Sport

ယခုဇန်နဝါရီမှာပင်အသင်းကထွက်ခွာတော့မည့်အကြောင်း ပရိတ်သတ်ကို အသိပေးသွားတဲ့ကစားသမား

 

UNICODE

ယခုဇန်နဝါရီမှာပင်အသင်းကထွက်ခွာတော့မည့်အကြောင်း ပရိတ်သတ်ကို အသိပေးသွားတဲ့ကစားသမား

ယူနိုက်တက်တို့ရဲ့ အမေ့ခံဂိုးသမားကြီးဖြစ်သူ ဆာဂျီယို ရိုမီယိုဟာ အသင်းမှာ ရှိတဲ့ ၀န်ထမ်းအားလုံးကို လိုက်လံနှုတ်ဆက်ပြီး သွားပြီဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်အဆိုပါ အာဂျင်တိုင်းသားကြီးဟာ ယခုဇန်နဝါရီမှာ ပင် ယူနိုက်တက် က ထွက်ခွာတော့မှာ ဖြစ်ပြီး ၎င်းရဲ့ ကစားသမားဘ၀ ၅ နှစ်ကြာ အိုးထရက်ဖိုဒ် ခရီးစဉ်ကြီး က ဒီမှာတင် အဆုံးသတ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ရိုမီယိုဟာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သည့် အချိန်မှ စပြီး ပင်တိုင်ဂိုးသမားဖြစ်သူ ဒီဂီယာရဲ့ နောက်ဒုတိယ ဦးစားပေးဂိုးသမား အဖြစ် ၅ နှစ်ကြာအောင် ယူနိုက်တက် အသင်းမှာ အသုံးတော် ခံခဲ့ရတာလည်းဖြစ်ပါတယ်။ရိုမီယိုဟာ ပြီးခဲ့တဲ့ နှစ် ဆီဗီလား အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ထဲက အသင်းအတွက် ပါ၀င်ခွင့် ရရှိခဲ့တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ နွေက အဲဗာတန်အသင်းသို့အသင်းပြောင်းဖို့ စီစဉ်ထားခဲ့ပေမယ့် အသင်းရဲ့ တားမြစ်မှုကြောင့် အပြောင်းအရွှေ့မဖြစ်ပေါ် ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရှက်ဖီးအသင်းသို့ အငှားချထားသူ ဂိုသမားဟန်ဒါဆန် ရောက်‌ရှိလာခြင်းကြောင့် ၎င်းရဲ့ ကစားသမား ဘ၀ဟာ ယူနိုက်တက်မှာ ရှိမနေတော့ကြောင်း သိရှိခဲ့တဲ့ ရိုမီယိုဟာ ဒီဇန်နဝါရီ ကာလမှာပင် အသင်းပြောင်းရွှေ့တော့ မှာလည်းဖြစ်ပါတယ်။ဟန်ဒါဆန်ဟာ မနေ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပါ၀င်ကစားခဲ့ပါသေးတယ်။ဒါ့အပြင်ရိုမီယိုဟာ ယခုနှစ် ၂၀၂၁ ခုနှစ် ကစတင်ချိန်ကစပြီး အသင်း၏လေ့ကျင့်ရေး သို့ ရောက်ရှိမလာခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ရိုမီယိုရဲ့ စာချုပ်သက်တမ်းကလည်း ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ကလည်း ယခုဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ရန် ဖိအားပေးထားကြောင်းသိရပါသည်။၎င်းရဲ့ မူလရည်မှန်းချက်ကတော့ ယူနိုက်တက်မှာ ကစားသမားဘ၀ ကုန်ဆုံးရန်ဖြစ်ပြီး ၎င်းရဲ့ ကစားသမားဘ၀ဟာ ယူနိုက်တက်မှာ မရှိတော့ကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ ၎င်းဟာ အသင်းမှ ထွက်ခွာရန် စီစဉ်ခဲ့တာ ဖြစ်ကြောင်းသိရပါသည်။ပြီးခဲ့တဲ့ နွေက ပြောင်းရွှေ့ရန်စီစဉ်မှု ကို တားမြစ်ခဲ့သော ဘုတ်အဖွဲ့အနေနဲ့ ဒီတစ်ခါမှာတော့ ထွက်ခွာခွင့်ကို ပိတ်ပင်ခွင့် မရတော့ကြောင်း သိရပါသည်။ရိုမီယိုဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ် လူစာရင်းများမှ ထုတ်ပါယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပါတ်သတ်ပြီး ရိုမီယိုရဲ့ မိန်းမ ဖြစ်သူ အယ်လီယာနာဂူရာစီယို ကတော့ ရိုမီယို အသင်းပြောင်းရန်စီစဥ်မှု ကို ပိတ်ပင် ခဲ့မှု အပေါ် ယူနိုက်တင် အသင်းအနေနဲ့ သူ၏ ယောက်ျားဖြစ်သူအပေါ်တွင် လေးစားမှု မရှိကြောင်း အင်စတာဂရမ်မှာ ဝေဖန်ခဲ့ပါတယ်။

အဆိုပါအသက် ၃၃ နှစ်အရွယ် ကစားသမားကြီး ဟာ ယူနိုက်တက်မှာ ကောင်းမွန်တဲ့ ကစားသမားဘ၀ ကို ပိုင်‌ဆိုင်ခဲ့ရပေမယ့် ဇတ်သိမ်းကတော့ မလှခဲ့တာဘဲဖြစ်ပါတယ်။၎င်းဟာ ယူနိုက်တက်ကစားသမားဘ၀ မှာ ကာရာဘောင်းဖလား၊အက်ဖ်အေဖလား၊ကွန်မြူန‌တီဒိုင်း၊ယူရိုပါလိဂ် ဖလား အစရှိတဲ့ ဆုတေကို အောင်မြင်မှု ရရှိခဲ့သူ လည်း ဖြစ်ပါတယ်။ဘာဘဲပြောပြောပါ ရိုမီယိုရေး မင်းရောက်တဲ့ အသင်းမှာ အကောင်းဆုံး ကြိုးစားလက်စွမ်းပြလိုက်ပါကွာ။မင်းဘယ်အသင်းရောက်နေနေ ငါတို့ ပရိတ်တေက လိုက်အားပေးနေမှာပါ။တကယ်လို့ ရန်‌သူတေအဖြစ် ပြန်တွေ့ခွင့် ရမယ် ဆိုရင်လည်း မင်းကို ငါတို့ လက်ခုပ်တီးပြီး ကြိုဆိုနေမှာပါကွာ။

#muff

Zawgyi

ယခုဇန္နဝါရီမွာပင္အသင္းကထြက္ခြာေတာ့မည့္အေၾကာင္း ပရိတ္သတ္ကို အသိေပးသြားတဲ့ကစားသမား

ယူႏိုက္တက္တို႔ရဲ႕ အေမ့ခံဂိုးသမားႀကီးျဖစ္သူ ဆာဂ်ီယို ႐ိုမီယိုဟာ အသင္းမွာ ရွိတဲ့ ၀န္ထမ္းအားလုံးကို လိုက္လံႏႈတ္ဆက္ၿပီး သြားၿပီျဖစ္ေၾကာင္းသိရပါတယ္။ဒါေၾကာင့္
အဆိုပါ အာဂ်င္တိုင္းသားႀကီးဟာ ယခုဇန္နဝါရီမွာ ပင္ ယူႏိုက္တက္ က ထြက္ခြာေတာ့မွာ ျဖစ္ၿပီး ၎ရဲ႕ ကစားသမားဘ၀ ၅ ႏွစ္ၾကာ အိုးထရက္ဖိုဒ္ ခရီးစဥ္ႀကီး က ဒီမွာတင္ အဆုံးသတ္ခဲ့ၿပီ ျဖစ္ေၾကာင္း သိရပါသည္။ ႐ိုမီယိုဟာ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့သည့္ အခ်ိန္မွ စၿပီး ပင္တိုင္ဂိုးသမားျဖစ္သူ ဒီဂီယာရဲ႕ ေနာက္ဒုတိယ ဦးစားေပးဂိုးသမား အျဖစ္ ၅ ႏွစ္ၾကာေအာင္ ယူႏိုက္တက္ အသင္းမွာ အသုံးေတာ္ ခံခဲ့ရတာလည္းျဖစ္ပါတယ္။႐ိုမီယိုဟာ ၿပီးခဲ့တဲ့ ႏွစ္ ဆီဗီလား အသင္းနဲ႔ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ပြဲစဥ္ထဲက အသင္းအတြက္ ပါ၀င္ခြင့္ ရရွိခဲ့တာ မဟုတ္ဘဲ ၿပီးခဲ့တဲ့ ေႏြက အဲဗာတန္အသင္းသို႔အသင္းေျပာင္းဖို႔ စီစဥ္ထားခဲ့ေပမယ့္ အသင္းရဲ႕ တားျမစ္မႈေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ေပၚ ခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ရွက္ဖီးအသင္းသို႔ အငွားခ်ထားသူ ဂိုသမားဟန္ဒါဆန္ ေရာက္‌ရွိလာျခင္းေၾကာင့္ ၎ရဲ႕ ကစားသမား ဘ၀ဟာ ယူႏိုက္တက္မွာ ရွိမေနေတာ့ေၾကာင္း သိရွိခဲ့တဲ့ ႐ိုမီယိုဟာ ဒီဇန္နဝါရီ ကာလမွာပင္ အသင္းေျပာင္းေ႐ႊ႕ေတာ့ မွာလည္းျဖစ္ပါတယ္။ဟန္ဒါဆန္ဟာ မေန႔ည က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ပါ၀င္ကစားခဲ့ပါေသးတယ္။ဒါ့အျပင္႐ိုမီယိုဟာ ယခုႏွစ္ ၂၀၂၁ ခုႏွစ္ ကစတင္ခ်ိန္ကစၿပီး အသင္း၏ေလ့က်င့္ေရး သို႔ ေရာက္ရွိမလာခဲ့တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။႐ိုမီယိုရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ဒီရာသီ အကုန္မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး ယူႏိုက္တက္ အေနနဲ႔ ကလည္း ယခုဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ရန္ ဖိအားေပးထားေၾကာင္းသိရပါသည္။၎ရဲ႕ မူလရည္မွန္းခ်က္ကေတာ့ ယူႏိုက္တက္မွာ ကစားသမားဘ၀ ကုန္ဆုံးရန္ျဖစ္ၿပီး ၎ရဲ႕ ကစားသမားဘ၀ဟာ ယူႏိုက္တက္မွာ မရွိေတာ့ေၾကာင္း သိလိုက္ရတဲ့ အခ်ိန္မွာေတာ့ ၎ဟာ အသင္းမွ ထြက္ခြာရန္ စီစဥ္ခဲ့တာ ျဖစ္ေၾကာင္းသိရပါသည္။ၿပီးခဲ့တဲ့ ေႏြက ေျပာင္းေ႐ႊ႕ရန္စီစဥ္မႈ ကို တားျမစ္ခဲ့ေသာ ဘုတ္အဖြဲ႕အေနနဲ႔ ဒီတစ္ခါမွာေတာ့ ထြက္ခြာခြင့္ကို ပိတ္ပင္ခြင့္ မရေတာ့ေၾကာင္း သိရပါသည္။႐ိုမီယိုဟာ ဒီရာသီမွာ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္၊ပရီးမီးယားလိဂ္ လူစာရင္းမ်ားမွ ထုတ္ပါယ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

ထိုကိစၥနဲ႔ ပါတ္သတ္ၿပီး ႐ိုမီယိုရဲ႕ မိန္းမ ျဖစ္သူ အယ္လီယာနာဂူရာစီယို ကေတာ့ ႐ိုမီယို အသင္းေျပာင္းရန္စီစဥ္မႈ ကို ပိတ္ပင္ ခဲ့မႈ အေပၚ ယူႏိုက္တင္ အသင္းအေနနဲ႔ သူ၏ ေယာက္်ားျဖစ္သူအေပၚတြင္ ေလးစားမႈ မရွိေၾကာင္း အင္စတာဂရမ္မွာ ေဝဖန္ခဲ့ပါတယ္။အဆိုပါအသက္ ၃၃ ႏွစ္အ႐ြယ္ ကစားသမားႀကီး ဟာ ယူႏိုက္တက္မွာ ေကာင္းမြန္တဲ့ ကစားသမားဘ၀ ကို ပိုင္‌ဆိုင္ခဲ့ရေပမယ့္ ဇတ္သိမ္းကေတာ့ မလွခဲ့တာဘဲျဖစ္ပါတယ္။၎ဟာ ယူႏိုက္တက္ကစားသမားဘ၀ မွာ ကာရာေဘာင္းဖလား၊အက္ဖ္ေအဖလား၊ကြန္ျမဴန‌တီဒိုင္း၊ယူ႐ိုပါလိဂ္ ဖလား အစရွိတဲ့ ဆုေတကို ေအာင္ျမင္မႈ ရရွိခဲ့သူ လည္း ျဖစ္ပါတယ္။ဘာဘဲေျပာေျပာပါ ႐ိုမီယိုေရး မင္းေရာက္တဲ့ အသင္းမွာ အေကာင္းဆုံး ႀကိဳးစားလက္စြမ္းျပလိုက္ပါကြာ။မင္းဘယ္အသင္းေရာက္ေနေန ငါတို႔ ပရိတ္ေတက လိုက္အားေပးေနမွာပါ။တကယ္လို႔ ရန္‌သူေတအျဖစ္ ျပန္ေတြ႕ခြင့္ ရမယ္ ဆိုရင္လည္း မင္းကို ငါတို႔ လက္ခုပ္တီးၿပီး ႀကိဳဆိုေနမွာပါကြာ။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X