Sport

အသင်းခေါင်းဆောင်ဖြစ်ခွင့်ရခဲ့တဲ့အကြောင်းအရင်းကိုပြောပြသွားတဲ့ စကော့တော်မီနေး

UNICODE

အသင်းခေါင်းဆောင်ဖြစ်ခွင့်ရခဲ့ တဲ့ အကြောင်းအရင်းကိုပြောပြသွားတဲ့ စကော့တော်မီနေး

မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် အကယ်ဒမီအသင်းကနေတစ်‌ဆင့် တစ်ဖြည်းဖြည်းနဲ့ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာ ခဲ့သူ မက်တော်မီနေးက တာ၀န်ယူသွားခဲ့တာဖြစ်ပါတယ်။ညကပွဲမှာ နည်းပြ‌ဆိုးလ်ရှားဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပါအ၀င် အဓိက ကစားသမားတော်တော်များများကို အနားပေးခဲ့ပါတယ်။ဒါ့ကြောင့် တော်မီနေးဟာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ဒ့ါအပြင် တော်မီနေးဟာ အသင်းအတွက် အနိုင်ဂိုးကိုလည်း တဲလက်စ်ရဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။တော်မီနေးက “မန်နေဂျာက မင်းဒီပွဲအသင်းခေါင်းဆောင်အဖြစ်တာ၀န်ယူရမယ်လို့ပြောခဲ့တုန်းကတကယ်ကို အိမ်မက်လို့ ခံစားခဲ့ရတာပါ။အသင်းကို ကျနော်ရောက်တာ အသက် ၅ နှစ်ထဲကနေ အခုထိဆို ၁၈ နှစ်ရှိနေပါပြီ။အသင်းခေါင်းဆောင်လက်ပါတ်ဆိုတာ ကျနော့်တွက်တော့ ကြီးမားတဲ့ ဂုဏ်ပြုမှုပါဘဲ။ကျနော်က ယူနိုက်တက်ချစ်တဲ့လူပါ။ပြီးတော့ ကျနော့်ဘ၀ကလည်း ယူနိုက်တက်မှာ မြုပ်နှံထားထားပါ။မန်နေဂျာက ဒီလိုအကြောင်းအရာတေကို သိလို့ အသင်းခေါက်ဆောင် လက်ပါတ်ကို ၀တ်ဆင်ဖို့ အခွင့်အရေးပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ဒီလိုမန်နေဂျာရဲ့ ယုံကြည်မှုကို ရရှိတာဟာ တကယ်ကို ပျော်ရွှင်မိပြီး ကွင်းထဲမှာရောလေ့ကျင့်ရေးကွင်းမှာပါ အပြည့်အ၀ ကြိုးစားသွားမှာပါ။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

အသင်းခေါင်းဆောင်လက်ပါတ်ဝတ် ရမယ်လို့ ပြောလာတဲ့အခိုက်အတန့်ဟာ ကျွန် တော့်အတွက် အရမ်းကိုစွံ့အစရာ အချိန်ဖြစ်ခဲ့ပါတယ်။ ခေါင်းတိုက်ပြီးတော့ ဒီထက်ဂိုးပိုသွင်းနိုင်ရမယ်။ ဘာလို့ဆိုကျနော့် အရပ်က ၆ ပေ ၃လက်မတောင်ရှိတာမို့ပါ။ခြေထောက်နဲ့ (6)ဂိုးပဲ သွင်း ယူရပါသေးတယ်။ဒီထက် ဂိုးတွေအများကြီး သွင်းချင်ပါသေးတယ်”ဟု ဖွင့်ဟ သွားခဲ့ပါတယ်။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

ယူနိုက်တက် 1-0 ဝက်ဖို့ဒ် ပွဲစဉ်အပြီး ကွင်းလယ် လူတော်မီနေးရဲ့ စွမ်းဆောင်ချက်များ
ဘောလုံးလုယူရာ၌အောင်မြင်မှု -(100%)ဘောလုံးပေးပို့ရာ၌တိကျမှု%-(80%)ရှင်းလင်းဖြတ်ထုတ်မှု -(3)ကြိမ်အမြင့်ဘော လုယူရာ၌အောင်မြင်မှု -(100%)
ဂိုးပေါက်ခြိမ်းခြောက်မှု -(1)ကြိမ်သွင်းဂိုး -(1)ဂိုး

ယူနိုတက်သတင်းတေကို မန်ယူနိုက်တက် ပရိသတ်တွေ ပိုမိုဖတ်ရှု့နိုင်အောင် မန်ယူနိုက်တက်groupများတွင်Share ခြင်းဖြင့်ကူညီပေးကြပါဗျ။
#MUFF

ZAWGYI





ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ


#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X