Sport

ယူနိုက်တက်နဲ့အပြောင်းအရွှေ့အပေါ်မှတ်ချက်ပြုသွားတဲ့ဘိုင်ယန်ကစားသမားကိုးမန်း

Unicode

ယူနိုက်တက်နဲ့အပြောင်းအရွှေ့အပေါ်မှတ်ချက်ပြုသွားတဲ့ဘိုင်ယန်ကစားသမားကိုးမန်း

ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ် ကစားသမားဖြစ်သူ ကိုးမန်း အပေါ် ပြီးခဲ့တဲ့ နွေက ချိတ်ဆတ်မှုတေရှိခဲ့ကြောင်း သိရပါတယ်။အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး ကိုးမန်းက ” ကျနော်တစ်ချိန်ချိန်မှာ မန်ချက်စတာ၊ဒါမှမဟုတ် ပရီးမီးယားလိဂ်ကို ပြောရွှေ့ ကောင်းပြောင်းရွှေ့ဖြစ်နိုင်လောက်ပါတယ်။ယူနိုက်တက်ဘက်က ကျနော့် အပေါ် စိတ်၀င်စားမှု ရှိတဲ့ သတင်းကို ကြားရတာကိုကျနော် ဂုဏ်ယူမိပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်မှာ ကျနော် ပျော်ရွှင်နေပါတယ်။” ဟုပြောကြားသွားခဲ့ပါတယ်။အဆိုပါ ပြင်သစ်လူငယ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတေကြီးကြီးမာမားထွက်ခဲ့သူ တစ်ဦးဖြစ်ပြီး အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်နှင့် စီးတီး နှစ်သင်းစလုံးက သူနဲ့ ချိတ်ဆတ်မှု တေရှိခဲ့တယ် လို့လည်း သတင်းတေထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။ဂျူဗင်တပ်၊Psg အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ကိုးမန်းဟာ ယခုအချိန်မှာ ဘိုင်ာန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း မှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးသူ တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်ကလည်း ယခုအချိန်မှာ ၎င်းကို ထွက်ခွာခွင့် ပေးသွားရန် အစီအစဉ်မရှိသေးကြောင်း သိရပါသည်။ကိုးမန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲပါ ၀င်ကစားပေးထားပြီး ဖြစ်ပါတယ်။ဒါ့အပြင် ကိုးမန်းက ၎င်းအပေါ် ယခုလိုအသင်းကြီးတေက စိတ်၀င်စားမှု အပေါ် ” ဒီလိုအသင်းကြီးတေက ကျနော့် အပေါ် စိတ်၀င်တစားရှိတယ်ဆိုတဲ့ သတင်းတေက ကျနော့် အပေါ် ယုံကြည်မှု ပြည့်၀စေပါတယ်။ဒါပေမယ့် ကျနော့် မှာ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်ထိရှိနေပါသေးတယ်။အခုကျနော် ဒီအသင်းမှာ ပျော်နေပါတယ်။အဆင်လည်းပြေနေပါတယ်” ဟုပြောသွားခဲ့ပါတယ်။ဒါ့အပြင် ၎င်းက ” ကျနော့် အသက်က အခုမှ ၂၄ နှစ်ဘဲရှိပါသေးတယ်။ကျနော့်မှာ ကစားဖို့ အချိန်တေ အများကြီးရှိနေပါသေးတယ်။

ကျနော်အများကြီး မမျှော်လင့်ချင်သေးပါဖူး။ဘာလို့ဆို ကျနော် ဖြစ်မလာမှာကိုကြောက်မိလို့ပါလို့ ” ဆိုသွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုနှစ်ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းများ ဆက်လက်ပြသနေတာဖြစ်ပြီး အထူးသဖြင့် နောက်ဆုံး စက်တင်ဘာလ ၁၇ ရက်နေ့ထဲက စပြီး ယခု အချိန်အထိ ရှုံးပွဲ မရှိသေးတာလည်း ဖြစ်ပါတယ်။

#MUFF

Zawgyi




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X