီလား” လို့ ပြန်မေးကြည့်လိုက်ပါ။ကျနော်ကတော့ သူအသင်းပြောင်းဖို့လိုနေပြီလို့မြင်ပါတယ်။အဓိကအားဖြင့် သူပုံမှန်ကစားခွင့် ရမယ့်နေရာမျိုးပေ့ါ။သူလုပ်နိုင်တာတေကိုလုပ်ပြဖို့ သူများများကစားခွင့် ရဖို့ လိုအပ်ပါတယ်။ဘာလို့ဆို သူအင်ဂလန်အတွက် ကစားပြီး ဂိုးသွင်းခဲ့တာတေကို ကျနော်မှတ်မိနေသေးလို့ပါ။ကျတော့်အမြင်မှာတော့ သူ အရင်အခြေနေပြန်ရဖို့ အသင်းပြောင်းဖို့လိုနေပါတယ်” ဟုပြောသွားခဲ့ပါတယ်။
ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ
အိုဝင်ကလည်း ဘာဘာတောပ့်နည်းတူပါဘဲ။ဂျက်စီလင်ဂါတ်အနေနဲ့ အသင်းပြောင်းဖို့ လိုအပ်နေပြီ လို့ ပြောသွားခဲ့ပါတယ်။အို၀င်က” ကျနာ်နဲ့ ဘာဘာတောပ့်အသင်းမှာ ရှိနေထဲက သူ့ရဲ့ ဖွံဖြိုးတိုးတက်မှုကို ကျနော်တို့မြင်ခဲ့ရပါတယ်။သူက အဆင့်တေအများကြီးကို ဖြတ်ကျော်လာတာပါ။နောက်ဆုံး အဆင့်တစ်ခုကိုရောက်ပြီး အသက်အရွယ်လည်း ရလာပြီဖြစ်တဲ့ သူ့အတွက်အခုချိန်က ပုံမှန်ကစားခွင့် ရတဲ့ အသင်းတစ်သင်းကိုပြောင်းသွားတာအကောင်းဆုံးပါ။ “လို့ ရှင်းပြသွားခဲ့ပါတယ်။
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X