Sport

အီဂါလိုအတွက်စိတ်မ‌ကောင်းဖြစ်ခဲ့ရတဲ့ ယူနိုက်တက် ၁-၀ ၀တ်ဖိုဒ့် ပွဲပြီးသုံးသပ်ချက်

UNICODE

အီဂါလိုအတွက်စိတ်မ‌ကောင်းဖြစ်ခဲ့ရတဲ့ ယူနိုက်တက် ၁-၀ ၀တ်ဖိုဒ့် ပွဲပြီးသုံးသပ်ချက်

ယူနိုက်တက်အသင်းဟာ ယနေ့မနက် ၂:၃၀ အချိန် အိမ်ကွင်း အိုးထရက်ဖို့ဒ် ကွင်းအတွင်းမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ်နဲ့ ၀တ်ဖိုဒ့်အသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ဒီပွဲစဥ်ဟာ ဒီရာသီမှာ ယူနိုက်တတ်တို့ ရဲ့ ပထမဆုံးအနေနဲ့ အရန်ကစားသမား အများစုကို ပွဲထွက်အသုံးပြုလာတဲ့ ပွဲလို့ဆိုလို့ရပါတယ်။အထူးသဖြင့် ဒီနေ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ ဘရန်ဒန်၊လင်ဂါတ်၊ဗန်ဒီဘီနဲ့ ဒန်နီရယ်ဂျိမ်းတို့ ကို ပွဲထွက်လူစာရင်းမှာ ပြန်လည် မြင်တွေ့ခဲ့ရပြီး ဂိုးသမားနေရာမှာ ဒင်းဟန်ဒါဆန်၊နောက်တန်းမှာ ဘိုင်လီ၊တွမ်ဇွန်ဘီ၊တဲလက်၊ဘရန်ဒန်၊တဲလက်စ်တို့ပွဲထွက်လာပြီး ကွင်းလယ်မှာ တော်မီနေးနဲ့ ဘန်ဒီဘီအတွဲ အဖက်ကို ဂျေစီလင်ဂါတ်ရဲ့ နောက်မှာ ၀န်ရံစေပြီး ညာတောင်ပံမှာ မာတာ၊ဘယ်တောင်ပံမှာ ဂျိမ်းတို့ နဲ့ တိုက်စစ်မှုးအဖြစ် ဂရင်းဝုဒ်တို့နဲ့ ၄-၂-၃-၁ အထိုင် ပုံစံမျိုးနဲ့ ပွဲထွက်ခဲ့ကြပါတယ်။ဒီပွဲစဉ်မှာ ကပ္ပတိန်အဖြစ်ပွဲထွက်လာတဲ့ သူကတော့ အားလုံးမထင်မှတ်ထားတဲ့ တော်မီနေးဖြစ်ပြီး တကယ်ကို ‌ကပ္ပတိန်တစ်ယောက်ရဲ့ ခြေစွမ်းတေလည်းပြသသွားပေးခဲ့ပါတယ်။ပထမပိုင်းစစခြင်း ၆ မိနစ် ၀န်းကျင်မှာဘဲ ကပ္ပတိန်တော်မီနေးက ထောင့်ကန်ဘောကနေတစ်ဆင့်ခေါင်းတိုက်ကာ ယူနိုက်တကိ အတွက် အဖွင့်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ‌တော့ ယူနိုက်တက်တို့ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတစ်ချို့ကို ဖန်တီးထားနိုင်ခဲ့ပေမယ့် ဂိုးမရရှိဘဲ ဖြစ်ခဲ့ရပါတယိ။မာတာ၊ဗန်ဒီဘီ၊ဂရင်းဝုဒ်တို့ရဲ့ လှပတဲ့ တွဲလုံးက အပိုင်အခွင့်ရေးတစ်ကြိမ်ကိုကိုမာတာအသုံးမချနိုင်ခဲ့သလို ဒန်နီရယ်ဂျိမ်းရဲ့ ကန်သွင်းချက်တေကလည်း အားပျော့နေခဲ့တာကြောင့် ဂိုးထပ်မံမရရှိဘဲ ပထမပိုင်း ကို တစ်ဂိုးဂိုးမရှိနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ဪယူနိုက်တက်ပရိတ်သတ်တေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုက ပ‌ထမပိုင်းအချိန်ပိုမှာဖြစ်တည်ခဲ့ပြီး နောက်ခံလူ ဘိုင်လီ ဒါဏ်ရာရရှိသွားခဲ့တာဘဲဖြစ်ပါတယ်။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

ဒါ့ကြောင့် မက်ဂွားယားနဲ့ လူစားလဲခဲ့ရပြီး ကပ္ပတိန်ကြီး တော်မီနေးးကလည်း လက်ပါတ်ကို ပြန်လည်ပေးအပ်ခဲ့လိုက်ရပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ပြီးမကြာခင်မှာ ယူနိုက်တက်ဘက်က လင်ဂါတ်၊ဂျိမ်း၊ဂရင်းဝုဒ်တို့နေရာမှာ ရက်ဖို့၊မာရှယ်၊မာတစ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ဒီနေရာမှာ မိနစ် ၈၀ နီးပါး ကွင်းလယ်တိုက်စစ်နေရာမှာပါ၀င်ကစားခွင့်ရခဲ့တဲ့ လင်ဂါတ်တစ်ယောက် သာမာန်ခြေစွမ်းသာပြသနိုင်ခဲ့တာကိုတွေ့ရပြီး လူငယ်ကစားသမားဖြစ်သူ ဂရင်းဝုဒ်၏ခြေစွမ်းမှာလည်း အတော်လေးကို ညံ့ဖျင်းနေခဲ့တာကို တွေ့ရပါတယ်။မိနစ် ၈၀ နောက်ပိုင်းမှာတော့ ဗန်ဒီဘီတစ်ယယောက်ကွင်းလယ်တိုက်စစ်နေရာမှာကစားခွင့် ရခဲ့ပြီး ရက်ဖို့ အတွက်အကောင်း‌ဆုံး အခွင့်အရေးကိုဖန်တီးပေးနိုင်ခဲ့ပေမယ့် ရက်ဖို့ ဖြုန်းတီးခဲ့တာကိုတွေ့ရပါတယ်။အနှစ်ချုပ်အားဖြင့်ဆိုသော်ဗန်ဒီဘီဟာ ဒီပွဲမှာ သာမာန်ခြေစွမ်းပြသနိုင်ခဲ့သလို ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်လည်း ဂိုးမပေးရအောင်ကာကွယ်နိုင်ခဲ့ပါတယ်။ဒီပွဲမှာ အကောင်းဆုံးအဖြစ်တော့ ရှေ့ကောနောက်ပါတာ၀န်ကျေခဲ့သူတော်မီနေးကို သတ်မှတ်ရမှာဖြစ်ပြီး ပရိတ်သတ်အချစ်တော် လင်ဂါတ်ကတော့ သာမာန်ထက်ပိုတဲ့ပုံစံကို ပြသနိုင်ခဲ့ပေမယ့် အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာလိုခြင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကြုးစားဖို့ လိုနေတာဖြစ်ပါတယ်။ဘိုင်လီ‌ဒါဏ်ရာရရှိမှုဟာ ယူနိုက်တက်ပရိတ်သတ်တေကို အကြီးအကျယ်စိတ်ရှုပ်စေခဲ့သလို အီဂါလိုကို မထည့်ဘဲ ကွင်းထဲမှာ ရောက်နေမှန်းတောင်မသိရတဲ့ မာရှယ်ကိုသာ ဆိုလ်းးရှားထည့်သွင်းကစားစေခဲ့တာက အတော်လေးကိုရုတ်ဆိုးစေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အရမ်းကိုပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့နှစ်သင်းကြားပြိုင်ဆိုင်မှုတေကြောင့်စာရေးသူဟာ မျက်လုံးကို အတော်လေးတင်းပြီး တစ်ပွဲလုံးကို ပြီးဆုံအောင်ကြည့်ရှုခဲ့ရကာ ယူနိုက်တက် အသင်းဟာ တော်မီနေးရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ပြီးဆုံး‌သွားခဲ့ကာ ယူနိုက်တက်တို့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။စာရေးသူကတော့ မိနစ်ပိုင်းလေးတောင်ပါ၀င်ခွင့်မရခဲ့တဲ့ အီဂါလိုအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိရပါတယ်။ကဲခင်ဗျားတို့ အမြင်တေလည်း ပြောသွားကြပ့ါဦးဗျ။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကဒီPage မှာဆက်သွယ်ပါ

#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X