Sport
မန်ယူနိုက်တက်၀-၂ ပွဲစဉ်အပြီး လူအများကြား အထူးပြောစရာဖြစ်ခဲ့ရတဲ့ အကြောင်းရာ ၃ ခု
UNICODE
မန်ယူနိုက်တက်၀-၂ ပွဲစဉ်အပြီး လူအများကြား အပြစ်ပြောစရာဖြစ်ခဲ့ရတဲ့ အကြောင်းရာ ၃ ခု
နံပါတ်တစ်- တစ်ချိန်တုန်းက ကျနော်တို့ တေ လက်ရှိလီဗာပူးနည်းပြဖြစ်သူ ကလော့ ကို အရှုံးသမားတစ်ယောက်လို့ လှောင်ရီခဲ့ဖူးကြပါတယ်။အထူးသဖြင့် ကလော့တစ်ယောက် ဗိုလ်လုပွဲတေတိုင်းမှာ ဒုတိယဆုနဲ့ သာ ကျေနပ်ရတာ ကြောင့်အကောင်းဆုံးသော ဒုတိယ လူကြီးဆိုပြီး ဟာသအဖြစ်လုပ်ခဲ့ဖူးကြပါတယ်။အခုတော့ ကျနော်တို့ နည်းပြဖြစ်သူ ဆိုလ်းရှားလည်း အဆိုပါ ကျိန်စာ သင့်နေသလားပါဘဲ။ဆိုလ်းရှားဟာ ပြီးခဲ့တဲ့ ယူနိုက်တက်နည်းပြဘ၀ ဆီမီးဖိုင်နယ် ၄ ကြိမ် စလုံးမှာ ရှုံးနိမ့်ပြီး လှည့်ပြန် ထားခဲ့ရပါတယ်။အထူးသဖြင့် ယခုပြိုင်ပွဲကလည်း နောက်ဆုံး နှစ်နှစ်ဆက်တိုက် မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပြီး ဆိုလ်းရှားအတွက်တော့ ယူနိုက်တက် နည်းပြဘ၀မှာ ဆီမီးဖိုင်နယ်ဆိုတာ ကြိမ်စာဆိုး အလားဖြစ်တည်နေပြီလည်း ဖြစ်ပါတယ်။ဒါပေမယ့် အဆိုးထဲကအကောင်းအနေနဲ့ကတော့ ကစားသမားတေ အရှုံးကို မုန်းတီးတက်ရမယ့် အတွေ့အကြုံ ကို ရရှိလာနိုင်ပါတယ်။ Solskjaerရဲ့ United မန်နေဂျာဘဝ ဆီမီးဖိုင်နယ် ၄ ကြိမ်Man Utd 0-2 Man City (League Cup)Man Utd 1-2 Sevilla (Europa League)Man Utd 1-3 Chelsea (FA Cup)Man Utd 1-3 Man City (League Cup)ဒုတိယတစ်ချက်အနေနဲ့ကတော့ ယူနိုက်တက်ရဲ့ ပင်တိုင် အဓိက ဒေါက်တိုင်ဖြစ်သူ ဘရူနိုဖာနန်ဒက်ဘဲ ဖြစ်ပါတယ်။ဖာနန်ဒက်ဟာ ယူနိုက်တက်အတွက် မရှိမဖြစ်ကစားသမား ဖြစ်ပေမယ့် လို့ ၎င်းရဲ့ခြေစွမ်းဟာ ပွဲပမ်းမှုဒါဏ်ကြောင့် နောက်ပိုင်းပွဲစဥ်တေမှာ အတော်လေးကို ကျဆင်းနေတာကို မျက်ဝါးထင်ထင်မြင်တွေ့နေရတာဘဲဖြစ်ပါတယ်။ယနေ့ည ပွဲမှာဆိုရင် လုံး၀ အနီူကပ်ဘောလုံးပေးပို့မှုတေတောင် လွဲလွဲချော်ချော် ဖြစ်နေတာကို တွေ့ရပြီး ဆိုလ်းရှားအနေနဲ့ လဲ သတ္တိရှိရှိ လူစားမလဲထိုးခဲ့တာ ကလည်း အတော်လေးကို နားလည်ရ ခက်စေခဲ့ပါတယ်။ဒီလို ပွဲပမ်းမှု ကြောင့် ကစားသမားအနေနဲ့ ကြာရင် ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံး သွားနိုင်တာဖြစ်လို့ ဆိုလ်းရှားတစ်ယောက် တော်ရုံပွဲတေမှာလုံး၀ အနားပေးသွားဖို့ လိုအပ်နေပြီ လို့ ပြောခြင်ပါတယ်။ဒါ့အပြင် ယနေ့ည ဖာနန်ဒက်ကို လုံး၀ လူစားမထိုးဘဲ တစ်ပွဲလုံး အသုံး ပြုသွားတာတေကလည်း အတော်လေးကို ပရိတ်သတ်အမြင်မှာ လူပြောများစရာ ဖြစ်ခဲ့ရပါတယ်။
နံပါတ်သုံး အချက်အနေနဲ့ ကတော့ မနက် မိုးလင်းလို့ ၁၉ သင်းဖန်တေ ယူနိုက်တက် ၂-၀ နဲ့ ရှုံးတာကို တွေ့တာ နဲ့ အိမ်ကွင်းမှာတောင် မြန်မာကစားသမား ရန်နိုင်ဦး ဂိုးသွင်းတာခံကတဲ့ မန်စီးတီးအသင်းရဲ့ ဂိုးသမား စတီဖင်ကို ဂိုးမသွင်းခဲ့ရတာကြောင့် လေတိုက်ခံရတော့ပါမယ် လို့ပြောရင်း ခင်ဗျားတို့ရဲ့ အမြင်လေးတေကို လည်း ပြောသွားပေးကြပါဦးဗျ။‌
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X