Sport

မနက်ဖြန်၀တ်ဖိုဒ့်အသင်းနဲ့ပွဲစဉ်အတွက်မှန်မှန်ကန်ကန်ခန့်မှန်းပေးသွားတဲ့ဘောလုံးခန့်မှန်းဆရာကြီးအို၀င်ရဲ့ ခန့်မှန်းချက်

UNICODE

သာသာယာယာဘဲယူနိုက်တက်တို့ အနိုင်ရမယ်ဆိုတဲ့ ဘောလုံးခန့်မှန်းဆရာကြီးအို၀င်ရဲ့ ခန့်မှန်းချက်

ဒီတစ်ပါတ် စနေနေ့ည ၂:၃၀ အချိန်မှာတော့ ကျနော်တို့ ရဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ FA ဖလား ပွဲစဉ်အဖြစ်နဲ့ ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ ၀တ်ဖို့ဒ့် အသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ယူနိုက်တက်အသင်းမှ အငှားချထားသော ဂျိမ်းဂါနာကလည်းမိခင်ကလပ် အသင်းကို ပြိုင်ဘက်အဖြစ်ပြန်လည် ယှဉ်ပြိုင်ခွင့်ရပြီး ခြေစွမ်းကို ပြသနိုင်မယ့် အခွင့် အရေးရှိနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကြားရက် ကာရာဘောင်းဖလားပြိုင်ပွဲကနေ မန်စီးတီးကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရတာဖြစ်တာကြောင့် ယူနိုက်တက် အနေနဲ့ FA ဖလားပြိုင်ပွဲကို ပစ်မှတ်ထားလာမှာလည်းဖြစ်ပါတယ်။ထိုကြောင့်အဆြိပါပွဲစဉ်ကိုတော့ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ မိုက်ကယ် အို၀င်ကတော့ မနက်ဖြန်ည မှာ ကစားမယ့် ၀တ်ဖို့နဲ့ ယူနိုက်တက် ပွဲစဉ်ကို အောက်ပါအတိုင်း ခန့်မှန်းပေး သွားခဲ့ပါတယ်။အို၀င်ဟာ ယခုနောက်ပိုင်းမှာ ဘောလုံးပွဲစဉ်များကို ခန့်မှန်းပေးသူတစ်ဦးအနေနဲ့ ပရိတ်သတ်တေကြားမှာပြန်လည် ရေပန်းစားလာသူ တစ်ဦးဖြစ်ပြီး အထူးသဖြင့် မြန်မာပြည်မှာတော့ ပြောင်းပြန်အို၀င်၊အင်ဂလန်လင်းမူ၊ဘက်ကန်ဆရာကြီး အစရှိသဖြင့် ကျော်ကြားနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် နောက်ဆုံး ယူနိုက်တက်နဲ့ မန်စီးတီး အသင်းနဲ့ ပွဲစဉ်မှာလည်း ၎င်းရဲ့ တိကျလှတဲ့ ခန့်မှန်းမှုကြောင့် ပရိတ်သတ်တေရဲ့ အချစ်တေကို ရရှိခဲ့သူ ဖြစ်ပြီး မနက်ဖြန်ည ပွဲအတွက် ၎င်းရဲ့ ခန့်မှန်းထားပုံကို လည်း အောက်ပါအတိုင်းတွေ့မြင်ရပါတယ်ဗျာ။အို၀င်က” ဒီအချိန်မှာ အကောင်းဆုံး ကစား နေပေမယ့်လည်း မန်ယူနိုက်တက်ဟာ ကြားရက်မှာတုန်းက မန်စီးတီးကို ရှုံးကာ ကာရာဘောင်ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အဲဒီပွဲမှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပြီး ပွဲပယ်ခံထားရတဲ့ အက်ဒီဆင် ကာဗာနီ မပါနိုင်တာ ကတော့ ယူနိုက်တက် အတွက် နစ်နာ ခဲ့ပါတယ်။ ကာဗာနီ ကို ဒီလိုပွဲမျိုးမှာလည်း ယူနိုက်တက်တို့ လွမ်းနေရမှာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ နောက်တဆင့်ကို သာသာယာယာ တက်ရောက်နိုင်တဲ့ လုံလောက်တဲ့ အင်အား ရှိနေတယ်လို့ ကျွန်တော် ထင်နေဆဲပါ။” ဟုသုံးသပ်သွားခဲ့တာဘဲဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် : 3-1
#MUFF

ZAWGYI

သာသာယာယာဘဲယူႏိုက္တက္တို႔ အႏိုင္ရမယ္ဆိုတဲ့ ေဘာလုံးခန႔္မွန္းဆရာႀကီးအို၀င္ရဲ႕ ခန္႔မွန္းခ်က္

ဒီတစ္ပါတ္ စေနေန႔ည ၂:၃၀ အခ်ိန္မွာေတာ့ က်ေနာ္တို႔ ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္တို႔ဟာ FA ဖလား ပြဲစဥ္အျဖစ္နဲ႔ ခ်န္ပီယံရွစ္ကလပ္ အသင္းတစ္သင္း ျဖစ္တဲ့ ၀တ္ဖို႔ဒ့္ အသင္းနဲ႔ အိုးထရက္ဖို႔ဒ္ကြင္းအတြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာလည္းျဖစ္ပါတယ္။ယူႏိုက္တက္အသင္းမွ အငွားခ်ထားေသာ ဂ်ိမ္းဂါနာကလည္းမိခင္ကလပ္ အသင္းကို ၿပိဳင္ဘက္အျဖစ္ျပန္လည္ ယွဥ္ၿပိဳင္ခြင့္ရၿပီး ေျခစြမ္းကို ျပသႏိုင္မယ့္ အခြင့္ အေရးရွိေနတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ၾကားရက္ ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန မန္စီးတီးကို ရႈံးနိမ့္ကာ ထြက္ခြာခဲ့ရတာျဖစ္တာေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ FA ဖလားၿပိဳင္ပြဲကို ပစ္မွတ္ထားလာမွာလည္းျဖစ္ပါတယ္။ထိုေၾကာင့္အႀဆိပါပြဲစဥ္ကိုေတာ့ ယူႏိုက္တက္ အသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္သူ မိုက္ကယ္ အို၀င္ကေတာ့ မနက္ျဖန္ည မွာ ကစားမယ့္ ၀တ္ဖို႔နဲ႔ ယူႏိုက္တက္ ပြဲစဥ္ကို ေအာက္ပါအတိုင္း ခန႔္မွန္းေပး သြားခဲ့ပါတယ္။အို၀င္ဟာ ယခုေနာက္ပိုင္းမွာ ေဘာလုံးပြဲစဥ္မ်ားကို ခန႔္မွန္းေပးသူတစ္ဦးအေနနဲ႔ ပရိတ္သတ္ေတၾကားမွာျပန္လည္ ေရပန္းစားလာသူ တစ္ဦးျဖစ္ၿပီး အထူးသျဖင့္ ျမန္မာျပည္မွာေတာ့ ေျပာင္းျပန္အို၀င္၊အင္ဂလန္လင္းမူ၊ဘက္ကန္ဆရာႀကီး အစရွိသျဖင့္ ေက်ာ္ၾကားေနတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ဆုံး ယူႏိုက္တက္နဲ႔ မန္စီးတီး အသင္းနဲ႔ ပြဲစဥ္မွာလည္း ၎ရဲ႕ တိက်လွတဲ့ ခန႔္မွန္းမႈေၾကာင့္ ပရိတ္သတ္ေတရဲ႕ အခ်စ္ေတကို ရရွိခဲ့သူ ျဖစ္ၿပီး မနက္ျဖန္ည ပြဲအတြက္ ၎ရဲ႕ ခန႔္မွန္းထားပုံကို လည္း ေအာက္ပါအတိုင္းေတြ႕ျမင္ရပါတယ္ဗ်ာ။အို၀င္က” ဒီအခ်ိန္မွာ အေကာင္းဆုံး ကစား ေနေပမယ့္လည္း မန္ယူႏိုက္တက္ဟာ ၾကားရက္မွာတုန္းက မန္စီးတီးကို ရႈံးကာ ကာရာေဘာင္ဖလား ၿပိဳင္ပြဲ ကေန ထြက္ခြာ ခဲ့ရပါတယ္။

ယူႏိုက္တက္ဟာ အဲဒီပြဲမွာ အခြင့္အေရးေတြ အမ်ားႀကီး ရွိခဲ့ၿပီး ပြဲပယ္ခံထားရတဲ့ အက္ဒီဆင္ ကာဗာနီ မပါႏိုင္တာ ကေတာ့ ယူႏိုက္တက္ အတြက္ နစ္နာ ခဲ့ပါတယ္။ ကာဗာနီ ကို ဒီလိုပြဲမ်ိဳးမွာလည္း ယူႏိုက္တက္တို႔ လြမ္းေနရမွာပါ။ ဒါေပမယ့္ ယူႏိုက္တက္ဟာ ေနာက္တဆင့္ကို သာသာယာယာ တက္ေရာက္ႏိုင္တဲ့ လုံေလာက္တဲ့ အင္အား ရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္ေနဆဲပါ။” ဟုသုံးသပ္သြားခဲ့တာဘဲျဖစ္ပါတယ္။မိုက္ကယ္အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ : 3-1
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X