Uncategorized

ယူနိုက်တက်တို့ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ကို သတိထားလုပ်ဆောင်သင့်တဲ့ အချက်သုံးချက်

UNICODE

ယူနိုက်တက်တို့ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ကို သတိထားလုပ်ဆောင်သင့်တဲ့ အချက်သုံးချက်

ဒီရာသီမှာမန်ချက်စတာယူနိုက်တက် အသင်းရဲ ခြေစွမ်းက ရာသီအစပိုင်းမှာ သိပ်ပြီးကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပေမယ့်လို့ နောက်ပိုင်းပွဲစဉ်တေမှာ ခြေစွမ်းပိုင်းအားဖြင့် အထူးတည်ငြိမ်ကောင်းမွန်လာပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာထိကို လည်း အဆင့်တစ်နေရာက လီဗာပူးအသင်းနှင့်အမှတ်တူအနေအထားနဲ့ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ဒါကြောင့် ယူနိုက်တက်ပရိတ်သတ်တေအတွက်တော့တစ်ချိန်က ရွှေရောင်အိမ်မက်တွေကို ပြန်လည်‌ပုံဖေါ်နိုင်ဖို့ အိမ်မက်တွေ
လည်း ပြန်လည်နိုးထလာပြီလည်းဖြစ်ပါတယ်။သို့ပေမယ့်လို့ ဒီရာသီ အမှတ်ပေးဇယားရပ်တည်မှု ကို ကြည့်လိုက်မယ်ဆိုရင် အသင်းတစ်သင်းနှင့်တစ်သင်းကြားအမှတ်ကွာခြားမှု ကသိပ်ပြီးကြီးကြီးမားမားရှိမနေဘဲနဲ့ အဆင့်တစ်နေရာက လီဗာပူးအသင်းနှင့် အဆင့်၅ နေရာကအဲဗာတန်အသင်းတို့ ကြားက အမှတ်ကွာခြားချက်ဆိုရင်လည်း ၄မှတ်သာ ရှိတာကို တွေ့ရပါတယ်။ဆိုတော့ကာဒီရာသီမှာယူနိုက်တက်အသင်းအနေနဲ့အမှတ်ပေးချန်ပီယံဆုကိုသိမ်းပိုက်နိုင်ဖို့ဆိုရင်တော့အရင်ဆုံးတစ်အချက်အနေနဲ့ ယခုခြေစွမ်းကိုဆက်လက်ထိန်းသိမ်းပြီးပွဲတစ်ပွဲခြင်းစီတိုင်းမှာ မလိုအပ်ဘဲ အမှတ်မလျော့စေဖို့ ဖြစ်ပါတယ်။အထူးသဖြင့် ခံစစ်အားပြုတဲ့ အသင်းတေကို အမှတ်ခွဲဝေပေးရလေ့ရှိတဲ့ ယူနိုက်တက် အနေနဲ့ ဒီရာသီမှာ လုံး၀ကို အဆိုပါပွဲစဉ်တေမှာ အမှတ် လျော့နည်းမှု မရှိမှသာအမှတ်ပေးချန်ပီယံဆု ကို တက်နိုင်သမျှအကောင်းဆုံး စိမ်ခေါ်နိုင်မယ်လို့မြင်မိပါတယ်။နံပါတ်နှစ်အချက်အနေနဲ့ကတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ကိုဒါဏ်ရာပြဿနာမကြုံတွေ့စေဖို့အရေးဖြစ်ပါတယ်။ယူနိုက်တက်ရဲ့ ကြိုက်တဲ့ပရိတ်သတ်ကိုလိုက်မေးကြည့်နိုင်ပါတယ်။ဒီရာသီမှာ ဘရူနိုက ယူနိုက်တက်ရဲ့ လုံး၀မရှိမဖြစ်ဆိုတဲ့ ကစားသမားမျိုးဖြစ်နေတာပါ။အထူးသဖြင့် ပွဲစဉ်တိုင်းကို ကစားရမှုကြောင့် ပင်ပန်းမှုကို အဆမတန်မမျှမတခံစားနေရတဲ့ ဘရူနိုဖာနန်ဒက်တစ်ယောက်ကို နည်းပြဖြစ်သူဆိုလ်းရှားအနေနဲ့မလိုအပ်တဲ့ ပွဲစဉ်တေမှာခေါက်ထားပြီးတော့အပြည့်အ၀အနားပေးစေလိုပါတယ်။တကယ်လို ဘရူနိုဖာနန်ဒက်သာ ဒါဏ်ရာရသွားခဲ့မယ်ဆို အသင်းအနေနဲ့ လုံး၀ form ကြီး ပျက်မသွားနိုင်ပေမယ့် ခက်ခဲရုန်းကန်ရမှာတော့ သေချာပါတယ်။နံပါတ်သုံးအချက်အနေနဲ့ ကတော့ ကိုဗစ်ကူးဆက်မှု ဒါဏ်ပါ။ တကယ်လို့သာ ကျနော်တို့ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေ


သာကိုဗစ်ကူးဆက်မှုကို အတူတကွခံလိုက်ရမယ် ဆိုရင် တကယ်ကို ရင်လေးစရာကိစ္စကြီးပါ။အသင်းအနေနဲ့ချန်ပီယံလမ်းကြောင်းပေါ်က လုံး၀ကိုရှောင်ဖါယ်သွားနိုင်တဲ့ကိစ္စတစ်ရပ်ပါ၊ဒါကြောင့်မလို့ အသင်းသားတွေကိုကိုဗစ်ကူးဆက်မှုမခံရအောင် အသင်းတာ ၀န်ရှိ‌သူတွေအနေနဲ့လည်း စနစ်တကျလုပ်ဆောင်ပေးထားနိုင်မှသာ ယူနိုက်တက်တို့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားကို အနီးကပ်ဆုံးစိန်ခေါ်ပြီး ဖလားမျှော်လင့်ချက်တို့ တောက်ပရှင်သန်နိုင်မယ်လို့ ယုံကြည်မိပါတယ် ခင်ဗျား။ကဲ ခင်ဗျားတို့လည်း မိမိ တို့ရဲ့ အမြင်လေးတွေကို ဆွေးနွေးပေးသွားနိုင်ပါတယ် ခင်ဗျ။ကျေးဇူးအထူးတင်ရှိပါတယ်။

#muff

ZAWGYI

ယူႏိုက္တက္တို႔ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ကို သတိထားလုပ္ေဆာင္သင့္တဲ့ အခ်က္သုံးခ်က္

ဒီရာသီမွာမန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ ေျခစြမ္းက ရာသီအစပိုင္းမွာ သိပ္ၿပီးေကာင္းမြန္ခဲ့ျခင္းမရွိခဲ့ေပမယ့္လို႔ ေနာက္ပိုင္းပြဲစဥ္ေတမွာ ေျခစြမ္းပိုင္းအားျဖင့္ အထူးတည္ၿငိမ္ေကာင္းမြန္လာၿပီးေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာထိကို လည္း အဆင့္တစ္ေနရာက လီဗာပူးအသင္းႏွင့္အမွတ္တူအေနအထားနဲ႔ ေရာက္ရွိလာခဲ့ၿပီလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ ယူႏိုက္တက္ပရိတ္သတ္ေတအတြက္ေတာ့တစ္ခ်ိန္က ေ႐ႊေရာင္အိမ္မက္ေတြကို ျပန္လည္‌ပုံေဖၚႏိုင္ဖို႔ အိမ္မက္ေတြ
လည္း ျပန္လည္ႏိုးထလာၿပီလည္းျဖစ္ပါတယ္။သို႔ေပမယ့္လို႔ ဒီရာသီ အမွတ္ေပးဇယားရပ္တည္မႈ ကို ၾကည့္လိုက္မယ္ဆိုရင္ အသင္းတစ္သင္းႏွင့္တစ္သင္းၾကားအမွတ္ကြာျခားမႈ ကသိပ္ၿပီးႀကီးႀကီးမားမားရွိမေနဘဲနဲ႔ အဆင့္တစ္ေနရာက လီဗာပူးအသင္းႏွင့္ အဆင့္၅ ေနရာကအဲဗာတန္အသင္းတို႔ ၾကားက အမွတ္ကြာျခားခ်က္ဆိုရင္လည္း ၄မွတ္သာ ရွိတာကို ေတြ႕ရပါတယ္။ဆိုေတာ့ကာဒီရာသီမွာယူႏိုက္တက္အသင္းအေနနဲ႔အမွတ္ေပးခ်န္ပီယံဆုကိုသိမ္းပိုက္ႏိုင္ဖို႔ဆိုရင္ေတာ့အရင္ဆုံးတစ္အခ်က္အေနနဲ႔ ယခုေျခစြမ္းကိုဆက္လက္ထိန္း
သိမ္းၿပီးပြဲတစ္ပြဲျခင္းစီတိုင္းမွာ မလိုအပ္ဘဲ အမွတ္မေလ်ာ့ေစဖို႔ ျဖစ္ပါတယ္။အထူးသျဖင့္ ခံစစ္အားျပဳတဲ့ အသင္းေတကို အမွတ္ခြဲေဝေပးရေလ့ရွိတဲ့ ယူႏိုက္တက္ အေနနဲ႔ ဒီရာသီမွာ လုံး၀ကို အဆိုပါပြဲစဥ္ေတမွာ အမွတ္ ေလ်ာ့နည္းမႈ မရွိမွသာအမွတ္ေပးခ်န္ပီယံဆု ကို တက္ႏိုင္သမွ်အေကာင္းဆုံး စိမ္ေခၚႏိုင္မယ္လို႔ျမင္မိပါတယ္။နံပါတ္ႏွစ္အခ်က္အေနနဲ႔ကေတာ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္ကိုဒါဏ္ရာျပႆနာမႀကဳံေတြ႕ေစဖို႔အေရးျဖစ္ပါတယ္။ယူႏိုက္တက္ရဲ႕ ႀကိဳက္တဲ့ပရိတ္သတ္ကိုလိုက္ေမးၾကည့္ႏိုင္ပါတယ္။ဒီရာသီမွာ ဘ႐ူႏိုက ယူႏိုက္တက္ရဲ႕ လုံး၀မရွိမျဖစ္ဆိုတဲ့ ကစားသမားမ်ိဳးျဖစ္ေနတာပါ။အထူးသျဖင့္ ပြဲစဥ္တိုင္းကို ကစားရမႈေၾကာင့္ ပင္ပန္းမႈကို အဆမတန္မမွ်မတခံစားေနရတဲ့ ဘ႐ူႏိုဖာနန္ဒက္တစ္ေယာက္ကို နည္းျပျဖစ္သူဆိုလ္းရွားအေနနဲ႔မလိုအပ္တဲ့ ပြဲစဥ္ေတမွာေခါက္ထားၿပီးေတာ့အျပည့္အ၀အနားေပးေစလိုပါတယ္။

တကယ္လို ဘ႐ူႏိုဖာနန္ဒက္သာ ဒါဏ္ရာရသြားခဲ့မယ္ဆို အသင္းအေနနဲ႔ လုံး၀ form ႀကီး ပ်က္မသြားႏိုင္ေပမယ့္ ခက္ခဲ႐ုန္းကန္ရမွာေတာ့ ေသခ်ာပါတယ္။နံပါတ္သုံးအခ်က္အေနနဲ႔ ကေတာ့ ကိုဗစ္ကူးဆက္မႈ ဒါဏ္ပါ။ တကယ္လို႔သာ က်ေနာ္တို႔ ယူႏိုက္တက္အသင္းရဲ႕ အဓိက ကစားသမားေတြသာကိုဗစ္ကူးဆက္မႈကို အတူတကြခံလိုက္ရမယ္ ဆိုရင္ တကယ္ကို ရင္ေလးစရာကိစၥႀကီးပါ။အသင္းအေနနဲ႔ခ်န္ပီယံလမ္းေၾကာင္းေပၚက လုံး၀ကိုေရွာင္ဖါယ္သြားႏိုင္တဲ့ကိစၥတစ္ရပ္ပါ၊ဒါေၾကာင့္မလို႔ အသင္းသားေတြကိုကိုဗစ္ကူးဆက္မႈမခံရေအာင္ အသင္းတာ ၀န္ရွိ‌သူေတြအေနနဲ႔လည္း စနစ္တက်လုပ္ေဆာင္ေပးထားႏိုင္မွသာ ယူႏိုက္တက္တို႔ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဖလားကို အနီးကပ္ဆုံးစိန္ေခၚၿပီး ဖလားေမွ်ာ္လင့္ခ်က္တို႔ ေတာက္ပရွင္သန္ႏိုင္မယ္လို႔ ယုံၾကည္မိပါတယ္ ခင္ဗ်ား။ကဲ ခင္ဗ်ားတို႔လည္း မိမိ တို႔ရဲ႕ အျမင္ေလးေတြကို ေဆြးေႏြးေပးသြားႏိုင္ပါတယ္ ခင္ဗ်။ေက်းဇူးအထူးတင္ရွိပါတယ္။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X