Sport Uncategorized
ပေါ့ဘာကိုခေါက်လိုက်ပြီးယူနိုက်တတ်တို့လုံး၀ခေါ်ယူသင့်တဲ့ ကစားသမားအမည်ကို ပြောပြသွားတဲ့ ဖာဒီနန်
UNICODE
ပေါ့ဘာကိုခေါက်လိုက်ပြီး ယူနိုက်တတ်တို့လုံး၀ ခေါ်ယူသင့်တဲ့ ကစားသမားအမည်ကို ပြောပြသွားတဲ့ ဖာဒီနန်
ယူနိုက်တက် အသင်းရဲ့ ခံစစ်ကစားသမားဟောင်းဖြစ်သူ ဖာဒီနန်ဟာ ယူနိုက်တက်အသင်းနဲ့ ပေါလ်ပေါ့ဘာတို့ ကြားက မရေရာမသေချာတဲ့ ပြဿနာကို သိပ်အမြင် ကြည်ပုံမရပါဖူး။အထူးသဖြင့် ပေါလ်ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်းအားဖြင့် ကုန်ဆုံးတော့မည့်အပြင် သက်တမ်းတိုးခြင်းလည်း မရှိထားတာကြောင့် ဒီရာသီ အကုန်မှာ လုံး၀ အသင်းက ထွက်မယ်လို့ ထင်ကြေးပေးခံထားကတာလည်းဖြစ်ပါတယ်။ဒီအချိန်မှာတော့ ဖာဒီနန်က၎င်းရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်သူ ဂျက်ဂရီးရှစ်ကို ယူနိုက်တက်တို့ လုံး၀ ခေါ်ယူသင့်ကြောင်း ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်းပြောပြ သွားခဲ့တာ ဘဲ ဖြစ်ပါတယ်။ဖာဒီနန်က “Pogba အသင်းမှာဆက်ရှိနေမလား ထွက်သွားမလားဆိုတာကို ကျွန်နော့်အနေနဲ့ လုံး၀ ဂရုစိုက်မနေပါဘူး လက်ရှိအချိန်မှာတော့ဂရီးလ်ရှစ် က ကျွန်တော့်ရဲ့အကြိုက်ဆုံးကစားသမားပါပဲ။သူ့ကို ကျနော် သူဆယ်ကျော်သက်အရွယ်လေးကတည်းကသိနေတာပါ။သူ့‌အဖေနဲ့ သူရယ် နှစ်ယောက်သား ကျနော့် စားသောက်ဆိုင်ကို ရောက်လာဖူးတယ်လေ၊အဲ့တုန်းက သူတို့နှစ်ယောက်စီကနေ ကစားပွဲလက်မှတ်တေတောင်ရခဲ့ပါသေးတယ်။ကောင်းမွန်တဲ့မိသားစုကဆင်းသက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ သူက ဘောလုံးကစားရတာကိုသူချစ်မြတ်နိုးပြီး နိုင်ပွဲတွေကို ဆာလောင်ငတ်မွတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အရမ်းလည်းကြိုးစားတဲ့သူတစ်ယောက်ပါ။သူ့ရဲ့အစားအသောက်နဲ့လေ့ကျင့်မှုပုံစံတွေကို သူကိုယ်တိုင်ပြောင်းလဲခဲ့ပြီး ဒီ့ထက်ပိုကောင်းလာအောင်လုပ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါပဲ။သူ့ရဲ့လုံ့လဝီရိယနဲ့ကြိုးစားအားထုတ်မှုတွေကို လူတွေ အများကြီးပြောနေကြတာကို ကျွန်တော်ကြားဖူးပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူ့ရဲ့ရလာဒ်တွေကို ပွဲတိုင်းမှာခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်။တကယ်လို့ကျွန်တော်သာအင်ဂလန်နိင်ငံရဲ့ ထိပ်တန်းအသင်း(၃)သင်း ဒါမှမဟုတ် (၄)သင်းထဲက မန်နေဂျာတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့ကို Aston Villa မှာမနေခိုင်းတော့ဘူး သူ့ကိုကျွန်တော့်အသင်းဆီရောက်လာအောင်ခေါ်ဆောင်သွားမှာပါ။”လို့ ဖွင့်ဟ သွားခဲ့တာ လည်းဖြစ်ပါတယ်။
ဂရီလ်းရှစ်ဟာ ဒီရာသီမှာ ဗီလာအသင်းကို ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အစွမ်းကုန်ကြိုးစားကူညီနေပြီး တော့ ယခုရာသီပရီးမီးယားလိဂ်အသင်းတိုင်းက သတိထား ယှဉ်ပြိုင်နေရသည်အထိ ခြေစွမ်းကောင်များ ပြသထားနိုင်တာလည်းဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါအင်ဂလန် ကွင်းလယ်လူဟာ ယူနိုက်တက် အသင်းနှင့် တွေ့ဆုံစဉ်ကလည်း ထိန်းရခက်အောင် ကစားပုံကောင်း လွန်းခဲ့ပြီးတော့ ယူနိုက်တက် အသင်းပရိတ်သတ်များကပါ အံဩ ချီးကျူး ရသည်အထိ ခြေစွမ်းကောင်းမွန်ထားသူ ဖြစ်ပါတယ်။သို့ပေမယ့်လို့ ၎င်းဟာ ဗီလာအသင်းနှင့် ဒီရာသီကမှ စာချုပ်အသစ်ချုပ်ဆိုထားတာဖြစ်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နီးပါးခန့်လောက်ရှိမယ်လို့ ခန့်မှန်းရမိပါတယ်။
#MUFF
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X