Sport

ကစားသမားသစ်အာမက်ဒီရယ်လိုဟာအရန်ခုံမှာထိုင်ရဦးမှာဖြစ်ကြောင်းဖွင့်ဟသွားခဲ့တဲ့ဆိုလ်းရှား

UNICODE

ကစားသမားသစ်အာမက်ဒီရယ်လိုဟာအရန်ခုံမှာထိုင်ရဦးမှာဖြစ်ကြောင်းဖွင့်ဟသွားခဲ့တဲ့ဆိုလ်းရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ကည ၉ နာရီ ၀န်းကျင် အချိန်မှာ အတ္တလန်တာအသင်းရဲ့ လူငယ် ကစားသမားလေးဖြစ်သူ အာမက်ဒီရယ်လို ထရာအိုရေးကို ‌ပြောင်းရွှေ့ကြေး+ ထပ်ဆောင်းအပိုဆုကြေး ပေါင်း ပေါင်၃၆ သန်း ဖြင့် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းတရား၀င်ကြေငြာသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဆိုပါ ကစားသမားလေးဟာ လက်ရှိအချိန်မှာ ဗီဇာရရှိရန်အတွက် စောင့်ဆိုင်းနေရစည်ဟု သိရပြီး မကြာမှီအချိန်အတွင်းမှာ မန်ချက်စတာကို ရောက်ရှိကာ ယူနိုက်တက်နှင့် အတူ‌ပူးပေါင်းနိုင်တော့မည်လည်းဖြစ်ပါတယ်။ဒါ့အပြင် ၎င်းဟာ ယူနိုက်တက်ကို ရောက်ရှိပါက ကွာရန်တင်း၀င်စရာမလိုကြောင်း လည်း သတင်းရရှိပြီး ကိုဗစ်ရောဂါပိုးစစ်ဆေးမှု သာ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။အဆိုပါအပြောင်းအရွှေ့တရား၀င် ဖြစ်ပေါ်လာပြီးတဲ့ အချိန်မှာတော့ ကစားသမားဖြစ်သူ အာမက်ဟာ ၎င်းရဲ့ ရင်တွင်းခံစားချက်တစ်ချို့ ကို ဖွင့်ဟ သွားခဲ့ပါတယ်။အာမက်က”နွေကတည်းက စောင့်နေခဲ့ရတဲ့အိမ်မက်ကနောက်ဆုံးတော့ ဖြစ်လာခဲ့ပါပြီ။ကျနော့်ရဲ့ နောက်ဖပ်တက်လှမ်းရမယ့် ခြေလှမ်းတေ၊ကျနော့်ရည်မှန်းချက်‌တွေအတွက် ယူနိုက်မှာ အပြင်းအထန် ကြိုးစားသွားမှာ ပါ။ကျနော်နည်းပြနဲ့ စကားပြောပြီးကတည်းက ဒီကလပ်အသင်းက အကြီးကျယ်ဆုံးကလပ်အသင်းတစ်သင်းဖြစ်တယ်ဆိုတာ နားလည်လိုက်ပါတယ်” ဟု ဖွင့်ဟ ထားခဲ့သူ ဖြစ်ပါတယ်။အဆိုပါ ကစားသမားလေးဟာ မကြာခင်မှာ ရောက်ရှိလာတော့ မှာ ဖြစ်ပြီး ကျနော်တို့ ရဲ့ ယူနိုက်တက် နည်းပြဖြစ်သူ ဆိုလ်းရှားကတော့ ကစားသမားလေးရောက်ရှိလာချိန်မှာ အရန်ခုံမှာပင် ထိုင်ရဦးမှာ ဖြစ်ကြောင်း ကို သွယ်ဝှိုက်သော စကားနဲ့ ပြောသွားခဲ့ပါတယ်။ဆိုလ်းရှားက” ကျနော်တို့ ကလပ်အသင်းတစ်သင်းအနေနဲ့ အာမက်အပေါ် နှစ်အတော်ကြာ စောင့်ကြည့်ခဲ့ကြပါတယ်။ကျနော်ကိုယ်တိုင်လည်း သူ့ခြေစွမ်းအပေါ်စောင့်ကြည့် ခဲ့ပါတယ်။စိတ်လှုပ်ရှားမှုပေးနိုင်စွမ်းရှိတဲ့ လူငယ်တစ်ဉီးလို့ ကျနော် ယုံကြည်ပါတယ်။ဒီလိုလူငယ်တေကို မြေတောင်မြှောက်ပေးတဲ့ သမိုင်းကြောင်းပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်ကို ရွှေးချယ်ခဲ့တာ သူ့အတွက်မှန်ကန်စေမှာပါ။ဒီနေရာမှာ သူ့ရဲ့ အရည်အချင်းတေအပြည့်အ၀ ရရှိနိုင်ဖို့ အားလုံးကဝိုင်း၀န်ကူညီကြမှာပါ။သူ့မှာ အမြန်နှုန်း၊ပြိုင်ဘက်ကစားသမားတေကို ကျော်ဖြတ်နိုင်စွမ်းအစရှိတဲ့ သိပ်ကောင်းတဲ့ စွမ်းရည်တွေ ရှိပါတယ်။ဒါပေမယ့် ဒီအချိန်က သူ့ က လေ့လာသင်ယူရမယ့် အချိန်ပါ။သူက ယူနိုက်တက်ရဲ့ နောက်လာမယ့် နှစ်တေမှာ တော့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ ပြုပြင်မှုတေမလုပ်ရသေးတဲ့ အရည်အချင်းတေ ပြည့်၀နေတဲ့ လူငယ်တစ်ယောက်ပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။


ကဲ ယူနိုက်တက်ပရိတ်သတ်တစ်ယောက်အနေနဲ့ကတော့ ဆိုလ်းရှားဘာကို ဆိုလိုတယ်ဆိုတာ ကိုနားလည်လောက်မှာပါ။သေချာပါတယ် ယူ-၂၃ မှာ အရင်ကစားရမှာပါ။အရန်ခုံမှာတောင် မြင်ရဖွယ်မရှိသေးပါဖူး။ကစားသမားရဲ့ ခန္ဓာကိုယ်အနေအထား၊ကြံ့ခိုင်မှုအနေအထား အစရှိတာတေက ယူနိုက်တက် မှာ တိုက်ရိုက်၀င်ကစားဖို့ ကလည်း မဖြစ်နိုင်သေးတဲ့ အနေအထားမှာ ရှိနေတာလည်းတွေ့ရပါတယ်။ဒါ့အပြင်”နောက်လာမယ့် နှစ်တေမှာအရေးပါတဲ့ ကစားသမားဖြစ်လာပါလိမ့်မယ် “ဆိုတဲ့ ဆိုလ်းရှားရဲ့ပြောစကားတေ အရတော့ သေချာပါတယ် ကစားသမားလေးက ဒီရာသီ အသင်းမှာမြင်တွေ့ရဖွယ်မရှိသေးပါဖူး။အာမက်ဟာ အတ္တလန်တာအသင်းမှာလည်း လူငယ်အသင်းမှာသာ ပုံမှန်ကစားခွင့်ရထားသူဖြစ်ပြီး အသင်းကြီးမှာတော့ ၁ ပွဲစ ၂ ပွဲစလောက်သာ အရန်အဖြစ် ပါ၀င်ခွင့် ရရှိဖူးခဲ့သူတစ်ဦးဖြစ်ပြီး သွင်းဂိုးတစ်ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
#MUFF

ZAWGYI



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X