Sport

ယူနိုက်တက်ကိုသာမာန်ထက်ပိုတဲ့ခံစားချက်ရှိကြောင်းနဲ့ သူရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကိုဖွင့်ဟသွားတဲ့ဒါးလော့

UNICODE

ယူနိုက်တက်ကိုသာမာန်ထက်ပိုတဲ့ခံစားချက်ရှိကြောင်းနဲ့ သူရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကိုဖွင့်ဟသွားတဲ့ဒါးလော့

ပေါ်တူဂီနိုင်ငံသားဖြစ်သူ ဒီယေဂိုဒါးလော့ဟာမော်ရင်ဟိုလက်ထပ်က ပေါ်တိုအသင်းမှာထင်ရှားတဲ့ ခြေစွမ်းပိုင်းပြသမှုတေကြောင့် တောက်ပလာမယ့် လူငယ်ခံစစ်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူခဲ့ပါတယ်။နောက်ပိုင်းမှာ အင်ဂလန်ရဲ့ ရာသီဥတု၊ကြံ့ခိုင်မှု စတဲ့ အခြေအနေတစ်ချို့ကြောင့် ၎င်းဟာ ရုန်းကန်‌ခဲ့ရပြီး အထူးသဖြင့် ပုံမှန်ပွဲထွက် ခွင့် မရရှိခြင်း၊ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းအသားပေးမှု၊ကြံခိုင်မှု စတဲ့ အခြေအနေတေကို ယှဉ်ပြိုင်ရာမှာ သူ့အတွက်ခက်ခဲနေခဲ့ရခြင်း၊ဒါဏ်ရာပြသနာစတာတွေကြောင့် ခက်ခဲခဲ့ရပြီး ယခုနှစ်နွေရာသီမှာတော့ အေစီမီလန်အသင်းသို့ အငှားစာချုပ်နဲ့ တစ်ရာသီပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ယခုအချိန်မှာတော့ ၎င်းဟာ အေစီမီလန်အသင်းအတွက် ပွဲထွက်ခွင့် တစ်ချို့ကို ရရှိနေပြီး သွင်းဂိုးများ၊ဂိုးဖန်တီးမှု တစ်ချို့ နှင့် ခြေစွမ်းများ ပြသထားနိုင်ပြီလည်း ဖြစ်ပါတယ်။သို့ပေမယ့် ၎င်းရဲ့ အေစီမီလန်အသင်းကစားသမား ဘ၀ မှာ ဘယ်ခြမ်းခံစစ်မှာကစားနေရတာကို တော့ စာရေးသူ အနေနဲ့ သတိထားမိပါတယ်။ယခုတစ်ခါ အင်တာဗျူးမှာတော့ ၎င်းက ယူနိုက်တက်မှာ ရုန်းကန်ရတဲ့ အကြောင်းကို ပြန်လည် ဖွင့်ဟ သွားခဲ့ပါတယ်။ဒါးလော့က “ဒါဏ်ရာတေကြောင့် ကျနော်ယူနိုက်တက်အတွက် ဘယ်တော့ မှ အဆင်သင့်မဖြစ်ခဲ့ပါဖူး။ဒါကြောင့် ကျနော်စိတ်မသက်မသာ ခြင်းများစွာနဲ့ ယူနိုက်တက်ကနေ ထွက်လာခဲ့တယ်ဘဲ ဆိုရမှာပါ။ဒါတွေက ဖြစ်ပြီးခဲ့တာတေဆိုတော့ကာ ဘယ်တက်နိုင်မှာလည်း။ သို့ပေမယ့်လို့ ကျနော် လုံး၀ နောင်တမရပါဖူး။ယူနိုက်တက်မှာ ကျနော် အခုလို လူမျိုးဖြစ်လာဖို့ ကျနော့်ဘ၀ အတွက် လိုအပ်တဲ့ အရေးအကြီးဆုံးသော အရာတေကို သင်ယူခွင့်ရခဲ့တာကြောင့်ပါ။ယူနိုက်တက်မှာ ရှိခဲ့ရတာကို ဘယ်တော့မှလည်း နောင်တမရခဲ့ပါဖူး။

စိတ်ပျက်ရတဲ့ ခံစားချက်တေလည်း ရှိမနေခဲ့ပါဖူး။အမှန်တိုင်း၀န်ခံရရင်တော့ကျနော့် မှာ ယူနိုက်တက်နဲ့ ပါတ်သတ်ပြီး သာမာန်ထက် ပိုတဲ့ ခံစားချက်တေရှိပါတယ်။
ကျနော့်မှာ ကျနော့် စိတ်ကြိုက်ကစားနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုး မရှိခဲ့တာကလည်း ပိုပြီးခံစားခဲ့ရပါတယ်။ယူနိုက်တက်မှာ အရမ်းကောင်းမွန်တဲ့ အခိုင်အတန့်တေကို ခံစားခဲ့ရပါတယ်။အလွန်အရေးကြီးတဲ့ ပွဲတေမှာလည်း ကျနော် ကစားခွင့်ရခဲ့ပါတယ်” ဟု ဖွင့်ဟ သွားခဲ့တာ ဘဲ ဖြစ်ပါတယ်။ဒါးလော့နဲ့ ပါတ်သတ်ရင်တော့ ကျွန်တော်တို့ ယူနိုက်တက် ပရိတ်သတ်တေ ရဲ့ ရင်ထဲမှာ မမေ့နိုင်စရာ ကိစ္စကတော့ PSG အသင်းနဲ့ ပွဲရဲ့ နောက်ဆုံးမိနစ်နောက်ကျ ပင်နယ်တီကို ယူသွားပေးခဲ့တာဘဲဖြစ်မှာပါ။ကဲဘာပဲပြောပြောပါ ရာသီကုန်မှာ ယူနိုက်တက် အသင်းကို ပြန်လာပြီးတော့ နောက်ခံတစ်နေရာအတွက် တိုက်ပွဲ၀င်စေခြင်ပါတယ် ဒါးလော့ရေ။ယူနိုက်တက်ရဲ့ ပရိတ်သတ်တိုင်းက မင်းအပေါ် မျှော်လင့်ချက်တေရှိပါတယ် ဒါးလော့ရေ။

#MUFF

ZAWGYI

ယူႏိုက္တက္မွာ ႐ုန္းကန္ခဲ့ရတဲ့ အေၾကာင္းကို ဖြင့္ဟဘခ်ျပသြားတဲ့ ဒီေယဂိုဒါးေလာ့

ေပၚတူဂီႏိုင္ငံသားျဖစ္သူ ဒီေယဂိုဒါးေလာ့ဟာေမာ္ရင္ဟိုလက္ထပ္က ေပၚတိုအသင္းမွာထင္ရွားတဲ့ ေျခစြမ္းပိုင္းျပသမႈေတေၾကာင့္ ေတာက္ပလာမယ့္ လူငယ္ခံစစ္ကစားသမားအျဖစ္သတ္မွတ္ခံခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကေခၚယူခဲ့ပါတယ္။ေနာက္ပိုင္းမွာ အင္ဂလန္ရဲ႕ ရာသီဥတု၊ႀကံ့ခိုင္မႈ စတဲ့ အေျခအေနတစ္ခ်ိဳ႕ေၾကာင့္ ၎ဟာ ႐ုန္းကန္‌ခဲ့ရၿပီး အထူးသျဖင့္ ပုံမွန္ပြဲထြက္ ခြင့္ မရရွိျခင္း၊ပရီးမီးယားလိဂ္ရဲ႕ ျမန္ႏႈန္းအသားေပးမႈ၊ႀကံခိုင္မႈ စတဲ့ အေျခအေနေတကို ယွဥ္ၿပိဳင္ရာမွာ သူ႔အတြက္ခက္ခဲေနခဲ့ရျခင္း၊ဒါဏ္ရာျပသနာစတာေတြေၾကာင့္ ခက္ခဲခဲ့ရၿပီး ယခုႏွစ္ေႏြရာသီမွာေတာ့ ေအစီမီလန္အသင္းသို႔ အငွားစာခ်ဳပ္နဲ႔ တစ္ရာသီေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ယခုအခ်ိန္မွာေတာ့ ၎ဟာ ေအစီမီလန္အသင္းအတြက္ ပြဲထြက္ခြင့္ တစ္ခ်ိဳ႕ကို ရရွိေနၿပီး သြင္းဂိုးမ်ား၊ဂိုးဖန္တီးမႈ တစ္ခ်ိဳ႕ ႏွင့္ ေျခစြမ္းမ်ား ျပသထားႏိုင္ၿပီလည္း ျဖစ္ပါတယ္။သို႔ေပမယ့္ ၎ရဲ႕ ေအစီမီလန္အသင္းကစားသမား ဘ၀ မွာ ဘယ္ျခမ္းခံစစ္မွာကစားေနရတာကို ေတာ့ စာေရးသူ အေနနဲ႔ သတိထားမိပါတယ္။ယခုတစ္ခါ အင္တာဗ်ဴးမွာေတာ့ ၎က ယူႏိုက္တက္မွာ ႐ုန္းကန္ရတဲ့ အေၾကာင္းကို ျပန္လည္ ဖြင့္ဟ သြားခဲ့ပါတယ္။ဒါးေလာ့က “ဒါဏ္ရာေတေၾကာင့္ က်ေနာ္ယူႏိုက္တက္အတြက္ ဘယ္ေတာ့ မွ အဆင္သင့္မျဖစ္ခဲ့ပါဖူး။ဒါေၾကာင့္ က်ေနာ္စိတ္မသက္မသာ ျခင္းမ်ားစြာနဲ႔ ယူႏိုက္တက္ကေန ထြက္လာခဲ့တယ္ဘဲ ဆိုရမွာပါ။


ဒါေတြက ျဖစ္ၿပီးခဲ့တာေတဆိုေတာ့ကာ ဘယ္တက္ႏိုင္မွာလည္း။ သို႔ေပမယ့္လို႔ က်ေနာ္ လုံး၀ ေနာင္တမရပါဖူး။ယူႏိုက္တက္မွာ က်ေနာ္ အခုလို လူမ်ိဳးျဖစ္လာဖို႔ က်ေနာ့္ဘ၀ အတြက္ လိုအပ္တဲ့ အေရးအႀကီးဆုံးေသာ အရာေတကို သင္ယူခြင့္ရခဲ့တာေၾကာင့္ပါ။ယူႏိုက္တက္မွာ ရွိခဲ့ရတာကို ဘယ္ေတာ့မွလည္း ေနာင္တမရခဲ့ပါဖူး။စိတ္ပ်က္ရတဲ့ ခံစားခ်က္ေတလည္း ရွိမေနခဲ့ပါဖူး။အမွန္တိုင္း၀န္ခံရရင္ေတာ့က်ေနာ့္ မွာ ယူႏိုက္တက္နဲ႔ ပါတ္သတ္ၿပီး သာမာန္ထက္ ပိုတဲ့ ခံစားခ်က္ေတရွိပါတယ္။က်ေနာ့္မွာ က်ေနာ့္ စိတ္ႀကိဳက္ကစားႏိုင္တဲ့ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈမ်ိဳး မရွိခဲ့တာကလည္း ပိုၿပီးခံစားခဲ့ရပါတယ္။ယူႏိုက္တက္မွာ အရမ္းေကာင္းမြန္တဲ့ အခိုင္အတန႔္ေတကို ခံစားခဲ့ရပါတယ္။အလြန္အေရးႀကီးတဲ့ ပြဲေတမွာလည္း က်ေနာ္ ကစားခြင့္ရခဲ့ပါတယ္” ဟု ဖြင့္ဟ သြားခဲ့တာ ဘဲ ျဖစ္ပါတယ္။ဒါးေလာ့နဲ႔ ပါတ္သတ္ရင္ေတာ့ ကြၽန္ေတာ္တို႔ ယူႏိုက္တက္ ပရိတ္သတ္ေတ ရဲ႕ ရင္ထဲမွာ မေမ့ႏိုင္စရာ ကိစၥကေတာ့ PSG အသင္းနဲ႔ ပြဲရဲ႕ ေနာက္ဆုံးမိနစ္ေနာက္က် ပင္နယ္တီကို ယူသြားေပးခဲ့တာဘဲျဖစ္မွာပါ။ကဲဘာပဲေျပာေျပာပါ ရာသီကုန္မွာ ယူႏိုက္တက္ အသင္းကို ျပန္လာၿပီးေတာ့ ေနာက္ခံတစ္ေနရာအတြက္ တိုက္ပြဲ၀င္ေစျခင္ပါတယ္ ဒါးေလာ့ေရ။ယူႏိုက္တက္ရဲ႕ ပရိတ္သတ္တိုင္းက မင္းအေပၚ ေမွ်ာ္လင့္ခ်က္ေတရွိပါတယ္ ဒါးေလာ့ေရ။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X