Sport
လီဗာပူးနဲ့ အမှတ်တူ အနေအထားဖြစ်လာတာကိုမှတ်ချက်ပေးသွားတဲ့ ဆိုလ်းရှားရဲ့ပြောစကား
UICODE
လီဗာပူးနဲ့ အမှတ်တူ အနေအထားဖြစ်လာတာကို မှတ်ချက်ပေးသွားတဲ့ ဆိုလ်းရှားရဲ့ပြောစကား
ယူနိုက်တက်အသင်းဟာ ယနေ့ည အက်စတွန်ဗီလာအသင်းနှင့် ပွဲစဉ်မှာ တိုက်စစ်မှုးဖြစ်သူ မာရှယ်၊ဘရူနိုဖာနန်ဒက်တို့ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အတူ အနိုင် ၃ မှတ်ကို ရယူကာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ အဆင့်တစ်နေရာက လီဗာပူးအသင်းနှင့် အမှတ်တူ ဂိုးကွားခြားချက် အကွာ အနေအထားနဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ဗီလာနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး တစ်ဖက်အသင်းကလည်း အတော်လေးကို ခြေစွမ်းကောင်းမွန်ခဲ့တာ ကိုတွေ့ရပါတယ်။ယနေ့ညပွဲစဉ်မှာ ယူနိုက်တက်အသင်းမှာ ဘိုင်လီ၊မာရှယ်၊ဘစ်စာကာ၊ဒီဂီယာနဲ့ ပေါလ်ပေါ့ဘာတို့ အတော်လေးတောက်ပခဲ့ကြပြီး တစ်ဖက် အက်စတွန်ဗီလာအသင်းက ကစားသမားဖြစ်သူ ဂရီလ်းရှစ်ကလည်း အတော်လေးကို ထိန်းရသိမ်းရခက်ခဲလောက်အောင် ကောင်းမွန်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ယူနိုက်တက် အသင်းရဲ့ သွင်းဂိုးတေကို ပထမပိုင်းမှာ တိုက်စစ်မှုး ဖြစ်သူ မာရှယ်က ဘစ်စာကာ ရဲ့ ညာခြမ်းကဖြတ်တင်ပေးမှုကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီး ဗီလာဘက်က လည်ဒုတိယပိုင်းမှာ ဂရီးရှစ်ရဲ့ ပေးပို့မှုကနေထရာအိုရေးက ပိတ်သွင်းကာ ခြေပဂိုးပြန်လည်ရယူသွားခဲ့ပါတယ်။ထို့နောက် ယူနိုက်တက်အသင်း ကချက်ခြင်းဆိုသလို သွင်းဂိုးရရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်က ပင်နယ်တီမှာ တစ်ဆင့် သွင်းယူသွားခဲ့ခြင်းဖြစ်ပါတယ်။ထို့အခြေအနေကြောင့် ယူနိုက်တက် တို့ ဟာလီဗာပူးနဲ့ ရမှတ် ၃၃ မှတ်နှင့် အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့်နှစ်နေရာမှာရပ်တည်နေပြီဖြစ်ပါတယ်။အဆိုပါပွဲစဉ်အပြီးမှာတော့ သတင်းထောက်က ယူနိုက်တက် တို့ ဇယားထိပ်ပိုင်းကို တက်လှမ်းပြီး လီဗာပူးကို ဖိအားပေးနိုင်တာနဲ့ ပါတ်သတ်ပြီးဆိုလ်းရှားကို မေးမြန်းရာ ဆိုလ်းရှားက” ကျနော်တို့ လုပ်နိုင်ခဲ့တာတေကို ပျော်ပါတယ်။
ကျနာ်တို့ နှစ်တစ်နှစ်အတွင်းမှာ အများကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ နှစ် အာဆင်နယ်အသင်းကို ရှုံးပြီးတဲ့ နောက်ပိုင်း ကျနော်တို့ ပိုပြီးကောင်းမွန်လာတယ်၊ပိုပြီး သန်မာလာခဲ့ပါတယ်။ကစားသမားတေအားလုံးကငယ်ရွယ်ပြီး အသက်အရွယ်အားဖြင့် အကောင်းဆုံးအခြေအနေမှာ တည်ရှိနေပါတယ်။သူတို့ အမြဲသင်ယူနေပါတယ်။ပြီးတော့ အရေးကြီးတဲ့ အချက်တေကို သင်ယူဖို့ လည်း အမြဲလိုလိုဆာလောင်နေပါတယ်။နေ့တိုင်းသူတို့ ပိုပြီး ဆယလောင်မှု တေများလာလေလေ သူတို့ပိုပြီး အနိုင်ရ‌ခြင်လေလေဖြစ်လာတာပေါ့။ဒီနေ့ကျနော်တို့ အကောင်းဆုံး ကစားသွားခဲ့ပါတယ်။ကျနော်တို့ အာရုံထားပြီး အားစိုက်ကြိုးစားနေပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X