Uncategorized

လီဗာပူးနဲ့ အာကြီးအတွက် လက်စားချေပေးသွားတဲ့ မန်ယူနိုက်တက်၂-၁ ဗီလာပွဲအပြီး သုံးသပ်ချက်

UNICODE

လီဗာပူးနဲ့ အာကြီးအတွက် လက်စားချေပေးသွားတဲ့ မန်ယူနိုက်တက်၂-၁ ဗီလာပွဲအပြီး သုံးသပ်ချက်

ယနေ့ည ပွဲစဉ်မှာတော့ ဆိုလ်းရှား ရဲ့ ယူနိုက်တက်အသင်းဟာအရင်ကပုံစံထက် အနည်းငယ်ကွဲထွက်ပြီး အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဘရူနိုတို့ကို တွဲဖက်ကစားစေပြီးသူတို့ရဲ့ နောက်မှာ တော်မီနေးနဲ့ ဖရက်တို့ကို၀န်းရံစေကာ ဒိုင်းမွန်း ပုံစံ ၄-၄-၂ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် ရဲ့ တိုက်စစ်ဟာ ပေါ့ဘာ၊ဖာနန်ဒက် နှစ်ဦးလုံးရဲ့ တိုက်စစ် လိုက်ပါမှု ကြောင့်တကယ်ကို တစ်ဖက်အသင်းကို အလုပ်များစေခဲ့ပြီး ဂိုးသွင်းခွင့် ဂိုးဖန်တီးမှုတေအမြောက် အများ ရရှိခဲ့ပါတယ်။သို့ပေမယ့် ပထမပိုင်း အတွင်း မှာတော့ ယူနိုက်တက်တို့ သွင်းဂိုးရရှိရန် အရမ်းအလောတကြီး နိုင်နေခဲ့တာ တွေ့ရပြီးဂိုးရရှိဖို့ ခက်ခဲခဲ့ပါတယ်။ဒါ့အပြင် ဗီလာအသင်းကလည်း ယူနိုက်တက်ကို ရှိန်မနေဘဲ ဖိအားပေး ရန်ကြိုးစားကစားခဲ့ပြီး သူတစ်ပြန်ကိုယ်တစ်ပြန်ဖိအားပေးမှု တေနဲ့ ပွဲကတကယ်ကို မြိုင်ဆိုင်ခဲ့ပါတယ်။ယူနိုက်တက်ရဲ့ ပထမဆုံး ဦးဆောင်ဂိုးကို တော့ ညာခြမ်းတိုက်စစ်ဆင်မှု ကနေ ရှားရှားပါးပါး ဘစ်စာကာရဲ့ ဖြတ်တင်ပေးမှု ကို တိုက်စစ်မှုး မာရှယ် က နောက်ခံလူ နှစ်ယောက်ကြား ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ ပထမပိုင်းအပြီးမှာ တော့ ယူနိက်တက် က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ဒုတိယပိုင်းကတော့ ပထမပိုင်းကထက် ပွဲအရှိန်က နှစ်ဆ ပိုမြန်ခဲ့ပါတယ်။ဒုတိယပိုင်းစတင်ချိန်မှာ ယူနိုက်တက် ကို ဗီလာဘက်က ဆက်တိုက်တိုက်စစ် ဆင်ခဲ့ပြီး ပွဲကစားချိန် ၅၁ မိနစ်လောက်မှာ ဗီလာတိုက်စစ်မှုး ၀က်စ်ကင်းရဲ့ ခေါင်းတိုက်ချက်ကို ဒီဂီယာ ကာကွယ်သွားပုံက တစ်ချိန်ကို ဒီဂီယာကို ပြန်မြင်လိုက်ရတယ်လို့ ခံစားမိလိုက်ပါတယ်။


ဒါပေမယ့် ပွဲကစားချိန် ၅၈ မိနစ်မှာတော့ ဗီလာတို့ ခြေပဂိုးပြန်လည်ရရှိသွားခဲ့ပါတယ်။ဒီဂိုးကတော့ ပြစ်ဒါဏ်ဘောပေးမှုကို ယူနိုက်တက်ကစားသမားတေ အလစ်အငိုက်ကနေ ဗီလာကစားသမားဂရီးရှစ် က ချက်ခြင်းဆိုသလို ဂိုးစည်းအတွင်းပေးပို့မှု ပြုလုပ်သွားပီး ထရာအိုရေးက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဗီလာတို့ ရဲ့ ပျော်ရွှင့်မှု က သိပ်မကြာခဲ့ပဲ ချက်ခြင်း ဆိုသလို ယူနိုက်တက် တို့ တိုက်စစ်ဆင်ရာ မှ ဘယ်ခြမ်းတိုက်စစ်က နေ ပေါလ်ပေါ့ဘာရဲ့ ဘောလုံးနဲ့ အတူ ဂိုးစည်းထဲ၀က်ရောက်မှုကို တစ်ဖက် အသင်းနောက်ခံလူက ဆွဲလှဲခဲ့တာကြောင့် ပွဲကစားချိန် ၆၁ မိနစ်မှာတင် ယူနိုက်တက်တို့ ဦးဆောင်ဂိုးပြန်လည် ရရှိသွားခဲ့ပါတယ်။အဆိုပါဂိုးကို တော့ ပင်နယ်တီကနေတစ်ဆင့် ဖာနန်ဒက်ကနေ သွင်းဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။ဂိုးရရှိပြီးမှာတော့ ယူနိုက်တက်ဘက် က တိုက်စစ်ဆင်မှုတေ တောက်လျောက်ဆက်လက်ပြုလုပ်ခဲ့ပြီး ဖာနန်ဒက်ရဲ့ ဂိုးဧရိယာထိပ်က ကန်ချက်ကို ဂိုးသမားမာတီးနက် အံ့ဩလောက်စရာ လက်စွမ်းနဲ့ ကာကွယ်သွားပုံ၊ မာရှယ်ရဲ့
ကန်ချက်ကို ကာကွယ်သွားပုံတေကလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ဒါအပြင်ဘဗီလာဘက်က တိုက်စစ်ကစားသမား ဂရီလ်းရှစ်ကို လည်း ယူနိုက်တက် ဘက်က အတော်လေးထိန်းကစားသွားရပြီးတော့ အဝါကတ်တေလည်းအတော်လေးကို ရရှိခဲ့ပါတယ်။ဒါအပြင် ပေါလ်ပေါ့ဘာရဲ့ ဒီနေ့ကစားပုံက တကယ်ကို ကောင်းမွန် ခဲ့ပြီး တော့ ၎င်းရဲ့ ဂိုးပေါက် ကန်သွင်းချက်တေ ကောင်းမွန်ခဲ့ပေမယ့် ဂိုးဘေးနားက ကပ်ထွက်သွားခဲ့တာတေက အရမ်းကို ပေါလ်ပေါ့ဘာတစ်ယောက် စိတ်ညစ်ခဲ့ရပြီး နစ်နာခဲ့ရပါတယ်။နောက်ဆုံးတော့ ဗီလာအသင်းကို ယူနိုက်တက် အသင်းက ဘဲ ၂ ဂိုး ၁ ဂိုးဆိုတဲ့ အနိုင်ရလဒ်နဲ့ အတူ အနိုင်သုံးမှတ်ကိုရယူသွားပေးခဲ့ တယ်။ကဲ ဒီနေ့ပွဲအတွက် စာရေးသူရဲ့ Man of the match ကတော့ ပေါ့ဘာကိုဘဲ ပေးခြင်ပါတယ်။ဒီဂီယာနဲ့ ဘိုင်လီတို့ လည်း အတော်လေးကောင်းမွန်ခဲ့ပေမယ့်
ပေါလ်ပေါ့ဘာကိုဘဲ ရွေးချယ်ပေးမိပါတယ်။ခင်ဗျားတို့ရဲ့ အမြင်တေလည်းမျှဝေပေးခဲ့ပါဦးဗျာ။
#MUFF

ZAWGYI




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X