Uncategorized

ယူနိုက်တက်ကိုအနိုင်ရဖို့အတွက်ထူးခြားတဲ့လေ့ကျင့်ရေးတေပြုလုပ်နေတယ်လို့ ၀န်ခံသွားခဲ့တဲ့ ကလော့

UNICODE

ယူနိုက်တက်ကိုအနိုင်ရဖို့အတွက်ထူးခြားတဲ့လေ့ကျင့်ရေးတေပြုလုပ်နေတယ်လို့ ၀န်ခံသွားခဲ့တဲ့ ကလော့

လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူ ယာဂင်ကလော့ကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ ပုံမှန်မဟုတ်တဲ့ ထူးခြားတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၀န်ခံသွားခဲ့ပါတယ်။ဒီရာသီရဲ့ အကြီးကျယ်ဆုံးပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပြီး ချန်ပီယံအခွင့်အရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲစဉ်အဖြစ် သတ်မှတ်ထားတဲ့ ယူနိုက်တက် နဲ့ လီဗားပူး အသင်း ပွဲစဉ်ကို လာမယ့် တစ်ပါတ်အတွင်း လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လက်ခံကစားရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ညက လီဗာပူးအသင်းဟာ အက်စတွန်ဗီလာ အသင်းရဲ့ လူငယ်အများစု ပါ၀င်တဲ့ အသင်းကို အက်ဖ်ပေဖလားတတိယအဆင့်မှာ ၄ ဂိုး ၁ ဂိုးဆို တဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ယခုအချိန်မှာဆို ယူနိုက်တက်နဲ့ ပွဲအတွက် ပြင်ဆင် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
လီဗာပူးအနေနဲ့ ယူနိုက်တက်နဲ့ မတွေ့ဆုံမှီ ၉ ရက်နီးပါး ပြင်ဆင်ချိန်ရနေတာကြောင့် ကစားသမားတေ အားလုံး အဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားမှာဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့က ပြောကြားသွားခဲ့ပါတယ်။

 

ကြေငြာများထည့်ရန်စိတ်၀င်စားပါက Man U Fan Forever ကို နှိပ်ပါ

 

ယနေ့ BT Sport နဲ့ အင်တာဗျူးမှာ ကလော့က ကာလရှည်နားရက် ရရှိတဲ့အပေါ် အောက်ပါအတိုင်း ပြောကြားသွားခဲ့တာဖြစ်တယ်။
ကလော့က ” လီဗာပူးမှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ ကစားသမားတေများစွာရှိနေပါတယ်။ဒါကြောင့် ဒီရာ ရက်များများ ပြင်ဆင်ခွင့်ရတာ အရေးကြီးပါတယ်။ကျနော်တို့ လေ့ကျင့်ရေးကွင်းမှာ တစ်ဖက် ၁၁ ယောက်ကစားတဲ့ နည်းစနစ်တေ အများကြီး ပြူ လုပ်သွားမှာပါ။
ဒါက အလွန်အရေးကြီးပါတယ်။ဒီလိုလေ့ကျင့်တာက ဘောလုံးသမားတွေ အတွက် အရမ်းအရေးကြီးပေမယ့် မကြာခဏမလုပ်နိုင်ပါဘူး။လက်ရှိ‌မှာ ဒါမျိုးလုပ်ဖို့
ကျနော်တို့အချိန်ရနေပါပြီ။ဒါကို အကောင်းဆုံး အသုံးချသွားမှာပါ။ ” ဟု ပြောကြားသွားခဲ့ပါတယ်။

ကြေငြာများထည့်ရန်စိတ်၀င်စားပါကနှိပ်ပါ 

source Mirror
#MUFF

ZAWGYI


 

 




 

source Mirror
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X