Sport
ရောက်ရောက်ခြင်းမှာဘဲ သရဲနီသွေးအပြည့်ရှိကြောင်းပြသသွားတဲ့ ကစားသမားအသစ် အာမက်ဒီရယ်လို
UNICODE
ရောက်ရောက်ခြင်းမှာဘဲ သရဲနီသွေးအပြည့်ရှိကြောင်းပြသသွားတဲ့ ကစားသမားအသစ် အာမက်ဒီရယ်လို
အာမက် ဒိုင်ယယ်လို ထရာအိုရေး ရဲ့ ယူနိုက်တက်နှင့် အပြောင်းအရွှေ့ ဟာ ပြည့်စုံသွားပြီ ဖြစ်ကြောင်း လက်ရှိ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းက တရား၀င်ကြေငြာမှု ပြုလုပ်သွား ခဲ့ပြီလည်း ဖြစ်ပါတယ်။ကစားသမားဟာ မန်ချက်စတာ ကို လာဖို့အတွက် ဗီဇာစောင့်ဆိုင်းလျက် ရှိပြီး မကြာခင်ကာလမှာ ယူနိုက်တက်ကို ရောက်ရှိလာတော့ မှာဘဲ ဖြစ်ပါတယ်။ဒီရယ်လိုဟာ ယူနိုက်တက် နှင့် ၂၀၂၅ အထိ စာချုပိချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့် လည်း စာချုပ်မှာ ပါ၀င်တာဖြစ်ပါတယ်။မည်သည့် ကျောနံပါတ် ၀တ်ဆင်မည်ကို မသိရသေးပေမယ့် လာမည့် ရက်ပိုင်းအတွင်း ကြေညာသွားဖို့လည်း ရှိနေပါတယ်။ဒါ့အပြင် ၎င်းကစားသမားဟာ အင်္ဂလန် သို့ ရောက်ရှိလာပါက ကွာရန်တင်း ဝင်စရာ မလိုကြောင်း လည်း သတင်းရရှိပါတယ်။ယခုအချိန်မှာတော့ ၎င်းဟာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာ ယူနိုက်တက် ပရိတ်သတ်တေ သဘောကျစေမယ့် စကားလုံးတေကို ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါတယ်။အာမက် က ” နွေရာသီ ကတည်း က စောင့်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ယူနိုက်တက် ကို အပြီးသတ် ပြောင်းရွှေ့လာနိုင်ခဲ့ပါပြီ။ကျနော့်ရဲ့ အိမ်မက် အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက် တွေ နဲ့ နောက်ထပ် ခြေလှမ်းအသစ်တေအတွက် အကောင်အထည် ဖော်သွားချင်ပါတယ်။ နည်းပြ နဲ့ စကားပြော ပြီးကတည်းက ဒီကလပ်ကလုံးဝ ပြည့်စုံတဲ့ ကလပ် ဆိုတာ သိနေခဲ့ပါတယ် ” ဟု ဆိုခဲ့ပါတယ်။ဒါ့အပြင် အတ္တလန်တာ အသင်းက ၎င်းကို ရာသီကုန်အထိအငှားဖြင့် ပြန်လည်ခေါ်ယူရန်ကြိုးပမ်းခဲ့မှု အပေါ် ၎င်းက ပြတ်ပြတ်သားသားပါယ်ချခဲ့တယ်လို့ လည်းသိရပါတယ်။
ယူနိုက်တက်နဲ့၀တ်ဖိုဒ့်တို့၏ FA ဖလားပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မ‌နေသိထားသင့်သောအချက်၃ ချက်
၎င်းက” ယူနိုက်တက်အသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတေ အများကြီး ရှိပါတယ်။ဒါကြောင့် ကျနော် သူတို့စီကနေ နေ့စဉ်နှင့်အမျှ သင်ယူဖို့ ကြိုးစားသွားမှာပါ။ကျနော် စာချုပ်ချုပ်ဆိုပြီးကတည်း က ကျနော့် အပေါ် ယူနိုက်တက်ဘက် ကအတော်လေးကို ဂရုစိုက်ပေးခဲ့ပါတယ်။နောက်ဆုံးကျနော့် အပေါ် အကြညာဏ်ကောင်းတေလည်း ပေးခဲ့ပါတယ်။”ဟု ပြောသွားခဲ့ပါတယ်။ဒါ့ပြင် အတ္တလန်တာဘုတ်အဖွဲ့က ပြီးခဲ့တဲ့ အပတ်က Diallo နှင့်ဆွေးနွေးပြီး ရာသီကုန်အထိအငှားဆက်နေရန် ကြိုးပမ်းခဲ့သည်ဆိုသည့် အပေါ် ၎င်းက “အရာအားလုံးအတွက်ကျေးဇူးပါ။ ကျနော် အတ္တလန်တာကိုချစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကိုသွားဖို့အချိန်ကျပြီ”ဟု ဆိုကာပြတ်သားစွာယူနိုက်တက် ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X