Sport
ကလော့ရဲ့ မှတ်ချက်ကိုစကားလုံးလှလှလေးတေနဲ့ပညာရှိရှိ ပြန်လည် ထိုးနှက်သွားခဲ့တဲ့ ဆိုလ်းရှား
UNICODE
ကလော့ရဲ့ မှတ်ချက်ကိုစကားလုံးလှလှလေးတေနဲ့ပညာရှိရှိ ပြန်လည် ထိုးနှက်သွားခဲ့တဲ့ ဆိုလ်းရှား
လီဗာပူးအသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျင်ကလော့ဟာ ပြီးခဲ့တဲ့ စိန့်အသင်းကို ၁ ဂိုး ဂိုးမရရှိနဲ့ ရှုံး ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းကို ” ပင်နယ်တီနဲ့ ပါတ်သတ်ပြီး ခနဲ့ သွားခဲ့ပါတယ်”။ကလော့က” လီဗာပူးရဲ့ ပြီးခဲ့ တဲ့ ၅ နှစ်အတွင်း ပင်နယ်တီ ရရှိ ထက် United အသင်းရဲ့ နောက်ဆုံး ၂နှစ်အတွင်း ရခဲ့တဲ့ ပင်နယ်တီအရေအတွက်ကပိုများခဲ့ပါတယ်” ဟုပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။အဆိုပါ ကိစ္စဟာအတော်လေး လူပြောများစရာဖြစ်ခဲ့ပြီး အထူးသဖြင့် လီဗာပူးနည်းပြဖြစ်သော ကလော့ပြောသော မှတ်ချက်မှာ မှားရွင်းနေတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုလ်းရှားကတော့ အောက်ပါ အတိုင်း ပညာသားပါပါ တုန့်ပြန်သွားခဲ့ပါတယ်။”ကျနော်သတိကြီးကြီး ထားမိပါတယ်။အထူးသဖြင့် အဲဒီတစ်ကွက်ကိုပေါ့၊မနှစ်က ဆီမီးဖိုင်နယ် မကန်ခင်တုန်းက ဖရန့်(ချဲလ်ဆီးနည်းပြ) က ဒီလိုတစ်ခါလုပ်သေးပါတယ်။ အဲ့တုန်းက ကျနော် တို့ အသင်း ရသင့်တဲ့ ပင်နယ်တီကိုတောင် မရရှိခဲ့ပါဖူး။အဲ့တာ ဒိုင်တေရဲ့ စိတ်ကို လွှမ်းမိုးဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။သူပြောတဲ့ပင်နယ်တီပိုရတယ်ဆိုတာ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်၊သို့ပေမယ့် သူတို့ အနေနဲ့ ပင်နယ်တီဘယ်နှလုံးရထားတယ် ဆိုတာ ကျနော် မသိပါဖူး။စိတ်လည်းမ၀င်စားပါဖူး။ဘာလို့ဆို ကျနော် မှ လိုက်မရေထားတာ။(လီဗာပူးက သိနေခြင်းကို ထိုးနှက်သွားခြင်းဖြစ်)ကျနာ်ကတော့ သူတို့ ဘယ်နှလုံးရပြီလဲ ကိုယ်ဘနှလုံးရပြီ လဲဆို တာကို လိုက်တိုက်ပြီး စိတ်ပူပြီး အချိန်ဖြန်းမယ့် လူစားမျိုး မဟုတ်ပါဖူး။သူတို့က တော့ အဲ့လိုလုပ်တာကြိုက်ရင် ကြိုက်မှာပေါ့။ဒါပေမယ့် ကျနော် လုံး၀ မစိုးရိမ်ပါဖူး။ဘာလို့ဆို ပင်နယ်တီစည်းထဲ ကျနော့် ကစားသမား တေ ပြစ်ဒါဏ်ကျူးလွန်ခံရပြီ ဆို ပင်နယ်တီက ပေးရမှာ ဘဲလေ” ဟု လှလှပပ တုန့်ပြန် သွားခဲ့တာ လည်းဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်မှု ကြောင့် ယခုအချိန်မှာ ယူနိုက်တက် နဲ့ အမှတ်တူဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်သေးပေမယ့် ယူနိုက်တက် အသင်းက တစ်ပွဲလျော့ အနေအထားဖြစ်ပြီး လာမယ့် ကြားရက် အတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက် တို့ အနိုင် ရရှိပါက အဆင့်တစ်နေရာကို တက်လှမ်းသွားနိုင်မှာ လည်းဖြစ်ပါတယ်။ဒါ့ကြောင့်မို့လည်း ယခုရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲဟာ အရင်နှစ်တေက ထက် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီး အတော်လေး အသက်၀င်ကာ စိတ်လှုပ်ရှားစရာ ဖြစ်နေတာလည်းဖြစ်ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X