Sport
ဗီလာကိုနိုင်တဲ့ပွဲမှာမဖြစ်မနေချီးကျူးရမယ့် ဆိုလ်းရှားရဲ့နည်းစနစ်ပိုင်းဆိုင်ရာတိုးတက်လာမှု
UNICODE
ဗီလာကိုနိုင်တဲ့ပွဲမှာမဖြစ်မနေချီးကျူးရမယ့် ဆိုလ်းရှားရဲ့နည်းစနစ်ပိုင်းဆိုင်ရာတိုးတက်လာမှု
ညက ပွဲမှာ ယူနိုက်တက်က ဗီလာကို ၂ ဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရတယ်။ဒါက သာမာန်နိုင်ပွဲတစ်ပွဲဆို တာထက်ပိုခဲ့ပါတယ်။အရင်တစ်ချိန်မှာ ဗီလာလို အသင်းမျိုးကို နိုင်တယ်ဆိုတာ က သာမာန် လို့ဆိုလို့ပေမယ့် ဒီရာသီအသင်းကြီးတိုင်းကို ကောင်းကောင်းကြီး ဒုခ္ခပေးထားနိုင်တဲ့ ဗီလာကို ယခုလိုအချိန်မျိုး အထူးသဖြင့် ဖလားလုမယ့် လမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ အချိန်မျိုး တေမှာ အနိုင်ယူပြသွားခဲ့တာ က ယူနိုက်တက် ကစားသမားတေ အတွက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ အရရောဆုဖလားယှဥ်ပြိုင်မှု အတွက်ရောအကောင်းဆုံးသောအပေါင်းလက္ခဏာဆန်ခဲ့တယ်။ဒါ့အပြင် ကစားသမားတေရဲ့ စုပေါင်းအင်အား၊ အနိုင်ရလို စိတ်တေ၊ဆုဖလားဆာလောင်မှုတေ က ယူနိုက်တက်မှာ မမြင်ရတာဆယ်ဆုနှစ်တစ်ခု နီးပါးစာရှိခဲ့နေခဲ့ပေမယ့် ဒီရာသီမှာတော့ ပြန်မြင်တွေ့လာခဲ့ရပြီ။အထူးသဖြင့် ပွဲပြီးချိန်မှာ အဲရစ်ဘာယီကို လုံး၀ ကစားသမားတေ စုပေါင်းပြီး ဂုဏ်ပြုသွားတဲ့ ဓါတ်ပုံတစ်ပုံက ယူနိုက်တက် မှာ မမြင်တွေ့ခဲ့ရတာ ကြာပြီ ဖြစ်တဲ့ အသင်းလိုက်အောင်မြင်မှု လိုခြင်တဲ့ စိတ်ဓါတ်ကို ပြန်မြင်တွေ့လိုက်ရသလိုပါဘဲ။အထူးသဖြင့် ယူနိုက်တက် ကို သာမာန်ထက်ပိုအားပေးတဲ့ ပရိတ်သတ်တစ်ယောက် အတွက်သာဆို အဆိုပါ ပုံတစ်ပုံက လုံး၀ ကြက်သီးမွှေးညှင်း ထစေတဲ့ ပျော်ရွှင်မှု ကို ရရှိစေမှာ ကြိမ်းသေပါတယ်။ဒါက ယူနိုက်တက်ပရိတ်သတ်တေအတွက် တော့ တကယ်ကို ချိုမြိန်ခြင်းပါ။ယူနိုက်တက်ရဲ့ လူရိုသေရှင်ရိုသေ ကာလကို ပြန်ရောက်လာပြီ လို့တောင် ပြောလို့ရတဲ့ အနေအထားတစ်ခုဖြစ်နေပါပြီ။လုံး၀ ပြည့်စုံနေတဲ့ အသင်းမဟုတ်သေးပေမယ့် လိုအပ်တဲ့ ဖြည့်တင်းမှု အနည်းငယ်သာ ထပ်မံပေါင်းထည်းလိုက်မယ်ဆို တကယ်ကို ပြည့်စုံတဲ့ အသင်းတစ်သင်း ဖြစ်လာတော့မှာပါ။အထူးသဖြင့်အတွေ့အကြုံနဲ့ နည်းစနစ် မပြည့်၀ဖူးလို့ လူတိုင်းကဝိုင်းလက်ညှိုးထိုး ခံခဲ့ရသူ ဆိုလ်းရှား ကတော့ ညကပွဲမှာ သူလုံး၀ ပြောင်းခဲတိုးတက်လာတယ်ဆိုတာ အလုပ်နဲ့ သက်သေပြသွားခဲ့ပါတယ်။အထူးသဖြင့် ပွဲထွက် အခင်းအကျင်းမှာ လူထုတ်ပုံက တကယ်ကို ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ကျနော့် အနေနဲ့ ကတော့ လူထုတ်ပုံကို ချီးကျူးမှာထက် အရင်ဆို လူစားလဲဖို့ နည်းစနစ်ပြောင်းလဲဖို့ကို ခက်ခဲနေခဲ့တဲ့ ဆိုလ်းရှားရဲ့ ညက ပွဲအချိန်အတွင်း နည်းစနစ် ပိုင်းဆိုင်ရာ ပြောင်းလဲ မှု ပြုလုပ်သွားပြပုံက တက်ကို ရသမြောက်ခဲ့ပါတယ်။အထူးသဖြင့် တစ်ဖက်ခံစစ်ကို မထိန်းနိုင်ဘဲ ရုန်းကန်နေရတဲ့ တော်မီနေးကို မဆိုင်းမတွ လူစားလဲသွားခဲ့ပုံက တကယ်ကို ယူနိုက်တက် အတွက်အကျိူးသက်ရောက်မှုရှိခဲ့ပါတယ်။အထူးသဖြင့် ကွင်းလယ် မှာ ဘောလုံးပေးပို့မှုတေ လုပ်ချင်တိုင်းလုပ်နေတဲ့ ဗီလာရဲ့ ကစားအားကို လျော့ချ ဖို့ မာတစ်ကို ထည့်လိုက်တဲ့ အချက်တစ်ခု။
ဒါက ယူနိုက်တက် အသင်းရဲ့ နိုင်ပွဲအတွက် တကယ်ကိုအရေးပါခဲ့ပါတယ်။အထူးသဖြင့် မာတစ်၀င်ရောက်လာချိန်မှာ ဗီလာအသင်းရဲ့ တိုက်စစ် ဆင်မှု တေ၊ယူနိုက်တက် Final third zone ထဲကို ဘောလုံးပေးပို့မှုတေက ၃ပုံ တစ်ပုံနီးပါးခန့်လျော့ကျသွားတာ ကိုတွေ့ရပီးတော့ ယူနိုက်တက်ဘက်က တိုက်စစ်ဆင်မှု တေဆက်တိုက်ပြန်လည်ပြု လုပ်နိင်ခဲ့ပါတယ်။ဒါပေမယ့် အဲ့အချိန်မှာ ဗီလာဘက် က လည်း ချက်ခြင်းဆိုသလို ဖြတ်တင်ဘောတေ ပေးပို့မှုတေကောင်းမွန်လှတဲ့ ကွင်းလယ်လူတေဖြစ်တဲ့ ဂျွန်မက်ဂင် နဲ့ ဂရီးလ်းရှစ် တို့ကို ညာခြမ်းကွင်းလယ်မှာ နေရာယူစေပြီး နောက်ခံလူ မက်ဒီကတ်ကို ကို ညာခြမ်းတိုက်စစ်ကို လုံး၀ ပြေး၀င်စေပြီး ကွင်းလယ်လောက်ကနေဖြတ်တင်ဘောတေ ‌ကို ထပ်မံပြီးစိတ်ကြိုက်ပြုလုပ်သွားခဲ့ပါတယ်။မှတ်မှတ်ရရ ဆို ဂရီလ်းရှစ်ရဲ့ ညာခြမ်းက ခုတ်တင်ပေးလိုက်မှု ကို အယ်ဂါဇီ(သေချာမမှတ်မိ) အပိုင်ပိတ်သွင်း ခွင့်ရလုနီးဖြစ်ခဲချိန်မှာ ဘစ်စာကာရဲ့ ဖြတ်ထုတ်မှုကတကယ်ကို အဆင့်အတန်းမြင့်မားခဲ့ပါတယ်။ဒီဖြစ်စဉ်အပြီးမှာ ဆိုလ်းရှားက လိုအပ်ချက်ကို လုံး၀ သတိထားမိသွားပြီး ဒန်နီရယ်ဂျိမ်းကို ဖာနန်ဒက်ရဲ့ နေရာမှ ထည့်သွင်းလိုက်စေခဲ့ပါတယ်။အဲ့တစ်ကွက်က တော်တော်လေးကို ကောင်းမွန်ပြီး တော့ အထူးသဖြင့် ဗီလာတို့ ဖြတ်တင်ဘောတေပြုလုပ်ဖို့ ထက် ‌အပြေးသန်လှတဲ့ ဂျိမ်းရဲ့ မိနစ် ၈၀ လောက်အောင်းထားတဲ့ ပြေးအားတေကြောင့် ဗီလာတို့ ဘောလုံးတေ အပျက်များက ယူနိုက်တက်တို့ တိုက်စစ်ကို ထပ်မံလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။တကယ်လို့ အဲ့အချိန်တုန်းက ဘရူနိုနေရာမှာ ဂျိမ်းကို မထည့်ဘဲ ဖြတ်တင်ဘောတေကို ဆက်တိုက်ခွင့်ပြုနေခဲ့ရင်တော့ သေချာပါတယ် တစ်ချိန်ကကျနော်တို့ အမြဲ တမ်း တစ်ဂိုးအသာနဲ့ အနိုင်ရနေချိန်မှာ နောက်ဆုံးမိနစ်တေမှာ တစ်ဖက်အသင်းရဲ့ ဖြတ်တင်ဘောတေက နေ ခေါင်းတိုက် ပိတ်သွင်းမှု တေကြောင့် အမှတ် ဆုံးရှူံးမှုမျိုး လုံး၀ ရှိသွားနိုင်တာပါ။
ဒါကြောင့် ဆိုလ်းရှားတစ်ယောက် အရင်က အမှားတေကို လုံး၀ သင်ခန်းစာယူပြီး နည်းစနစ်ပိုင်းတေအရင်ကထက် ပိုတိုးတက်လာတယ် ဆိုတာ အလုပ်နဲ့ သက်သေ ပြလာနိုင်ပြီဖြစ်လို့ ကျနော်တို့ ဆိုလ်းရှား ကိုလည်း ချီးကျူးပေးကြပြီး Ole out ဆိုတာလေးတေ ပိတ်နားလိုက်ကြပါတော့လို့ ပြောခြင်ပါတယ်ဗျာ။ကဲ ခင်ဗျားတို့ အမြင်လေးတေကို လည်း မျှဝေပေးကြပါဦးဗျ။
#MUFF
ZAWGYI
ဗီလာကိုနိုင်တဲ့ ပွဲမှာ ဆိုလ်းရှား ကို မဖြစ်မနေ ချီးကျူးရမယ့်နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲ
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X