Sport
ရီးရဲ ကစားသမားကို လုံး၀ မခေါ်ပါနဲ့ လို့ ယူနိုက်တက်ကို သတိပေးတားမြစ်သွားတဲ့ ဘာဘာတောပ့်
UNICODE
ရီးရဲ ကစားသမားကို လုံး၀ မခေါ်ပါနဲ့ လို့ ယူနိုက်တက်ကို သတိပေးတားမြစ်သွားတဲ့ ဘာဘာတောပ့်
ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဘာဘာတောပ့်ကတော့ ယူနိုက်တက်အနေနဲ့ ရီးရဲမက်ဒရစ်ကစားသမားဖြစ်သူ ရာမိုစ့်ကို ခေါ်ယူဖို့ကြိုးစားတယ်ဆိုတာ အဲရစ်ဘိုင်လီရဲ့ အရည်အသွေးကို ဖြုန်းတီးရာ ရောက်ပါလိမ့်မယ် လို့ ပြောသွားခဲ့ပါတယ်။
စပါးအသင်းနဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်းဖြစ်သူ ဘာဘာတောပ့်က ရီးရဲနောက်ခံလူ ရာမိုစ်ဟာ သံမဏိလိုလူသားမျိုးလို့ ချီးကျူးသွားခဲ့ပြီး ယူနိုက်တက် အသင်းအတွက်ကတော့ ခေါ်ယူရန် မလိုအပ်ပါဖူးဟု ပြောသွားခဲ့တာဘဲဖြစ်ပါတယ်။
ဘာဘာတောပ့်ဟာ အဲရစ်ဘိုင်လီရဲ့ ဒါဏ်ရာကပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ယခုလက်ရှိပြသထားတဲ့ အရည်အသွေးနဲ့ ပါတ်သတ်ပြီး နည်းပြဖြစ်သူ ဆိုလ်းရှားက အသုံးမချမှာကိုစိုးရိမ်လျက်ရှိနေပြီး ဘိုင်လီဟာ ယူနိုက်တက်ရဲ့ သမဏိ နှလုံးသား ဖြစ်လာနိုင်သူ ဟု ယုံကြည်ထားသူ တစ်ဦးဖြစ်ပါတယ်။
ဘာဘာတောပ့်က ဘိုင်လီအနေနဲ့ ဒါဏ်ရာတေကိုသာ ရှောင်လွှားထားနိုင်မယ် ဆို ဒီထပ်ပိုကောင်းတဲ့ခြေစွမ်းတေ ပြသလာနိုင်မှာ ဖြစ်တယ် လို့ ယုံကြည်နေတာ ဖြစ်ပြီး ယူနိုက်တက် ကလည်း ဒီဈေးကွက်မှာ နောက်ခံလူတစ်ဦးကိုရှာဖွေရန်မလို အပ်ဟု ဆိုထားတာလည်း ဖြစ်ပါတယ်။ဘာဘာတော့ပ်က
“ကျနော် အမြဲတမ်းယူနိုက်တက်တို့ နောက်ခံလူတစ်ယောက်ခေါ်ရမယ်လို့ ပြောခဲ့တဲ့လူပါ။ဒါပေမယ့် အခုလက်ရှိ ဘိုင်လီရဲ့ ခြေစွမ်းကို ကြည့်ရင်တော့ တကယ်လို့ သူသာ ဒါဏ်ရာပြဿနာတေနဲ့ ကင်းစင်နေမယ် ဆိုရင် သူက ယူနိုက်တက်ရဲ့ ကျောက်တောင်ကြီးဖြစ်လာမှာပါ” ဟု ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့၀တ်ဖိုဒ့်တို့၏ FA ဖလားပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မ‌နေသိထားသင့်သောအချက်၃ ချက်
ထပ်ပြီးတော့ ဘာဘာတေပ့်က”ယူနိုက်တက်တို့ ဒီရာသီမှာ ယူနိုက်တက်တို့ နောက်တပ်တစ်ယောက်ကို ထပ်ခေါ်မယ်ဆိုရင် ၊အသင်းလူစာရင်းကို ပိုမိုတောင့်တင်းမှာမှန်ပါတယ်။ဒါပေမယ့် ယခုအချိန်မှာ တော့ မလိုအပ်သေးပါဖူး” ဟု ဆိုသွားခဲ့ပါတယ်။
” ကျနော် ရာမိုစ်ရဲ့ ရီပိုစ့်ကို ဖတ်ပြီးပါပြီ။သူ့အနာဂါတ်က ရွေးချယ်စရာတေ အများကြီးပါ။သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတေ၊ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းတေ က အသင်းတိုင်းကို ယူဆောင်သွားနိင်သူ တစ်ဦးပါ။အသက် ၃၄ နှစ်ဆိုပေမယ့် ယခုအချိန်အထိ အကောင်းဆုံး အနေအထားမှာ ရပ်တည်နိုင်သေးသူပါ၊ဒါပေမယ့် ယူနိုက်တက်အတွက်တော့ ဒါက မှားရွင်းမှု ဖြစ်ပါလိမ့်မယ်” ဟု ပြောဆိုသွားခဲ့ပါတယ်။
“သူ့အသက်အရွယ်လိုအနေအထားမျိုးမှာ သူ့ကို စာချုပ်ချုပ်ဆိုခြင်နေတဲ့ အသင်းတေအများကြီး ရှိတယ်ဆိုတာ တကယ် မယုံနိုင်စရာပါ။ဒါပေမယ့် သူ့ရဲ့လစာငွေကတော့ ကြောက်စရာ အနေအထားမျိုးပါ၊ယူနိုက်တက် သာ ခေါ်ယူမယ်ဆို မလိုအပ်သေးတဲ့ အမှားတစ်ခု ဖြစ်သွားပါလိမ့်မယ်” လို့ပြောဆိုသွားခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X