Sport

ယူနိုက်တက်တို့မဖြစ်မနေရှုံးကြွေးပြန်ဆပ်ရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်ခင်ပွဲကြိုသုံးသပ်ချက်

UNICODE

ယူနိုက်တက်တို့မဖြစ်မနေရှုံးကြွေးပြန်ဆပ်ရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်ခင်ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် မန်ချက်စတာ စီးတီးအသင်းတို့ဟာ EFL cup ပွဲစဉ်ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အ ဖြစ် ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ ကွင်းမှာ ဇန်နဝါရီ ( ၆ ) ရက် မနက်ဖြန် ည ( ၂ : ၁၅ ) အချိန်မှာ ဧည့်ခံယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာတော့ အဓိက အားဖြင့် မန်စီးတီးအသင်းက အဓိကကစားသမားတေဖြစ်ကြတဲ့ Kyle Walker,Jesus, Garciaတို့ ကိုဗစ် Positive ပြနေခဲ့ပြီး ဂိုးသမား Ederson နဲ့ F.Torresတို့ သီးခြား Isolated နေနေရခြင်း အပြင် Laporte နဲ့ Ake(ဒဏ်ရာ)တို့ကြောင့် အဆိုပါကစားသမားများမှာ မန်ချက်စတာဒါဘီကို လွဲချော်မယ်လို့ ထုတ်ပြန်ထားပါတယ်။သို့ပေမယ့် လို့ အရန်လူအင်အားတောင့်တင်းတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ရုန်းကန်နိုင်ရဖွယ်မရှိဘဲ အနီးကပ်ဆုံး ချဲလ်ဆီးအသင်းနှင့် ပွဲစဉ်မှာ ဆို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားတာကြောင့် ယူနိုက်တက် အနေနဲ့ သတိကြီးကြီးထားယှဉ်ပြိုင်ကစားရမည်လဲဖြစ်ပါတယ်။တစ်ဖက်က ယူနိုက်တက်အသင်းကလည်း တိုက်စစ် မှုးဖြစ်သူ ကာဗာနီ ပွဲပါယ်ပြစ်ဒါဏ်ကြောင့် ပါ၀င်လာမည် မဟုတ်ဘဲ တခြားအဓိကကစားသမားများမှာတော့ သာမာန်အားဖြင့် ဒါဏ်ရာပြဿနာ ကင်းစင်နေတာလည်း ဖြစ်ပါတယ်။နှစ်ဖက် အသင်း ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်များတွင် လည်း မန်စီးတီးအသင်းက ၄ ပွဲနိုင် ၁ ပွဲသရေ ကျထားပြီး အဆိုပါ အသင်းများထဲတွင် အာဆင်နယ်၊ချဲလ်ဆီး စတဲ့ အသင်းတစ်ချို့ ကိုဂိုးပြတ် အနိုင်ရလဒ်ရယူထားတာလည်းပါ၀င်ထားတာ တွေ့ရပါတယ်။ထို့အပြင် ယူနိုက်တက်အသင်း ကလည်း နောက်ဆုံး ၅ ပွဲဆက် တွင် ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိထားပြီး လက်စတာ အသင်းတစ်သင်းကို သာ သရေရလဒ်ရရှိထားသည် အထိ နှစ်သင်းလုံးက ခြေစွမ်းထက်မြတ်နေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် နှစ်သင်းလုံးရဲ့ နောက်ဆုံး ၃ ကြိမ်တွေ့ဆုံမှုမှာလည်း ယူနိုက်တက်အသင်းက နှစ်ကြိမ်အနိုင်ရရှိပြီး တစ်ကြိမ် သရေကျထားတာလည်းဖြစ်ပါတယ်။သို့ကြောင့် ယူနိုက်တက် အသင်းအနေနဲ့ ပြီးခဲ့တဲ့ နှစ်က ရှုံးကြွေး ကို ဒီရာသီမှာ ပြန်ဆပ်ပြီး ဗိုလ်လုပွဲကို တက်ရောက်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဒီနှစ်သင်း ဆီမီးဖိုင်နယ် အဆင့်မှာ တွေ့ဆုံစဉ်က ယူနိုက်တက် အသင်းက အဝေးကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပေမယ့် အိမ်ကွင်းမှာ တော့ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်မှု ကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဘဲဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ ယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ ဆုဖလား များကို တက်နိုင်သမျှ အားလုံးရယူရန် ကြိုးစားနေတာ ဖြစ်တာကြောင့် ပထမဆုံး အနေနဲ့ ဆို အနီးကပ်ဆုံး အနေအထားမှာ ရှိနေတဲ့ EFL cup ဖလားကို အားစိုက်ဖို့ လိုအပ်‌နေပါတယ်။ အဆိုပါဖလားကို ရရှိဖို့ဆို ယူနိုက်တက်အနေနဲ့ အနိုင်ရရှိဖို့ မဖြစ်မနေ လိုအပ်နေပြီး အထူးသဖြင့် သရေ တစ်မှတ်ကို ဦးတည်ပြီး ကောင်တာချောင်းကစားမယ့် မန်စီးတီအသင်းကို အထူးဂရုစိုက်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီအသင်းရဲ့ ကစားပုံဟာအရင်ပုံမှန် ပုံစံတေနဲ့ ကွဲထွက်ခဲ့တာကို တွေ့ရပြီးအထူးသဖြင့် တိုက်စစ်မှုးလုံး၀ မပါဘဲ ဒီဘရိုင်းကို False 9 ပုံစံကစားစေခဲ့တဲ့ ကစားဟန်က အတော်လေးအလုပ်ဖြစ်ခဲ့တာ‌ကို တွေ့ခဲရတာကြောင့် ယူနိုက်တက်တို့ နည်းစနစ်ပိုင်းမှာလည်း သတိကြီးကြီး ထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် ယူနိုက်တက် အနေနဲ့ စီးတီးတို့ထက် နားရက်တစ်ရက် ပိုရရှိထားတာကြောင့် ပွဲမပန်းဘဲ ယခုပွဲစဉ်ကို အကောင်းဆုံး ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိမှသာလျှင် ဒီရာသီရဲ့ ဆုဖလားတစ်လုံးကို မျှော်လင့် ချက် ရှင်သန်နိုင်မယ် လို့ မြင်မိကြောင်း သုံးသပ်မိပါတယ်။ကဲခင်ဗျားတို့ ရဲ့ အမြင်တေကိုလည်း ၀င်ရောက်တွေးနွေးပေးကြပါဦးဗျ။ကျေးဇူးတင်ပါတယ်။
#Muff

ZAWGYI

ယူႏိုက္တက္တို႔မျဖစ္မေနရႈံးေႂကြးျပန္ဆပ္ရမယ့္ မန္ခ်က္စတာဒါဘီ ပြဲစဥ္မတိုင္ခင္ပြဲႀကိဳသုံးသပ္ခ်က္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းႏွင့္ မန္ခ်က္စတာ စီးတီးအသင္းတို႔ဟာ EFL cup ပြဲစဥ္ရဲ႕ ဆီမီးဖိုင္နယ္ ပြဲစဥ္အ ျဖစ္ယူႏိုက္တက္ အသင္းရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ ကြင္းမွာ ဇန္နဝါရီ ( ၆ ) ရက္ မနက္ျဖန္ ည ( ၂ : ၁၅ ) အခ်ိန္မွာ ဧည့္ခံယွဥ္ၿပိဳင္ကစားရမွာလည္း ျဖစ္ပါတယ္။အဆိုပါပြဲစဥ္မွာေတာ့ အဓိက အားျဖင့္ မန္စီးတီးအသင္းက အဓိကကစားသမားေတျဖစ္ၾကတဲ့ Kyle Walker,Jesus, Garciaတို႔ ကိုဗစ္ Positive ျပေနခဲ့ၿပီး ဂိုးသမား Ederson နဲ႔ F.Torresတို႔ သီးျခား Isolated ေနေနရျခင္း အျပင္ Laporte နဲ႔ Ake(ဒဏ္ရာ)တို႔ေၾကာင့္ အဆိုပါကစားသမားမ်ားမွာ မန္ခ်က္စတာဒါဘီကို လြဲေခ်ာ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။သို႔ေပမယ့္ လို႔ အရန္လူအင္အားေတာင့္တင္းတဲ့ မန္ခ်က္စတာ စီးတီးအသင္းဟာ ႐ုန္းကန္ႏိုင္ရဖြယ္မရွိဘဲ အနီးကပ္ဆုံး ခ်ဲလ္ဆီးအသင္းႏွင့္ ပြဲစဥ္မွာ ဆို အေဝးကြင္းမွာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိထားတာေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ သတိႀကီးႀကီးထားယွဥ္ၿပိဳင္ကစားရမည္လဲျဖစ္ပါတယ္။တစ္ဖက္က ယူႏိုက္တက္အသင္းကလည္း တိုက္စစ္ မႈးျဖစ္သူ ကာဗာနီ ပြဲပါယ္ျပစ္ဒါဏ္ေၾကာင့္ ပါ၀င္လာမည္ မဟုတ္ဘဲ တျခားအဓိကကစားသမားမ်ားမွာေတာ့ သာမာန္အားျဖင့္ ဒါဏ္ရာျပႆနာ ကင္းစင္ေနတာလည္း ျဖစ္ပါတယ္။ႏွစ္ဖက္ အသင္း ရဲ႕ ေနာက္ဆုံး ၅ ပြဲရလဒ္မ်ားတြင္ လည္း မန္စီးတီးအသင္းက ၄ ပြဲႏိုင္ ၁ ပြဲသေရ က်ထားၿပီး အဆိုပါ အသင္းမ်ားထဲတြင္ အာဆင္နယ္၊ခ်ဲလ္ဆီး စတဲ့ အသင္းတစ္ခ်ိဳ႕ ကိုဂိုးျပတ္ အႏိုင္ရလဒ္ရယူထားတာလည္းပါ၀င္ထားတာ ေတြ႕ရပါတယ္။ထို႔အျပင္ ယူႏိုက္တက္အသင္း ကလည္း ေနာက္ဆုံး ၅ ပြဲဆက္ တြင္ ၄ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ရရွိထားၿပီး လက္စတာ အသင္းတစ္သင္းကို သာ သေရရလဒ္ရရွိထားသည္ အထိ ႏွစ္သင္းလုံးက ေျခစြမ္းထက္ျမတ္ေနၾကတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ႏွစ္သင္းလုံးရဲ႕ ေနာက္ဆုံး ၃ ႀကိမ္ေတြ႕ဆုံမႈမွာလည္း ယူႏိုက္တက္အသင္းက ႏွစ္ႀကိမ္အႏိုင္ရရွိၿပီး တစ္ႀကိမ္ သေရက်ထားတာလည္းျဖစ္ပါတယ္။သို႔ေၾကာင့္ ယူႏိုက္တက္ အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္က ရႈံးေႂကြး ကို ဒီရာသီမွာ ျပန္ဆပ္ၿပီး ဗိုလ္လုပြဲကို တက္ေရာက္ဖို႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က ဒီႏွစ္သင္း ဆီမီးဖိုင္နယ္ အဆင့္မွာ ေတြ႕ဆုံစဥ္က ယူႏိုက္တက္ အသင္းက အေဝးကြင္းတြင္ ၁ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေပမယ့္ အိမ္ကြင္းမွာ ေတာ့ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ ရႈံးနိမ့္မႈ ေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာဘဲျဖစ္ပါတယ္။မည္သို႔ပင္ဆိုေစကာမူ ယူႏိုက္တက္ အသင္းအေနနဲ႔ ဒီရာသီမွာ ဆုဖလား မ်ားကို တက္ႏိုင္သမွ် အားလုံးရယူရန္ ႀကိဳးစားေနတာ ျဖစ္တာေၾကာင့္ ပထမဆုံး အေနနဲ႔ ဆို အနီးကပ္ဆုံး အေနအထားမွာ ရွိေနတဲ့ EFL cup ဖလားကို အားစိုက္ဖို႔ လိုအပ္‌ေနပါတယ္။ အဆိုပါဖလားကို ရရွိဖို႔ဆို ယူႏိုက္တက္အေနနဲ႔ အႏိုင္ရရွိဖို႔ မျဖစ္မေန လိုအပ္ေနၿပီး အထူးသျဖင့္ သေရ တစ္မွတ္ကို ဦးတည္ၿပီး ေကာင္တာေခ်ာင္းကစားမယ့္ မန္စီးတီအသင္းကို အထူးဂ႐ုစိုက္ဖို႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္မွာ မန္စီးတီအသင္းရဲ႕ ကစားပုံဟာအရင္ပုံမွန္ ပုံစံေတနဲ႔ ကြဲထြက္ခဲ့တာကို ေတြ႕ရၿပီးအထူးသျဖင့္ တိုက္စစ္မႈးလုံး၀ မပါဘဲ ဒီဘ႐ိုင္းကို False 9 ပုံစံကစားေစခဲ့တဲ့ ကစားဟန္က အေတာ္ေလးအလုပ္ျဖစ္ခဲ့တာ‌ကို ေတြ႕ခဲရတာေၾကာင့္ ယူႏိုက္တက္တို႔ နည္းစနစ္ပိုင္းမွာလည္း သတိႀကီးႀကီး ထားဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ဒါ့အျပင္ ယူႏိုက္တက္ အေနနဲ႔ စီးတီးတို႔ထက္ နားရက္တစ္ရက္ ပိုရရွိထားတာေၾကာင့္ ပြဲမပန္းဘဲ ယခုပြဲစဥ္ကို အေကာင္းဆုံး ဂိုးျပတ္ရလဒ္နဲ႔ အႏိုင္ရရွိမွသာလွ်င္ ဒီရာသီရဲ႕ ဆုဖလားတစ္လုံးကို ေမွ်ာ္လင့္ ခ်က္ ရွင္သန္ႏိုင္မယ္ လို႔ ျမင္မိေၾကာင္း သုံးသပ္မိပါတယ္။ကဲခင္ဗ်ားတို႔ ရဲ႕ အျမင္ေတကိုလည္း ၀င္ေရာက္ေတြးေႏြးေပးၾကပါဦးဗ်။ေက်းဇူးတင္ပါတယ္။
#Muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X