Sport

မနက်ဖြန်ည မန်ချက်စတာဒါဘီပွဲစဉ်အတွက်မှန်မှန်ကန်ကန် ခန့်မှန်းပေးသွားခဲ့တဲ့ မိုက်ကယ်အို၀င်

UNICODE

မနက်ဖြန်ည မန်ချက်စတာဒါဘီပွဲစဉ်အတွက်မှန်မှန်ကန်ကန် ခန့်မှန်းပေးသွားခဲ့တဲ့ မိုက်ကယ်အို၀င်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ဟာ မနက်ဖြန်ည ၂:၁၅ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့် ကွင်းအတွင်း မှာ ယှဉ်ပြိုင် ကစားကြရမှာလည်းဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ EFL ဖလားရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပြီးလတ်တလောခြေစွမ်းပြနေတဲ့ မန်ချက်စတာနှစ်သင်း ယှဉ်ပြိုင်ကစားကြရမှာဖြစ်လို့ တကယ့်ကို အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်နဲ့ ပါတ်သတ်ပြီးတော့ ဘောလုံးပွဲများကို ခန့်မှန်းတင်ဆက်ပေးနေသူ မိုက်ကယ် အို၀င်ကတော့ အောက်ပါ အတိုင်းခန့်မှန်း သွားခဲ့ပါတယ်။အို၀င်က” မန်ချက်စတာ အသင်း ၂ သင်းဟာ ဒီဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်မီ အကောင်းဆုံး ပုံစံ ရရှိနေပါတယ်။ မန်စီးတီးဟာ တစ်ပတ်ပြီး တစ်ပတ် မှန်မှန် တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ weekend ကလည်း ချဲလ်ဆီးကို အကောင်းဆုံး ပုံစံပြကာ ၃-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာထိ တက်လာခဲ့တဲ့ မန်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ လုံး၀ ရှုံးပွဲ မရှိခဲ့ပါဘူး။ အိုလီဂန်နာဆိုးရှားဟာ ဆုဖလား ရယူဖို့ ရည်မှန်းလျက် ရှိနေပေမယ့် ဒီလို ဖြစ်လာဖို့ အတွက် ဆိုရင် ဒီပြိုင်ပွဲကို လွှမ်းမိုးထားတဲ့ မန်စီးတီးကို ပြိုင်ပွဲကနေ ထုတ်ပယ် ပစ်ဖို့ လိုအပ်ပါတယ်။စိတ်ဝင်စားစရာ ကောင်းတာ ကတော့ မန်စီးတီးဟာ အိုးထရပ်ဖို့ဒ်ကို လာရောက်ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲစလုံး ဂိုးမသွင်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ဗီလာကို အနိုင်ရခဲ့တဲ့ line-up အတိုင်း ပွဲထုတ်လာသင့်ပြီး အပြောင်းအလဲ အနေနဲ့ ဂိုးသမား နေရာမှာ ဒင်းဟန်ဒါဆန်ကို အသုံးပြုလို့ ရပါတယ်။နှစ်သင်းစလုံးဟာ လက်ရှိမှာ ပုံစံကောင်း ပြသနေတာကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ် ဖြစ်ပြီး ခန့်မှန်းရ ခက်ခဲပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်ဟာ အရမ်းကို ကောင်းမွန်တဲ့ အရှိန်အဟုန်ကို ရနေပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက်ဟာ ဒီပွဲစဉ်မှာ အနည်းငယ် အားနည်းမှု ရှိနေနိုင်တဲ့ မန်စီးတီးကို အနိုင်ရဖို့ လုံလောက်တဲ့ ခြေစွမ်းမှာ ရှိနေတယ်လို့ ထင်ပါတယ်။” ဟု ခန့်မှန်းသွားခဲ့တာဘဲဖြစ်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် : မန်ယူနိုက်တက် ၂-၁ မန်စီးတီး

#MUFF

ZAWGYI

မနက္ျဖန္ည မန္ခ်က္စတာဒါဘီပြဲစဥ္အတြက္မွန္မွန္ကန္ကန္ ခန႔္မွန္းေပးသြားခဲ့တဲ့ မိုက္ကယ္အို၀င္

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ မန္ခ်က္စတာ စီးတီးအသင္းတို႔ ဟာ မနက္ျဖန္ည ၂:၁၅ အခ်ိန္မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ အိမ္ကြင္း အိုးထရက္ဖိုဒ့္ ကြင္းအတြင္း မွာ ယွဥ္ၿပိဳင္ ကစားၾကရမွာလည္းျဖစ္ပါတယ္။အဆိုပါပြဲစဥ္ဟာ EFL ဖလားရဲ႕ ဆီမီးဖိုင္နယ္ ပြဲစဥ္ အျဖစ္ ယွဥ္ၿပိဳင္ကစားၾကရမွာ ျဖစ္ၿပီးလတ္တေလာေျခစြမ္းျပေနတဲ့ မန္ခ်က္စတာႏွစ္သင္း ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္လို႔ တကယ့္ကို အႀကိတ္အနယ္ရွိတဲ့ ပြဲစဥ္လည္းျဖစ္ပါတယ္။အဆိုပါ ပြဲစဥ္နဲ႔ ပါတ္သတ္ၿပီးေတာ့ ေဘာလုံးပြဲမ်ားကို ခန႔္မွန္းတင္ဆက္ေပးေနသူ မိုက္ကယ္ အို၀င္ကေတာ့ ေအာက္ပါ အတိုင္းခန႔္မွန္း သြားခဲ့ပါတယ္။အို၀င္က” မန္ခ်က္စတာ အသင္း ၂ သင္းဟာ ဒီဆီမီးဖိုင္နယ္ ပြဲစဥ္ မတိုင္မီ အေကာင္းဆုံး ပုံစံ ရရွိေနပါတယ္။ မန္စီးတီးဟာ တစ္ပတ္ၿပီး တစ္ပတ္ မွန္မွန္ တိုးတက္လာခဲ့ၿပီး ၿပီးခဲ့တဲ့ weekend ကလည္း ခ်ဲလ္ဆီးကို အေကာင္းဆုံး ပုံစံျပကာ ၃-၁ နဲ႔ အႏိုင္ယူခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ေနရာထိ တက္လာခဲ့တဲ့ မန္ယူႏိုက္တက္ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ၇ ပြဲမွာ လုံး၀ ရႈံးပြဲ မရွိခဲ့ပါဘူး။ အိုလီဂန္နာဆိုးရွားဟာ ဆုဖလား ရယူဖို႔ ရည္မွန္းလ်က္ ရွိေနေပမယ့္ ဒီလို ျဖစ္လာဖို႔ အတြက္ ဆိုရင္ ဒီၿပိဳင္ပြဲကို လႊမ္းမိုးထားတဲ့ မန္စီးတီးကို ၿပိဳင္ပြဲကေန ထုတ္ပယ္ ပစ္ဖို႔ လိုအပ္ပါတယ္။


စိတ္ဝင္စားစရာ ေကာင္းတာ ကေတာ့ မန္စီးတီးဟာ အိုးထရပ္ဖို႔ဒ္ကို လာေရာက္ကစားခဲ့တဲ့ ေနာက္ဆုံး ၄ ပြဲစလုံး ဂိုးမသြင္း ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ အေနနဲ႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဗီလာကို အႏိုင္ရခဲ့တဲ့ line-up အတိုင္း ပြဲထုတ္လာသင့္ၿပီး အေျပာင္းအလဲ အေနနဲ႔ ဂိုးသမား ေနရာမွာ ဒင္းဟန္ဒါဆန္ကို အသုံးျပဳလို႔ ရပါတယ္။ႏွစ္သင္းစလုံးဟာ လက္ရွိမွာ ပုံစံေကာင္း ျပသေနတာေၾကာင့္ ဒီပြဲစဥ္ဟာ အႀကိတ္အနယ္ ျဖစ္ၿပီး ခန႔္မွန္းရ ခက္ခဲပါတယ္။ ဒါေပမယ့္ မန္ယူႏိုက္တက္ဟာ အရမ္းကို ေကာင္းမြန္တဲ့ အရွိန္အဟုန္ကို ရေနပါတယ္။ ကြၽန္ေတာ္ ကေတာ့ ယူႏိုက္တက္ဟာ ဒီပြဲစဥ္မွာ အနည္းငယ္ အားနည္းမႈ ရွိေနႏိုင္တဲ့ မန္စီးတီးကို အႏိုင္ရဖို႔ လုံေလာက္တဲ့ ေျခစြမ္းမွာ ရွိေနတယ္လို႔ ထင္ပါတယ္။” ဟု ခန႔္မွန္းသြားခဲ့တာဘဲျဖစ္ပါတယ္။

အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ : မန္ယူႏိုက္တက္ ၂-၁ မန္စီးတီး

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X