Uncategorized
ယနေ့ည ၈ နာရီအထိ နောက်ဆုံးရ ထူးထူးခြားခြားယူနိုက်တက် သတင်းတိုများ
UNICODE
ယနေ့ည ၈ နာရီအထိ နောက်ဆုံးရ ထူးထူးခြားခြားယူနိုက်တက် သတင်းတိုများ
မနေ့ညကယှဉ်ပြိုင်ကစားခဲ့သော ဗီလာအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့သောပွဲစဥ်မှာ အဲရစ်ဘာယီက Man of the match ရရှိခဲ့ကြောင်းသိရပါသည်။ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ လင်ဂတ်ဟာ စာချုပ်ပါအချက်အလက်အရ အသင်းနှင့် တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါသည်။ယူနိုက်တက်နည်းပြဖြစ်သူ ဆိုလ်းရှားဟာ မနေ့ည ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာအသင်းနှင့် ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ ကစားသမားဖြစ်သူ ဂျက်ဂရီလ်းရှစ် ရဲ့ ခြေစွမ်းကို အလွန်ကြိုက်‌နှစ်သက်သ‌ဘောတွေ့နေပြီး ယခု နှစ်ရာသီကုန် တွင် ပေါလ်ပေါ့ဘာထွက်ခွာဖြစ်ပါကမဖြစ်မနေ ခေါ်ယူပေးရန် အသင်းတာ၀န်ရှိသူများထံ တောင်းဆိုထားကြောင်း သိရပါသည်။အထူးသဖြင့်ဆိုလ်းရှားဟာ ဂရီးလ်းရှစ်အနေနဲ့ မန်စီးတီး၊လီဗားပူး အစရှိသည့်အသင်းများသို့ရောက်သွားမှာကို အလွန်စိုးရိမ်နေကြောင်းသိရပါသည်။Anthony Martial ရဲ့ မနေ့ ညက သွင်းဂိုးကြောင့် သူဟာ ရက်သတ္တပတ်ရဲ့ နေ့ရက်တိုင်းမှာ ဂိုးသွင်းဖူးသူအဖြစ် Ryan Giggs, Andy Cole, David Beckham နဲ့ Wayne Rooneyတို့နောက် United ရဲ့ ၅​ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ် ။ဖာနန်ဒက်ဟာဒီရာသီ ပရီးမီးယားလိဂ် မှာ ၁၆ပွဲသာ ကစားထားရသေးပေမယ့် ဂိုးပါဝင်ပတ်သက်မှုက ၁၈ကြိမ် (၁၁ဂိုး + ၇ကြိမ် ဖန်တီး)ထားကြောင်းသိရပါတယ်။ဒါ့အပြင်ယူနိုက်တက်ကို ရောက်ရှိချိန်ကစပြီးပွဲပေါင်း ၃၀ မှာဂိုးပါဝင်ပတ်သက်မှု ၃၃ကြိမ် (၁၉ဂိုး+၁၄ကြိမ်ဖန်တီး)တဲ့ ရလဒ် ကိုပိုင်ဆိုင်ထားပါတယ်။ဖာနန်ဒက် က”ကျတော် ယူနိုက်တက်မှာ ရောက်နေတာ ၁၂ လရှိသွားပါပြီ၊ဒီကာလတေမှာ တကယ်ကိုပျှော်ရွင်ရပါတယ်။ ဒါကြောင့်ခုက ဆုဖလားတွေရယူဖို့ အချိန်ကျပါပြီ ။ယခု 2021ဟာ အဲ့အတွက် အကောင်းဆုံးအချိန်ကာလပါပဲ”ဟု ကြုံးဝါးသွားခဲ့ပါတယ်။
ယနေ့ဟာ ယူနိုက်တက်ရဲ့ နယ်သာ‌လန် နောက်ခံကစားသမားဖြစ်သူ ဖိုဆူမန်ဆာရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်းသိရပါသည်။မန်စီးတီးဂိုးသမားဖြစ်သူ အီဒါဆန်ဟာ ကိုဗစ် ၁၉ ရောဂါ‌ကြောင့် ဇန်နဝါရီ ၆ ရက်နေ့ယူနိုက်တက် အသင်းနှင့် ကစားမည့် ကာရာဘောင် ဖလား ပွဲကို လွဲချောဖွယ်ရှိနေကြောင်း သိရပါသည်။ယူနိုက်တက် သတင်းများကို ယူနိုက်တက် အသင်းပရိတ်သတ်များ အများအပြားဖတ်ရှုနိုင်ရန် မန်ယူနိုက်တက် ဂရုများအတွင်း ရှယ်ပေးကြရန် မေတ္တာရပ်ခံအပ်ပါတယ်။ဒါ့အပြင် မွေးနေ့ရှင် ဖိုဆူမန်ဆာ အတွက်လည်း မွေးနေ့ ဆုတောင်းပေးသွားကြပါဦးဗျ။ကျေးဇူးပါ။
#MUFF
ZAWGYI
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X