Uncategorized

မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်ပရိတ်သတ်များအနေနဲ့မဖြစ်မနေသိထားသင့်သောအချက် သုံးချက်

UNICODE

မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်ပရိတ်သတ်များအနေနဲ့မဖြစ်မနေသိထားသင့်သောအချက် သုံးချက်

ပထမဆုံးတစ်ချက်ကတော့ ကြာသာပတေးနေ့ မနက် (အတိကျအားဖြင့်ဆို မနက်ဖြန်ည ၂:၁၅ မိနစ်အချိန်) တွင် ယှဉ်ပြိုင်မယ့် ကာရာ‌ဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အရန်ကစားသမားအင်အား ၉ ဦးအထိ ခေါ်ယူခွင့်ရှိကြောင်းသိရပြီး လူစားလဲခွင့် ၅ ဦးအထိ ခွင့်ပြုထားကြောင်းသိရပါတယ်။ ဒါ့အပြင် ယခု ဆီမီးဖိုင်နယ် ပွဲစဉ်ဟာ အရင်နှစ်တေကလိုမျိုး နှစ်ကျော့ ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ တစ်ကျော့ထဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်အရှုံးမပေါ်ပဲ သရေရလဒ်ထွက်ပေါ်ပါက အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးအချိန်ပိုမှာပါ ထပ်မံလို့ အနိုင်အရှုံး မပေါ်ပေါက်ခဲ့ပါက ပယ်နယ်တီ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျောက် အသုံးမပြုခဲ့သောVAR စနစ်ကိုလည်း ယခု ဆီမီးဖိုင်နယ်မှစတင်ပြီးအသုံးပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။ဒုတိယတစ်ချက်အနေနဲ့ ကိုရိုနာရောဂါနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ချက်အရ မန်စီးတီးအသင်းမှ Kyle Walker,Jesus, Garciaတို့ဟာ ကိုရိုနာ ရောဂါ Positive ဖြစ်နေသေးတာကြောင့် ပါ၀င်ခွင့်ရမည်မဟုတ်ကြောင်းသိရပါသည်။ထို့အပြင် ဂိုးသမား Ederson နဲ့ F.Torresတို့ဟာလည်း သီးခြား Isolated နေနေရခြင်း ကြောင့်လွဲချော်မည် ဖြစ်ကြောင်း သိရပါသည် နှစ်ဖက်အသင်းကစားသမားများ၏ ဒါဏ်ရာရ လူစာရင်းတွင် မန်စီးတီးအသင်း၌ Laporte နဲ့ Ake တို့ ရှိနပြီး မန်ချက်စတာယူနိုက်တက် ဘက်တွင်တော့ ဖီးဂျုံးတစ်ဦးသာ ဒါဏ်ရာ ရရှိပြီး တိုက်စစ်မှုး ဖြစ်သူ ကာဗာနီကတော့ ပွဲပါယ်ပြစ်ဒါဏ်ကြောင့် လွဲချော်မှာ ဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင် မန်ချကိစတာဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် Martin Atkinsonက ကိုင်တွယ်မည်ဖြစ်ပြီး စည်းကြပ်ဒိုင်များအဖြစ် Harry Lennard နဲ့ Nick Hopton တို့က တာ၀န်ယူကိုင်တွယ်သွားကြမည်ဖြစ်သည်။ စတုတ္ထဒိုင် အဖြစ် David Coote ကတာ၀န်ယူမည်ဖြစ်ပြီး VAR ဒိုင်လူကြီးအဖြစ် Jonathan Moss ကကိုင်တွယ်ကာ VAR Assist အဖြစ် Lee Betts က တာဝန်ယူမည်ဖြစ်ကြောင်း သိရပါတယ်။

နံပါတ်သုံး အချက်အနေနဲ့ ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ လက်တလော တွင် ခြေစွမ်းကောင်းများ ပြသနေကြပြီး ယူနိုက်တက် အသင်းက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ရရှိကာ မန်စီးတီးအသင်းကလည်းနောက်ဆုံး ၅ ပွဲမှာ ၄ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်တိုင်ထားပါတယ်။ဒါ့အပြင် နှစ်သင်းနောက်ဆုံးတွေ့ကြုံမှု ၅ ကြိမ်မှာ ယူနိုက်တက် အသင်းက ၃ ကြိမ်အနိုင်ရပြီး တစ်ကြိမ်သရေရကာ စီးတီးအသင်းက တစ်ကြိမ် အနိုင်ရရှိထားကြောင်း သိရပါသည်။ကာရာဘောင်းဖလားနောက်ဆုံးတွေ့ဆုံမှု မှာလည်း ပြီးခဲ့တဲ့ နှစ်ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်ပြီး ယူနိုက်တက်က တစ်ကြိမ်၊ စီးတီးက တစ်ကြိမ်စီအနိုင်ရရှိခဲ့ကြပေမယ့် အဝေးဂိုးစည်းမျဉ်းကြောင့် ယူနိုက်တက်အသင်းပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။

#MUFF

မန္ခ်က္စတာဒါဘီပြဲစဥ္မတိုင္ခင္ပရိတ္သတ္မ်ားအေနနဲ႔မျဖစ္မေနသိထားသင့္ေသာအခ်က္ သုံးခ်က္

ပထမဆုံးတစ္ခ်က္ကေတာ့ ၾကာသာပေတးေန႔ မနက္ (အတိက်အားျဖင့္ဆို မနက္ျဖန္ည ၂:၁၅ မိနစ္အခ်ိန္) တြင္ ယွဥ္ၿပိဳင္မယ့္ ကာရာ‌ေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္တြင္ အရန္ကစားသမားအင္အား ၉ ဦးအထိ ေခၚယူခြင့္ရွိေၾကာင္းသိရၿပီး လူစားလဲခြင့္ ၅ ဦးအထိ ခြင့္ျပဳထားေၾကာင္းသိရပါတယ္။ ဒါ့အျပင္ ယခု ဆီမီးဖိုင္နယ္ ပြဲစဥ္ဟာ အရင္ႏွစ္ေတကလိုမ်ိဳး ႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ရမည္ မဟုတ္ဘဲ တစ္ေက်ာ့ထဲ ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး အႏိုင္အရႈံးမေပၚပဲ သေရရလဒ္ထြက္ေပၚပါက အခ်ိန္ပို ဆက္လက္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီးအခ်ိန္ပိုမွာပါ ထပ္မံလို႔ အႏိုင္အရႈံး မေပၚေပါက္ခဲ့ပါက ပယ္နယ္တီ အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ၿပိဳင္ပြဲတစ္ေလ်ာက္ အသုံးမျပဳခဲ့ေသာVAR စနစ္ကိုလည္း ယခု ဆီမီးဖိုင္နယ္မွစတင္ၿပီးအသုံးျပဳသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ဒုတိယတစ္ခ်က္အေနနဲ႔ ကို႐ိုနာေရာဂါနဲ႔ပါတ္သတ္ၿပီး ထုတ္ျပန္ခ်က္အရ မန္စီးတီးအသင္းမွ Kyle Walker,Jesus, Garciaတို႔ဟာ ကို႐ိုနာ ေရာဂါ Positive ျဖစ္ေနေသးတာေၾကာင့္ ပါ၀င္ခြင့္ရမည္မဟုတ္ေၾကာင္းသိရပါသည္။ထို႔အျပင္ ဂိုးသမား Ederson နဲ႔ F.Torresတို႔ဟာလည္း သီးျခား Isolated ေနေနရျခင္း ေၾကာင့္လြဲေခ်ာ္မည္ ျဖစ္ေၾကာင္း သိရပါသည္ ႏွစ္ဖက္အသင္းကစားသမားမ်ား၏ ဒါဏ္ရာရ လူစာရင္းတြင္ မန္စီးတီးအသင္း၌ Laporte နဲ႔ Ake တို႔ ရွိနၿပီး မန္ခ်က္စတာယူႏိုက္တက္ ဘက္တြင္ေတာ့ ဖီးဂ်ဳံးတစ္ဦးသာ ဒါဏ္ရာ ရရွိၿပီး တိုက္စစ္မႈး ျဖစ္သူ ကာဗာနီကေတာ့ ပြဲပါယ္ျပစ္ဒါဏ္ေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္ေၾကာင္းသိရပါတယ္။ဒါ့အျပင္ မန္ခ်ကိစတာဒါဘီပြဲစဥ္ကို ကြင္းလယ္ဒိုင္အျဖစ္ Martin Atkinsonက ကိုင္တြယ္မည္ျဖစ္ၿပီး စည္းၾကပ္ဒိုင္မ်ားအျဖစ္ Harry Lennard နဲ႔ Nick Hopton တို႔က တာ၀န္ယူကိုင္တြယ္သြားၾကမည္ျဖစ္သည္။ စတုတၳဒိုင္ အျဖစ္ David Coote ကတာ၀န္ယူမည္ျဖစ္ၿပီး VAR ဒိုင္လူႀကီးအျဖစ္ Jonathan Moss ကကိုင္တြယ္ကာ VAR Assist အျဖစ္ Lee Betts က တာဝန္ယူမည္ျဖစ္ေၾကာင္း သိရပါတယ္။

နံပါတ္သုံး အခ်က္အေနနဲ႔ ယူႏိုက္တက္အသင္းနဲ႔ မန္ခ်က္စတာ စီးတီးအသင္းတို႔ဟာ လက္တေလာ တြင္ ေျခစြမ္းေကာင္းမ်ား ျပသေနၾကၿပီး ယူႏိုက္တက္ အသင္းက ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲႏိုင္ တစ္ပြဲသေရ ရလဒ္ကို ရရွိကာ မန္စီးတီးအသင္းကလည္းေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲႏိုင္ တစ္ပြဲသေရ ရလဒ္ကို ပိုင္တိုင္ထားပါတယ္။ဒါ့အျပင္ ႏွစ္သင္းေနာက္ဆုံးေတြ႕ႀကဳံမႈ ၅ ႀကိမ္မွာ ယူႏိုက္တက္ အသင္းက ၃ ႀကိမ္အႏိုင္ရၿပီး တစ္ႀကိမ္သေရရကာ စီးတီးအသင္းက တစ္ႀကိမ္ အႏိုင္ရရွိထားေၾကာင္း သိရပါသည္။ကာရာေဘာင္းဖလားေနာက္ဆုံးေတြ႕ဆုံမႈ မွာလည္း ၿပီးခဲ့တဲ့ ႏွစ္ဆီမီးဖိုင္နယ္ ပြဲစဥ္ျဖစ္ၿပီး ယူႏိုက္တက္က တစ္ႀကိမ္၊ စီးတီးက တစ္ႀကိမ္စီအႏိုင္ရရွိခဲ့ၾကေပမယ့္ အေဝးဂိုးစည္းမ်ဥ္းေၾကာင့္ ယူႏိုက္တက္အသင္းၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတာလည္းျဖစ္ပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X