Sport

မမြင်ရတာကြာတဲ့ကစားသမားတေကို ပြန်မြင်ရဖွယ်ရှိနေတဲ့ ယနေ့ညပွဲအနီးကပ်ဆုံးခန့်မှန်းလူစာရင်း

UNICODE

မမြင်ရတာကြာတဲ့ကစားသမားတေကို ပြန်မြင်ရဖွယ်ရှိနေတဲ့ ယနေ့ညပွဲအနီးကပ်ဆုံးခန့်မှန်းလူစာရင်း

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အရေးနိမ့်ပြီးကာရာဘောင်းဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့ပြီး နောက်မှာတော့ နည်းပြ ဖြစ်သူ ဆိုလ်းရှားက ယခုလာမယ့် ၀တ်ဖိုဒ့်နဲ့ ပွဲမှာ ယူနိုက်တက် တစ်သင်းလုံးနီးပါးကို အပြောင်းအလဲပြုလုပ်သွားမှာ ဖြစ်တယ် လို့ ပြောကြားသွားခဲ့ပါတယ်။ဒါ့ကြောင့် ယူနိုက်တက် အသင်းရဲ့ အနီးကပ်ဆုံး ဖြစ်လာနိုင်ဖွယ်လူစာရင်းကို ဖေါ်ပြပေးလိုက်ကပါတယ်။ယူနိုက်တက် အသင်းဟာ ဒီဇန်န၀ါရီလအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာတော့ မှာဖြစ်တဲ့ အီဂါလိုကို ယနေ့ည ပွဲစဉ်တွင် သူ၏ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံး ပွဲစဉ်အဖြစ် ပါ၀င် ပွဲထွက်ကစားခွင့် ပေးရန်ရှိနေကြောင်း နည်းပြဖြစ်သူ ဆိုလ်းရှားက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြ သွားခဲ့ပါတယ်။ဆိုလ်းရှားက ” အီဂါလိုအတွက်အသင်းဟောင်း၀တ်ဖိုဒ့်နဲ့ ပွဲမှာ ပါ၀င်ပွဲထွက်ရနိုင်ပါတယ်။ပါ၀င်ခွင့် ရမယ် ဆိုရင် သူ့အတွက် မမေ့နိုင်စရာ အမှတ်တရဖြစ်နေမှာပါ။သူက လေ့ကျင့်ရေးကွင်းမှာ အမြဲကြိုးစားတဲ့ လူတစ်ယောက်ပါ။တကယ်ကို အဆုံးသတ်ကောင်းမွန်တဲ့ ကစားသမားပါ။သူပါ၀င်လာနိုင်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။ဒါကြောင့် ယနေ့ည ပွဲစဉ်ကို ကာဗာနီကလည်း ပွဲပါယ်ကြောင့် လွဲချော်မည်ဖြစ်သောကြောင့်တိုက်စစ်မှုး အဖြစ် အီဂါလိုသာ ပွဲထွက်လာနိုင်ပြီး ကာလကြာရှည် ပွဲထွက်ခွင့်ပျောက်ဆုံးနေ‌တဲ့ ယခုနှစ်နွေရာသီ မှာ‌အေဂျက်အသင်းးမှခေါ်ထားရတဲ့ ဗန်ဒီဘီကလည်း ကြိမ်းသေပါ၀င်ပွဲထွက်လာမှာ ဖြစ်ပါတယ်။တောင်ပံကစားသမားများနေရာမှာလည်း ဒါဏ်ရာကနေပြန်လည်ကောင်းမွန်လာပြီး အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးထားသူ လင်ဂါတ်နှင့် ပွဲထွက်ခွင့်နည်းပါးနေသော ဂရင်းဝုဒ်တို့ ပါ၀င်လာမည်ဟု သိရပြီး ကွင်းလယ်မှာတော့ မာတစ်နှင့် သက်တမ်းရင့် ဝိုင်တစ်ခွက် ဖြစ်တဲ့ မာတာ တို့ က အသုံးတော် ခံလာနိုင်ကြောင်းသိရပါတယ်။

သေချာပေါက်အနိုင်သေချာတဲ့ယနေ့ည မန်ယူနိုက်တက်နဲ့ ၀တ်ဖို့ဒ့် အက်ဖ်အေဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒါ့အပြင် နောက်ခံလူနေရာမှာတော့ မက်ဂွားယားနှင့် ပြီးခဲ့တဲ့ ပွဲစဉ်မှာ အနားရထားသူ ဘိုင်လီတွဲဖက်ကာ တဲလက်စ်ကို ဘယ်ခြမ်းခံစစ်မှာ တွေ့ရမှာ ဖြစ်ပြီး ညာခြမ်းခံစစ်မှာတော့ တွမ်ဇွန်ဘီ ပါ၀င်လာမယ် ဟုသိရပါသည်။ဒါ့အပြင် ဂိုးသမားအဖြစ်တော့ လိဂ်ဖလားများမှာ ပင်တိုင်ဖမ်းနေရသူ ဟန်ဒါဆန်သာ ပါ၀င်လာနိုင်ကြောင်း သိရှိရပါသည်။ခန့်မှန်းလူစာရင်း-ဂိုး-ဟန်ဒါဆန်၊နောက်တန်း- တဲလက်စ်၊မက်ဂွားယား၊ဘိုင်လီ၊တွမ်ဇွန်ဘီ၊ကွင်းလယ်-ဗန်ဒီဘီ၊မာတစ်၊မာတာ တိုက်စစ်-အီဂါလို၊လင်ဂါတ်၊ဂရင်းဝုဒ်

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X