Uncategorized

ယူနိုက်တက်နဲ့၀တ်ဖိုဒ့်တို့၏ FA ဖလားပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မ‌နေသိထားသင့်သောအချက်၃ ချက်

UNICODE

ယူနိုက်တက်နဲ့၀တ်ဖိုဒ့်တို့၏ FA ဖလားပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မ‌နေသိထားသင့်သောအချက်၃ ချက်

မန်ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည(စနေနေ့ည၊တနင်းဂနွေနံနက်) ၂:၃၀ အချိန်မှာ FA ဖလား ပွဲစဉ်အဖြစ် အိမ်ကွင်းအိုးထရက်ဖိုဒ်ကွင်းအတွင်းမှာ ပရီးမီးယားလိဂ်ပရိတ်သတ်များနှင့် သိပ်ပြီး စိမ်းခြင်းမရှိတဲ့ ချန်ပီယံရှစ်ကလပ် ၀တ်ဖိုဒ့် အသင်းကို လက်ခံယှဉ်ပြိုင် ကစားရမည်လည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အသင်း၏ အငှားချ ကစားသမား ဖြစ်သူ ဂျိမ်းဂါနာက လည်း ယူနိုက်တက်အသင်းကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ပြီး ၎င်းရဲ့ ခြေစွမ်းတေကို ပြသခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ယူနိုက်တက် နည်းပြဖြစ်သူ ဆိုလ်းရှားးကတော့ ဂါနာကို စောင့်ကြည့် ပြီး သတိထားရင်ဆိုင်သွားမယ် လို့ပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။ဆိုတော့ကာ မနက်ဖြန်ည ပွဲမတိုင်ခင် ယူနိုက်တက် ပရိတ်သတ်တို့ အနေနဲ့ သိထားသင့်သော အချက် ၃ ချက်ကို လေ့လာဖေါ်ပြ ပေးလိုက်ပါတယ်။

နံပါတ် တစ် အချက်အနေနဲ့ကတော့ ယူနိုက်တက်ရဲ့ လက်ရှိတိုက်စစ်မှုးဖြစ်သူ ၀တ်ဖိုဒ့်အသင်းရဲ့ တစ်ချိန်က တိုက်စစ်မှုးဟောင်းဖြစ်သူ အီဂါလိုပါ။နောက်ဆုံး အပ်ဒိတ်ထွက်ရှိလာတဲ့ သတင်းများ အရတော့ အီဂါလိုဟာ ဒီပွဲမှာ ယူနိုက်တက် ကစားသမားဘ၀ နောက်ဆုံး ပွဲစဉ်အဖြစ် ပွဲထွက် ပါ၀င် ကစားခွင့် ရရှိနိုင်သည် ဟု သတင်းများ ထွက်ပေါ် လာပါသည်။အီဂါလိုဟာ ဒီရာသီ မှာ ယူနိုက်တက် အတွက် အရန်လူ တစ်ဦးအဖြစ် မိနစ် အနည်းသယ်သာ ကစားခွင့် ရရှိထားသူတစ်ဦးဖြစ်ပြီး မကြာခင်မှာ တရုတ်ကို ပြန်ရတော့ မယ့် အီဂါလို ကို နည်းပြ ဖြစ်သူ ဆိုလ်းရှားက အကောင်းဆုံးနှုတ်ဆက် ခြင်းတစ်ခုအနေနဲ့ အဆိုပါပွဲကို တိုက်စစ်မှုး မာရှယ်ကို ကျော်လွန်ကာ ပွဲထွက်ကစားစေမှာ ဖြစ်တယ် လို့ သတင်းများ ထွက်ပေါ် လာခဲ့ခြင်းပါတယ်။တိုက်စစ်မှုးဖြစ်သူ ကာဗယနီဒါဏ်ရာ ရရှိနေခြင်း၊ယခုပွဲစဉ်ကို တစ်သင်းလုံးနည်းပါး အပြောင်းအလဲပြုလုပ်မည် ဟု ဖွင့်ဟထားသော ဆိုလ်းရှားရဲ့ စကားတို့ကြောင့် အီဂါလိုဟာ အသင်းဟောင်းနဲ့ တွေ့ဆုံမယ့် ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံး ပွဲစဉ်အဖြစ် ပါ၀င်ကစားခွင့် ရရှိရန် ၉၀% သေချာနေကြောင်းသိရပါသည်။


နံပါတ် နှစ်အနေနဲ့ကတော့ ၀တ်ဖိုဒ့်အသင်းရဲ့ အဓိက တိုက်စစ်မှုး ဖြစ်သူ ကပ္ပတိန်တစ်ဖြစ်လည်း ဖြစ်သူ တိုက်စစ်မှုးဒီနေးပါ။ဒီနေးဟာ ယူနိုက်တက်အပေါ် ကို အတော်လေးမုန်းတီးနေသူလည်းဖြစ်ပါတယ်။အထူးသဖြင့် ၎င်းကိုယ်တိုင်က ယူနိုက်တက် နဲ့ ပါတ်သတ်လျင် အမုန်းစကားပြောတတ်သူတစ်ဦးဖြစ်တာကြောင့် ယူနိုက်တက်ပရိတ်သတ်တေရဲ့ အမြင်ကပ်ခြင်းကို ၁၀၀% ခံထားရသူတစ်ဦးဖြစ်ပါတယ်။အထူးသဖြင့် ယူနိုက်တက်တို့ လူကာကူကို ရောင်းထုတ်လိုက်သည်ကို ယူနိုက်တက်အသင်းက ဦးနှောက်မရှိသည့် လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုတုန်းက တစ်ကြိမ်နောက်ဆုံးအနေဆို ကာဗာနီကို လူမျိုးရေးခွဲခြားသည်ဟု ဆိုကာ ပြစ်ဒါဏ်ချမှတ်မည့်ကိစ္စ ကို ယခုထက်ပိုမိုပြင်းထန်သည့်ပြစ်ဒါဏ်ကို ချမှတ်သင့်ကြောင်း အပြင်းအထန် ကာဗာနီအပေါ် ရှုံချ မှုတို့ ကြောင့် ယူနိုက်တက် ပရိတ်သတ်များ၏ အမြတ်ဒေါသကို လက်ခံရရှိထားရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ဒီရာသီမှာ ၀တ်ဖိုဒ့် အသင်းအတွက် ၁၂ ပွဲပါ၀င်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားသူ တစ်ဦးလည်းဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ပြုပြင်မှုတေ ပြု လုပ်လာမယ့် ယူနိုက်တက် လူစာရင်းပါ။ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုလ်းရှားကတော့ ၀တ်ဖို့အသင်းနဲ့ ပွဲစဉ်မှာ တစ်သင်းလုံးနီးပါးကို အလှည့်အပြောင်းပြုလုပ်သွားမည် လို့ ဆိုသွားခဲ့တာ ဖြစ်ပြီး အဓိက အားဖြင့် ပွဲထွက်ခွင့် မရတာကြာပြီဖြစ်တဲ့ ဗန်ဒိဘီ၊အီဂါလို၊ဂရင်းဝုဒ်၊မာတာတို့မှာ ကြိမ်းသေပါ၀င်လာနိုင်မှာဖြစ်ပြီး ဖာနန်ဒက်၊နဲ့ ရက်ဖို့ တို့ကိုတော့လုံး၀ အနားပေးသွားနိုင်တာ‌ဖြစ်တယ်လို့ သိရပါတယ်။

#MUFF

ZAWGYI

ယူႏိုက္တက္နဲ႔၀တ္ဖိုဒ့္တို႔၏ FA ဖလားပြဲမတိုင္ခင္ပရိတ္သတ္မ်ားမျဖစ္မ‌ေနသိထားသင့္ေသာအခ်က္၃ ခ်က္

မန္ယူႏိုက္တက္ အသင္းဟာ မနက္ျဖန္ည(စေနေန႔ည၊တနင္းဂေႏြနံနက္) ၂:၃၀ အခ်ိန္မွာ FA ဖလား ပြဲစဥ္အျဖစ္ အိမ္ကြင္းအိုးထရက္ဖိုဒ္ကြင္းအတြင္းမွာ ပရီးမီးယားလိဂ္ပရိတ္သတ္မ်ားႏွင့္ သိပ္ၿပီး စိမ္းျခင္းမရွိတဲ့ ခ်န္ပီယံရွစ္ကလပ္ ၀တ္ဖိုဒ့္ အသင္းကို လက္ခံယွဥ္ၿပိဳင္ ကစားရမည္လည္း ျဖစ္ပါတယ္။အဆိုပါ ပြဲစဥ္မွာ ယူႏိုက္တက္ အသင္း၏ အငွားခ် ကစားသမား ျဖစ္သူ ဂ်ိမ္းဂါနာက လည္း ယူႏိုက္တက္အသင္းကို ၿပိဳင္ဘက္အျဖစ္ ယွဥ္ၿပိဳင္ၿပီး ၎ရဲ႕ ေျခစြမ္းေတကို ျပသခြင့္ ရရွိမွာလည္း ျဖစ္ပါတယ္။ယူႏိုက္တက္ နည္းျပျဖစ္သူ ဆိုလ္းရွားးကေတာ့ ဂါနာကို ေစာင့္ၾကည့္ ၿပီး သတိထားရင္ဆိုင္သြားမယ္ လို႔ေျပာၾကားထားခဲ့တာလည္း ျဖစ္ပါတယ္။ဆိုေတာ့ကာ မနက္ျဖန္ည ပြဲမတိုင္ခင္ ယူႏိုက္တက္ ပရိတ္သတ္တို႔ အေနနဲ႔ သိထားသင့္ေသာ အခ်က္ ၃ ခ်က္ကို ေလ့လာေဖၚျပ ေပးလိုက္ပါတယ္။

နံပါတ္ တစ္ အခ်က္အေနနဲ႔ကေတာ့ ယူႏိုက္တက္ရဲ႕ လက္ရွိတိုက္စစ္မႈးျဖစ္သူ ၀တ္ဖိုဒ့္အသင္းရဲ႕ တစ္ခ်ိန္က တိုက္စစ္မႈးေဟာင္းျဖစ္သူ အီဂါလိုပါ။ေနာက္ဆုံး အပ္ဒိတ္ထြက္ရွိလာတဲ့ သတင္းမ်ား အရေတာ့ အီဂါလိုဟာ ဒီပြဲမွာ ယူႏိုက္တက္ ကစားသမားဘ၀ ေနာက္ဆုံး ပြဲစဥ္အျဖစ္ ပြဲထြက္ ပါ၀င္ ကစားခြင့္ ရရွိႏိုင္သည္ ဟု သတင္းမ်ား ထြက္ေပၚ လာပါသည္။အီဂါလိုဟာ ဒီရာသီ မွာ ယူႏိုက္တက္ အတြက္ အရန္လူ တစ္ဦးအျဖစ္ မိနစ္ အနည္းသယ္သာ ကစားခြင့္ ရရွိထားသူတစ္ဦးျဖစ္ၿပီး မၾကာခင္မွာ တ႐ုတ္ကို ျပန္ရေတာ့ မယ့္ အီဂါလို ကို နည္းျပ ျဖစ္သူ ဆိုလ္းရွားက အေကာင္းဆုံးႏႈတ္ဆက္ ျခင္းတစ္ခုအေနနဲ႔ အဆိုပါပြဲကို တိုက္စစ္မႈး မာရွယ္ကို ေက်ာ္လြန္ကာ ပြဲထြက္ကစားေစမွာ ျဖစ္တယ္ လို႔ သတင္းမ်ား ထြက္ေပၚ လာခဲ့ျခင္းပါတယ္။တိုက္စစ္မႈးျဖစ္သူ ကာဗယနီဒါဏ္ရာ ရရွိေနျခင္း၊ယခုပြဲစဥ္ကို တစ္သင္းလုံးနည္းပါး အေျပာင္းအလဲျပဳလုပ္မည္ ဟု ဖြင့္ဟထားေသာ ဆိုလ္းရွားရဲ႕ စကားတို႔ေၾကာင့္ အီဂါလိုဟာ အသင္းေဟာင္းနဲ႔ ေတြ႕ဆုံမယ့္ ပြဲမွာ ယူႏိုက္တက္အတြက္ ေနာက္ဆုံး ပြဲစဥ္အျဖစ္ ပါ၀င္ကစားခြင့္ ရရွိရန္ ၉၀% ေသခ်ာေနေၾကာင္းသိရပါသည္။
နံပါတ္ ႏွစ္အေနနဲ႔ကေတာ့ ၀တ္ဖိုဒ့္အသင္းရဲ႕ အဓိက တိုက္စစ္မႈး ျဖစ္သူ ကပၸတိန္တစ္ျဖစ္လည္း ျဖစ္သူ တိုက္စစ္မႈးဒီေနးပါ။ဒီေနးဟာ ယူႏိုက္တက္အေပၚ ကို အေတာ္ေလးမုန္းတီးေနသူလည္းျဖစ္ပါတယ္။အထူးသျဖင့္ ၎ကိုယ္တိုင္က ယူႏိုက္တက္ နဲ႔ ပါတ္သတ္လ်င္ အမုန္းစကားေျပာတတ္သူတစ္ဦးျဖစ္တာေၾကာင့္ ယူႏိုက္တက္ပရိတ္သတ္ေတရဲ႕ အျမင္ကပ္ျခင္းကို ၁၀၀% ခံထားရသူတစ္ဦးျဖစ္ပါတယ္။အထူးသျဖင့္ ယူႏိုက္တက္တို႔ လူကာကူကို ေရာင္းထုတ္လိုက္သည္ကို ယူႏိုက္တက္အသင္းက ဦးေႏွာက္မရွိသည့္ လုပ္ရပ္ကို လုပ္ေဆာင္ခဲ့သည္ဟု ေျပာဆိုတုန္းက တစ္ႀကိမ္ေနာက္ဆုံးအေနဆို ကာဗာနီကို လူမ်ိဳးေရးခြဲျခားသည္ဟု ဆိုကာ ျပစ္ဒါဏ္ခ်မွတ္မည့္ကိစၥ ကို ယခုထက္ပိုမိုျပင္းထန္သည့္ျပစ္ဒါဏ္ကို ခ်မွတ္သင့္ေၾကာင္း အျပင္းအထန္ ကာဗာနီအေပၚ ရႈံခ် မႈတို႔ ေၾကာင့္ ယူႏိုက္တက္ ပရိတ္သတ္မ်ား၏ အျမတ္ေဒါသကို လက္ခံရရွိထားရသူ တစ္ဦးလည္း ျဖစ္ပါတယ္။ဒါ့အျပင္ သူဟာ ဒီရာသီမွာ ၀တ္ဖိုဒ့္ အသင္းအတြက္ ၁၂ ပြဲပါ၀င္ကစားထားၿပီး ၄ ဂိုးသြင္းယူကာ ၂ ဂိုးဖန္တီးထားသူ တစ္ဦးလည္းျဖစ္ပါတယ္။


ေနာက္ဆုံးတစ္ခ်က္အေနနဲ႔ကေတာ့ ျပဳျပင္မႈေတ ျပဳ လုပ္လာမယ့္ ယူႏိုက္တက္ လူစာရင္းပါ။ယူႏိုက္တက္ နည္းျပ ျဖစ္သူ ဆိုလ္းရွားကေတာ့ ၀တ္ဖို႔အသင္းနဲ႔ ပြဲစဥ္မွာ တစ္သင္းလုံးနီးပါးကို အလွည့္အေျပာင္းျပဳလုပ္သြားမည္ လို႔ ဆိုသြားခဲ့တာ ျဖစ္ၿပီး အဓိက အားျဖင့္ ပြဲထြက္ခြင့္ မရတာၾကာၿပီျဖစ္တဲ့ ဗန္ဒိဘီ၊အီဂါလို၊ဂရင္းဝုဒ္၊မာတာတို႔မွာ ႀကိမ္းေသပါ၀င္လာႏိုင္မွာျဖစ္ၿပီး ဖာနန္ဒက္၊နဲ႔ ရက္ဖို႔ တို႔ကိုေတာ့လုံး၀ အနားေပးသြားႏိုင္တာ‌ျဖစ္တယ္လို႔ သိရပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X