Uncategorized
ကစားသမားအသစ်တရား၀င်ကြေငြာသွားတဲ့သတင်းအပါအဝင် မနက်ခင်းယူနိုက်တက်သတင်းတိုများ
UNICODE
တရား၀င်ကစားသမားသစ်ခေါ်ယူလိုက်တဲ့သတင်းအပါအဝင် မနက်ခင်းယူနိုက်တက်သတင်းတိုများ
ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာထဲက ယူနိုက်တက်တို့ဟာ အတ္တလန်တာ အသင်းနှင့် သဘောတူညီမှု ရရှိထားခဲ့တဲ့ လူငယ်လေး အာမက် ဒီရယ်လို ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရား၀င်‌ကြောညာသွားခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် အတ္တလန်တာအသင်းက ဒီရယ်လိုကို အငှားစာချုပ်ဖြင့် ပြန်လည်ခေါ်ယူရန် အသည်းအသန်ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ပြတ်သားစွာငြင်းပါယ်ကာ ယူနိုက်တက် အသင်းသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်းလည်း သတင်းရရှိပါတယ်။ အာမက် ဒီအာလို သည် United နှင့် 2025 ထိ စာချုပ်ချုပ်ဆိုခဲ့ပြီးပြီးတစ်နှစ်သက်တမ်းတိုးခွင့် ပါအချက်အလက်နှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။    ယူနိုက်အသင်းသည် ညာနောက်ခံလူ ဝမ်ဘစ်ဆကာ၏ တိုက်စစ်လိုက်ပါမှု ပိုမိုတိုးတက်လာစေရန် ၎င်းရဲ့ခြေစွမ်းကို ဖိအားပေးနိုင်မည့်ညာနောက်ခံလူတစ်ဦးကိုယခု ဇန်နဝါရီ‌ဈေးကွက်တွင် ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်းသိရသည်။     ယူနိုက်တက်လူငယ်တောင်ပံကစားသမား ပယ်လစ္စထရီသည် ယနေ့တွင် ယူနိုက်တက်စီနီယာအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းထားခဲ့ကြောင်းသိရပြီးစနေနေ့ညမှကစားမယ့် ၀က်ဖို့ဒ်နဲ့ FA cup ပွဲစဉ်မှာပါဝင်ကစားဖို့အခွင့်အရေးရှိနေကြောင်းသိရသည်။    ဂိုးသမားရိုမဲရိုသည် ယခုဇန်န၀ါရီတွင်ပင်အသင်းပြောင်းရွှေ့နိုင်ချေရှိပြီး ယူနိုက်တက်အသင်းဝန်ထမ်းများ အားနှုတ်ဆက်စကားပြောခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။   အာမက်ဒီရယ်လိုရဲ့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အပေါ် ပြောစကား”ကျွန်တော်United ကို ပြောင်းရွေ့ခဲ့ပြီးတော့ ကျနော့်အိမ်မက်တွေ ဟာ လက်တွေ့မှာ အကောင်အထည်ပေါ်လာခဲ့ပြီးပါပြီ။ကျွန်တော်ဘဝရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ အံ့သြဖို့ကောင်းတဲ့ ဒီကလပ်အသင်း နဲ့ အတူ အကောင်းဆုံးစတင်နိုင်ဖို့ အတွက်အပြင်းအထန်ကြိုးစားသွားမှာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြဖြစ်သူ ဆိုလ်းရှားဟာ လာမယ့် စနေနေ့ည မှာကစားမယ့် ၀တ်ဖို့ဒ့်အသင်းနှင့် ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းကို တစ်သင်းလုံးနီးပါ အပြောင်း
အလဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါသည်။ဒါ့အပြင် ဗန်ဒီဘီ မှာလည်း အသင်းရဲ့ ပွဲထွက်လူ စာရင်းမှာကြိမ်သေပါ၀င်လာမည် ဖြစ်ကြောင်းသိရပါသည်။ယူနိုက်တက်အသင်းမှ ၀တ်ဖို့အသင်းသို့ အငှားချထားသော ကစားသမားဖြစ်သူ ဂါနာမှာလည်း ယူနိုက်တက်အသင်းကို ပထမဆုံးအကြိမ် ပြိုင်ဘက် အဖြစ်ပြန်လည်ဆုံတွေ့ရမှာလည်း ဖြစ်ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X