Sport

ဖာဂူဆန်နှစ်၂၀ကျော်တင်ခဲ့ရတဲ့စံချိန်ကိုနှစ်နှစ်အတွင်းအမှီလိုက်နိုင်ခဲ့တဲ့တပည့်ဖြစ်သူဆိုလ်းရှား

UNICODE

ဆရာသမားဖာဂူဆန်ရဲ့ စံချိန်ကို နှစ်နှစ်အတွင်း အမှီလိုက်နိုင်ခဲ့တဲ့ တပည့်ဖြစ်သူဆိုလ်းရှား

ယူနိုက်တက် အသင်းဟာမနေ့ည က ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်မှာ မန်ချက်စတာ မြို့ခံ ပြိုင်ဘက်ဖြစ်သူ မန်ချက်စတာစီးတီးအသင်း ကို အိမ်ကွင်းမှာ မန်စီးတီးကစားသမားများဖြစ်ကြတဲ့ ဂျွန်စတုံး၊ဖာနန်ဒင်ဟိုအစရှိတဲ့ ကစားသမားတေရဲ့ သွင်းဂိုး ၂ ဂိုးဂိုးနဲ့ အတူ နှစ်ဂိုး ဂိုး မရှိဆို တဲ့ ရလဒ်နဲ့ အတူ စိတ်ပျက်ဖွယ်အရှုံးပေး ခဲ့ရပြီးပြိုင်ပွဲကနေ လည်း နှုတ်ဆက် ခဲ့ရပြီ ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အသင်းမှ ကစားသမား တစ်ချို့ ရဲ့ ပွဲပမ်းနေပုံနဲ့ အတူလျော့ရဲနေတဲ့ကစားဟန်ကြောင့် အရှုံးပေးလိုက်ကတာလည်း ဖြစ်ပါတယ်။အထူးသဖြင့် မန်ချက်စတာစီးတီးအသင်းနှင့် အဆိုပါ ကာရာဘောင်း ဖလား ပြိုင်ပွဲမှာတင် နှစ်နှစ်ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့် မှာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်စလုံး အရှုံးရလဒ်နဲ့ အတူ ထွက်ခွာသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့အပြင် နည်းပြဆိုလ်းရှားဖြစ်သူ ဆိုလ်းရှားက လည်း ယူနိုက်တက်နည်းပြ သက်တမ်းတစ်လျောက်မှာ ၄ ကြိမ်ဆီမီးဖိုင်နယ် အဆင့် တက်ရောက်ထားနိုင်ခဲ့ပြီး ၄ ကြိမ်စလုံးရှုံးနိမ့်ကာ ထွက်ခွာ ခဲ့ရတယ်
ဆိုတဲ့ မှတ်တမ်း ဆိုးကြီးကိုလည်း ပိုင်ဆိုင်ထားခဲ့ရတာဖြစ်ပါတယ်။လိဂ်ဖလားပြိုင်ပွဲမှာ နှစ်နှစ် ဆက်တိုက် ပြိုင်ပွဲကနေ မန်စီးတီး အသင်းကိုရှုံးနိမ့်ပြီး ထွက်ခွာ ခဲ့ရသလို ပြီးခဲ့တဲ့ နှစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှာလည်း ဆီဗီးလားအသင်းကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီး FA cup ဖလားပြိုင်ပွဲမှာ လည်း ချဲလ်ဆီးအသင်းကို ဆီမီးဖိုင်နယ် အဆင့်မှာ ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက်နည်းပြ ဖြစ်သူ အိုလီဂန်းနားဆိုလ်းရှားကတော့ ၎င်းရဲ့ ဆရာဟောင်း ယူနိုက်တက် အသင်းရဲ့ ဂန္တ၀င် နည်းပြ ကြီး ဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နည်းပြသက်တမ်းတစ်လျောက် တင်ရှိထားတဲ့ စံချိန်တစ်ခု ကို လိုက်မှီသွားခဲ့တာ လည်းဖြစ်ပါတယ်။အဆိုပါ စံချိန်ကတော့ ဂုရုကြီး ဖာဂီရဲ့ မနခချက်စတာ ယူနိုက်တက် နည်းပြ သက်တမ်း (၂၆) နှစ် အတွင်း ပြည်တွင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များမှာ ရှုံးနိမ့်သည့် အကြိမ်အရေအတွက် ကို လိုက်မှီသွားခဲ့ ခြင်းဖြစ်ပါတယ်။

ဖာဂီဟာ ၎င်းရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဘ၀ (၂၆) နှစ် သက်တမ်းမှာ ပြည်တွင်းဖလားပြိုင်ပွဲများ၌ ၂ ကြိမ်သာ ရှုံးနိမ့်ဖူးထားပြီး ၎င်းရဲ့ တပည့် ဖြစ်သူ အိုလီဂန်နားဆိုလ်းရှားကတော့ ယူနိုက်တက် နည်းပြ သက်တမ်းဘ၀ နှစ်နှစ်ကျော်ကျော် ကာလအတွင်းမှာ အဆိုပါစံချိန်ကိုလိုက်မှီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X