Sport

ချန်ပီယံပြေးလမ်းပေါ် ပြန်ရောက်လာတဲ့ယူနိုက်တက်နဲ့ကစားသမားတစ်ချို့ကို ချီးကျူးသွားခဲ့တဲ့ ဖာဂူဆန်

 

UNICODE

ချန်ပီယံပြေးလမ်းပေါ် ပြန်ရောက်လာတဲ့ယူနိုက်တက်နဲ့ကစားသမားတစ်ချို့ကို ချီးကျူးသွားခဲ့တဲ့ ဖာဂူဆန်

ဖာဂီဆိုတဲ့ ဂုရုကြီးဟာ ယူနိုက်တက် ဆိုတဲ့ အသင်းတစ်သင်းကို အောင်မြင်အောင်တည်ဆောက်ပေးနိုင်ခဲ့ပြီး အသင်းအတွက် အချိန်များစွာပေးဆပ်ကာ ဂုဏ်သိက္ခာရှိရှိ အနားယူသွားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ဘောလုံးလောကမှာဆို ၎င်းကို မသိသူ မရှိသလောက် နည်းပါးသည်အထိ အောင်မြင်မှု အပေါင်း သရဖူ ကို ယူနိုက်တက် နှင့် တူတကွ ဆောင်းခဲ့တဲ့ ဖာဂီတစ်ယောက်ဟာ ယခု အသင်းရဲ့ ချန်ပီယံပြေးလမ်းပေါ် ပြန်လည်ရောက်ရှိလာ မှု အပေါ် အတော်လေးကျေနပ်နေတာလည်း ဖြစ်ပါတယ်။အထူးသဖြင့် ယူနိုက်တက်တို့ ဟာ ဖာဂီလက်ထပ်နောက်ပိုင်းမှာ အောင်မြင်မှုတို့ နဲ့ လုံး၀ဝေးကွာနေခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အိမ်ကွင်း ပွဲစဉ်တိုင်းကို မငြီးမငြူ လာရောက်အားပေးတက်တဲ့ ဂရုကြီး ကလည်း အဆိုပါအချိန်တေကို အတော်လေး စိတ်ပျက်ခဲ့ပုံရပါတယ်။ယခုအချိန်မှာတော့ အသင်းဟာ ၎င်းရဲ့ တပည့်ဖြစ်သူ ရဲ့ ဦးဆောင်မှု နဲ့ အတူ အမှတ်ပေးဇယားထိပ်ပိုင်းမှာ အမှတ်ပေးချန်ပီယံ ဆုဖလားကို စိန်ခေါ် လာနိုင်ပြီ လည်း ဖြစ်ပါတယ်။အဆိုပါအခြေအနေကို ဖာဂီတစ်ဦးအတော်လေး သဘောကျကျေနပ်နေပြီး အောက်ပါအတိုင်း ယူနိုက်တက် ကို ချီးကျူးသွားခဲ့တာလည်း ဖြစ်ပါတယ်။“ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ဆိုတာမလွယ်ပါဘူး။ အခာနောက်ပိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲက အရင်လိုမလွယ်ကူတော့ပါဘူး။ အရင်ကထက်အများကြီး ပိုပြီး ခက်ခဲလာပါပြီ။ရက်ဖို့က အလွန်တော်တဲ့လူငယ်လေးပါ။သူကျွန်တော်တို့ဆီကိုရောက်လာတုန်းက အသက်ကိုးနှစ်ဘဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ ပြုမှုပြောဆိုပုံ၊အမူအကျင့်၊ သူတို့ကိုယ်သူတို့တိုးတက်အောင်ဘာလုပ်နေတယ်ဆိုတာနဲ့ တချို့သောကိစ္စတွေကိုပြောင်းလဲဖို့သူဘာလုပ်ပေးနေသလဲဆ်ိုတဲ့အရာတွေအားလုံး သူ့ဆီမှာတွေ့နိုင်ပါတယ်။သူကိုယ်တိုင် လက်လုပ်လက်စားမိသားစုကနေကြီးပြင်းလာတဲ့အတွက် အဲဒီ့လိုကလေးတွေဘာတွေဖြတ်သန်းခဲ့ရသလဲဆိုတာသူသိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းတက်တုန်းက ကျောင်းကကျွေးတဲ့အစားအသောက်တွေဘဲစားခဲ့တာပါ။

မားကပ်စ်ကိုယ်တိုင်လည်း အဲဒီ့နေ့လည်စာ၊ညစာတွေကဘယ်လောက်အရေးကြီးတယ်ဆိုတာ သူသိပါတယ်။ ယူနိုက်တက်မှာ ဟွမ်မာတာဆိုတဲ့ကောင်လေး သူ့ရဲ့လစာတချို့တစ်ဝက်ကိုအမြဲလှူနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ရက်ရှ်ဖို့ဒ်တို့လုပ်တာတွေကို ကြည့်စမ်းပါဗျာ။ ဘောလုံးသမားတိုင်းက ပြိုင်ကားတွေဘဲဝယ်စီးနေကြတာမဟုတ်ပါဘူး။ သူတို့ထဲမှာနှလုံးသားလှတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။ ဘောလုံးလောကကလူတွေအကုန်လုံးက အချည်းအနှီးသုံးဖြုန်းနေကြတာတော့လည်းမဟုတ်ပါဘူး။” ဟု ချီးကျူးသွားခဲ့တာလည်း ဖြစ်ပါတယ်။

#MUFF
Source Daily mail

ZAWGYI

ခ်န္ပီယံေျပးလမ္းေပၚ ျပန္ေရာက္လာတဲ့ယူႏိုက္တက္နဲ႔ကစားသမားတစ္ခ်ိဳ႕ကို ခ်ီးက်ဴးသြားခဲ့တဲ့ ဖာဂူဆန္

ဖာဂီဆိုတဲ့ ဂု႐ုႀကီးဟာ ယူႏိုက္တက္ ဆိုတဲ့ အသင္းတစ္သင္းကို ေအာင္ျမင္ေအာင္တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး အသင္းအတြက္ အခ်ိန္မ်ားစြာေပးဆပ္ကာ ဂုဏ္သိကၡာရွိရွိ အနားယူသြားခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ေဘာလုံးေလာကမွာဆို ၎ကို မသိသူ မရွိသေလာက္ နည္းပါးသည္အထိ ေအာင္ျမင္မႈ အေပါင္း သရဖူ ကို ယူႏိုက္တက္ ႏွင့္ တူတကြ ေဆာင္းခဲ့တဲ့ ဖာဂီတစ္ေယာက္ဟာ ယခု အသင္းရဲ႕ ခ်န္ပီယံေျပးလမ္းေပၚ ျပန္လည္ေရာက္ရွိလာ မႈ အေပၚ အေတာ္ေလးေက်နပ္ေနတာလည္း ျဖစ္ပါတယ္။အထူးသျဖင့္ ယူႏိုက္တက္တို႔ ဟာ ဖာဂီလက္ထပ္ေနာက္ပိုင္းမွာ ေအာင္ျမင္မႈတို႔ နဲ႔ လုံး၀ေဝးကြာေနခဲ့တာ ျဖစ္ၿပီး ယူႏိုက္တက္ရဲ႕ အိမ္ကြင္း ပြဲစဥ္တိုင္းကို မၿငီးမျငဴ လာေရာက္အားေပးတက္တဲ့ ဂ႐ုႀကီး ကလည္း အဆိုပါအခ်ိန္ေတကို အေတာ္ေလး စိတ္ပ်က္ခဲ့ပုံရပါတယ္။ယခုအခ်ိန္မွာေတာ့ အသင္းဟာ ၎ရဲ႕ တပည့္ျဖစ္သူ ရဲ႕ ဦးေဆာင္မႈ နဲ႔ အတူ အမွတ္ေပးဇယားထိပ္ပိုင္းမွာ အမွတ္ေပးခ်န္ပီယံ ဆုဖလားကို စိန္ေခၚ လာႏိုင္ၿပီ လည္း ျဖစ္ပါတယ္။အဆိုပါအေျခအေနကို ဖာဂီတစ္ဦးအေတာ္ေလး သေဘာက်ေက်နပ္ေနၿပီး ေအာက္ပါအတိုင္း ယူႏိုက္တက္ ကို ခ်ီးက်ဴးသြားခဲ့တာလည္း ျဖစ္ပါတယ္။

“ခ်န္ပီယံလမ္းေၾကာင္းေပၚ ျပန္ေရာက္လာဖို႔ဆိုတာမလြယ္ပါဘူး။ အခာေနာက္ပိုင္းပရီးမီးယားလိဂ္ၿပိဳင္ပြဲက အရင္လိုမလြယ္ကူေတာ့ပါဘူး။ အရင္ကထက္အမ်ားႀကီး ပိုၿပီး ခက္ခဲလာပါၿပီ။ရက္ဖို႔က အလြန္ေတာ္တဲ့လူငယ္ေလးပါ။သူကြၽန္ေတာ္တို႔ဆီကိုေရာက္လာတုန္းက အသက္ကိုးႏွစ္ဘဲရွိပါေသးတယ္။ လူတစ္ေယာက္ရဲ႕ ျပဳမႈေျပာဆိုပုံ၊အမူအက်င့္၊ သူတို႔ကိုယ္သူတို႔တိုးတက္ေအာင္ဘာလုပ္ေနတယ္ဆိုတာနဲ႔ တခ်ိဳ႕ေသာကိစၥေတြကိုေျပာင္းလဲဖို႔သူဘာလုပ္ေပးေနသလဲဆ္ိုတဲ့အရာေတြအားလုံး သူ႔ဆီမွာေတြ႕ႏိုင္ပါတယ္။သူကိုယ္တိုင္ လက္လုပ္လက္စားမိသားစုကေနႀကီးျပင္းလာတဲ့အတြက္ အဲဒီ့လိုကေလးေတြဘာေတြျဖတ္သန္းခဲ့ရသလဲဆိုတာသူသိပါတယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္း ေက်ာင္းတက္တုန္းက ေက်ာင္းကေကြၽးတဲ့အစားအေသာက္ေတြဘဲစားခဲ့တာပါ။ မားကပ္စ္ကိုယ္တိုင္လည္း အဲဒီ့ေန႔လည္စာ၊ညစာေတြကဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သူသိပါတယ္။ ယူႏိုက္တက္မွာ ဟြမ္မာတာဆိုတဲ့ေကာင္ေလး သူ႔ရဲ႕လစာတခ်ိဳ႕တစ္ဝက္ကိုအၿမဲလႉေနတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ရက္ရွ္ဖို႔ဒ္တို႔လုပ္တာေတြကို ၾကည့္စမ္းပါဗ်ာ။ ေဘာလုံးသမားတိုင္းက ၿပိဳင္ကားေတြဘဲဝယ္စီးေနၾကတာမဟုတ္ပါဘူး။ သူတို႔ထဲမွာႏွလုံးသားလွတဲ့သူေတြလည္း အမ်ားႀကီးရွိေနပါေသးတယ္။ ေဘာလုံးေလာကကလူေတြအကုန္လုံးက အခ်ည္းအႏွီးသုံးျဖဳန္းေနၾကတာေတာ့လည္းမဟုတ္ပါဘူး။” ဟု ခ်ီးက်ဴးသြားခဲ့တာလည္း ျဖစ္ပါတယ္။

#MUFF
Source Daily mail

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X