Sport
သေချာပေါက်အနိုင်သေချာတဲ့ယနေ့ည မန်ယူနိုက်တက်နဲ့ ၀တ်ဖို့ဒ့် အက်ဖ်အေဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်
UNICODE
ယနေ့ည မန်ယူနိုက်တက်နဲ့ ၀တ်ဖို့ဒ့် အက်ဖ်အေဖလားပွဲစဉ်အတွက် ပွဲကြို သုံးသပ်ချက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ရဲ့ ပထမဆုံး အမ်းမရိတ် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ်အသင်းးတစ်သင်းဖြစ်တဲ့ ၀တ်ဖိုဒ့်အသင်းနဲ့ ဇန်နဝါရီ ( ၁၀ ) ရက် တနင်းဂနွေနေ့ နံနက် ( ၂ :၃၀ )အတိကျအားဖြင့် မနက်ဖြန်ည ၂:၃၀ အချိန်မှာ အိမ်ကွင်း အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစား ရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။အဆိုပါပွဲစဉ်ကို ကွင်းလယ်ဒိုင်Andrew Madley ကကိုင်တွယ်မည် ဖြစ်ပြီး ယူနိုက်တက်အသင်းမှ တိုက်စစ်မှုး ဖြစ်သူ အက်ဒီဆင် ကာဗာနီ က (သုံးပွဲပြစ်ဒဏ်ကြောင့်) ယခုပွဲကို လွဲချော်မှာလည်း ဖြစ် ပါတယ်။ဒါ့အပြင် ယူနိုက်တက်အသင်းမှာ ဒါဏ်ရာ ရကစားသမား အနေနဲ့ ဖီးလ်ဂျုံး တစ်ဦးသာရှိပြီး ပြီးခဲ့ တဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းနဲ့ ပွဲစဥ်က ရှုံးပွဲကြောင့် အိုလေ ဂန်နားဆိုလ်းရှားရဲ့ ယူနိုက်တက် အသင်းဟာဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့ပါတယ်။ဒါ‌ကြောင့် ဒီရာသီမှာ အားစိုက်စရာ အနေနဲ့ အနီးကပ်ဆုံးဖလားဖြစ်တဲ့ အက်ဖ်အေဖလားကို ချဉ်းကပ်လာတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ဖလား ကို အဓိက အာရုံစိုက်ထားပေမယ့် အက်ဖ်အေ ဆုဖလားရရှိဖို့ ကစားသမားများက ဆန္ဒပြင်းပြလျက်ရှိနေပါတယ်။ဒါကြောင့် ယခု FA ဖလားကလည်း နည်းပြဖြစ်သူ ဆိုလ်းရှားအတွက် ပထမဆုံးဆုဖလားဖြစ်ဖို့ အကောင်းဆုံးအခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ဒါ့အပြင် ယူနိုက်တက်ဟာ ယခုအက်‌ဖ်‌အေဖလားကို ( ၁၂ ) ကြိမ်မြောက်ရရှိထားပြီးနောက်ဆုံးအနေနဲ့ ( ၂၀၁၆ ) ခုနှစ်က ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဆီမီးဖိုင်နယ်ထိ
တက်ရောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းကို ရှံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ဝက်ဖို့ဒ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဆွမ်ဆီးအသင်းကိ ( 2-1 ) ရှုံးနိမ့်ထားပြီး လက်ရှိမှာချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့် ( ၆ ) နေရာမှာ ရပ်တည်နေပါတယ်။
ဒီရာလိုဟာ မက်ဆီလိုကစားသမားမျိုးလို့ ချီးကျူးသွားတဲ့ အတ္တလန္တာအသင်းခေါင်း‌ဆောင်
( ၂၂) ပွဲ ကစားထားရာမှာ( ၁၀ ) ပွဲနိုင် ၊ ( ၇ ) ပွဲ သရေ ၊ ( ၅ ) ပွဲရှုံး ရမှတ် ( ၃၇ ) မှတ်နဲ့ ဇယားထိပ်က နော်ဝှစ်စီးတီးအသင်းအောက်( ၁၀ ) မှတ်လျော့နည်းလျက်ရှိပါတယ်။ ယူနိုက်တက်အနေနဲ့ အင်္ဂါနေ့မှာ ဘန်လေ
အသင်းနဲ့ကစားရဖို့ရှိနေတဲ့အတွက် မန်စီးတီးအသင်းနဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိနေပါတယ်။ဒါ့အပြင် နည်းပြဖြစ်သူ ဆိုလ်းရှားက တသင်းလုံးနီးပါးကို အပြောင်း အလဲ ပြုလုပ်မည် ဟု ပြောထားသောကြောင့် ယခုပွဲစဉ်မှာ တွမ်ဇွန်ဘီ ၊ ဗန်ဒီဘိ ၊ ဒန်နီရယ်ဂျိမ်း နှင့် မာတာတို့ ပွဲထွက်ခွင့်ရနိုင်ဖွယ်ရှိပြီး တိုက်စစ်မှုး ဖြစ်သူ အီဂါလိုဟာ လည်း နောက်ဆုံး နှုတ်ဆက်ပွဲအနေနဲ့ ပါဝင်လာနိုင်ဖွယ်ရှိကြောင်းကို ဆိုလ်းရှားက သတင်းစာရှင်းလင်းပွဲမှာ အရိပ်အမြွက်ပြော သွားခဲ့ပါတယ်။ဆိုလ်းရှားက ” ၀တ်ဖိုဒ့်ရဲ့ တိုက်စစ်မှု တစ်ဦး ဖြစ်ခဲ့ သူ အီဂါလိုဟာ ဒီပွဲမှာ ပါ၀င်ခွင့် ရပါက တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်တစ်ခု ဖြစ်နိုင်ပါတယ်။သူက ‌အသင်းရဲ့ လေ့ကျင်ရေးကွင်းမှာ လည်း တကယ်ကို အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ် မှုး တစ်ဦး ဖြစ်ပါတယ်”ဟု ပြောဆိုသွားခဲ့ပါတယ်။ဒါ့ကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်ကို အီဂါလို က ဦးဆောင်လာဖွယ်ရှိနေပြီး နောက်ခံလူ အဲရစ် ဘိုင်လီလည်း လူစာရင်းထဲပြန်လည်ပါ၀င်လာနိုင်ပါတယ်။ဖြစ်နိုင်ဖွယ်ပွဲထွက် လူစာရင်းဂိုး- ဟန်ဒါဆင် ၊ တွမ်ဇီဘီ ၊ ဘိုင်လီ ၊ ဘရန်ဒန်ဝီလီယန် ၊ တဲလက် ၊ မာတစ် ၊ဗန်ဒဘီ ၊ ဂျိမ်းစ် ၊ မာတာ ၊ ဂရင်းဝုဒ်၊အီဂါလိုအို၀င်ရဲ့ ခန့်မှန်းချက်” ဒီအချိန်မှာ အကောင်းဆုံး ကစား နေပေမယ့်လည်း မန်ယူနိုက်တက်ဟာ ကြားရက်မှာတုန်းက မန်စီးတီးကို ရှုံးကာ ကာရာဘောင်ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အဲဒီပွဲမှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပြီး ပွဲပယ်ခံထားရတဲ့ အက်ဒီဆင် ကာဗာနီ မပါနိုင်တာ ကတော့ ယူနိုက်တက် အတွက် နစ်နာ ခဲ့ပါတယ်။ ကာဗာနီ ကို ဒီလိုပွဲမျိုးမှာလည်း ယူနိုက်တက်တို့ လွမ်းနေရမှာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ နောက်တဆင့်ကို သာသာယာယာ တက်ရောက်နိုင်တဲ့ လုံလောက်တဲ့ အင်အား ရှိနေတယ်လို့ ကျွန်တော် ထင်နေဆဲပါ။”အို၀င်ခန့်မှန်းချက် မန်ယူနိုက်တက် ၃-၁ ၀တ်ဖိုဒ့်လော်ရိုး၏ ခန့်မှန်းချက်” ယူနိုက်တက်အနေနဲ့ အိုလေ ဂန်နား ဆိုးရှားရဲ့ လက်အောက်မှာ ဗိုလ်လုပွဲ တက်ရောက်ထားနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ FA Cup ကို အာရုံစိုက် ကစားလာနိုင်ပါတယ်။
ယူနိုက်တက်အသင်း လူစာရင်းက အလှည့်ကျ ကစားမယ်ဆိုရင်တောင် ဝက်ဖို့ဒ်ကိုတော့အနိုင်ယူနိုင်စွမ်းရှိပါတယ်။
ကစားသမားသစ်အာမက်ဒီရယ်လိုဟာအရန်ခုံမှာထိုင်ရဦးမှာဖြစ်ကြောင်းဖွင့်ဟသွားခဲ့တဲ့ဆိုလ်းရှား
ခန့်မှန်းဂိုးရလာဒ် – ယူနိုက်တက် ( 2 – 1 ) ဝက်ဖို့ဒ်
ZAWGYI
ယနေ့ည မန်ယူနိုက်တက်နဲ့ ၀တ်ဖို့ဒ့် အဖ်အေဖလားပွဲစဉ်အတွက် ပွဲကြို သုံးသပ်ချက်
ဖာဂူဆန်နှစ်၂၀ကျော်တင်ခဲ့ရတဲ့စံချိန်ကိုနှစ်နှစ်အတွင်းအမှီလိုက်နိုင်ခဲ့တဲ့တပည့်ဖြစ်သူဆိုလ်းရှား
Idea credit
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X