Sport

ယူနိုက်တက်မှာသူ့ခြေစွမ်းပိုကောင်းမွန်လာအောင် ရော်နယ်ဒိုကတွန်းအားပေးပုံကို ပြောပြသွားတဲ့ ဘရူနို

 

UNICODE

ယူနိုက်တက်မှာသူ့ခြေစွမ်းပိုကောင်းမွန်လာအောင် ရော်နယ်ဒိုကတွန်းအားပေးပုံကို ပြောပြသွားတဲ့ ဘရူနို

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်သူ ဘရူနိုဖာနန်ဒက်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာချိန်မှ စပြီး ကမ္ဘာ့အဆင့်ထိပ်တန်းခြေစွမ်းတေနဲ့ အတူ ယူနိုက်တက်အသင်းကို ကူညီဦးဆောင်ပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်။၎င်းက ယခုကဲ့သို့စွမ်းဆောင်နိုင်မှု ဟာ ယူနိုက်တက် ကစားသမား ဟောင်း ရော်နယ်ဒိုနဲ့ မည်သို့ ဆက်နွယ်နေပါကြောင်းကိုလည်းအောက်ပါအတိုင်း ပြောပြပေးသွားခဲ့ပါတယ်။ဖာနန်ဒက်က “တကယ်လို့ ခင်ဗျားသာ ရော်နယ်ဒို၊မက်ဆီတို့ ကို ကြည့်လိုက်မယ်ဆို သူတို့ရဲ့ အချိန်နဲ့ အမျှ တိုးတက် နေမှုကို မြင်တွေ့ရပါလိမ့်မယ်။ဒီလို နှစ်စဉ်နှစ်တိုင်း တိုးတက်ဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိဖူး လို့လူတိုင်းက တွေးမြင်ကြမှာဘဲလေ။ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပိုကောင်းအောင်၊အဲ့ဒီပိုကောင်းတာထက်ပိုကောင်းအောင်၊ဆက်တိုက်ဆိုသလို လုပ်ဆောင်ပြနိုင်ခဲ့တယ်လေ။ Ballon D’ Or အတွက် နှစ်ယောက်ထဲ တိုက်ပွဲဝင် နေခဲ့ကြတာ 11 နှစ်တောင် ရှိခဲ့ပါပြီ ။ ဒါမျိုးက နောက်ဆို ဘယ်တော့မှဘောလုံး သမိုင်းကြောင်းမှာ ဖြစ်လာ နိုင်မှာ မဟုတ်တော့ ပါဘူး။ဘာလို့ ဆို သူတို့က ဆက်တက်တိုးတက် နေကြသေးဆဲပဲလေ။လက်ရွေးစင် အသင်းမှာရော်နယ်ဒို နဲ့အတူ တွဲဖက်ကစားဖို့ အခွင့်အရေး တွေကို ကျနော်ပိုင်ဆိုင် နေဆဲပဲ။ ဖရီးကစ်လား ၊ကန်သွင်းမှုလား ၊ ခေါင်းတိုက်ဂိုးလား ၊ ပင်နယ်တီ ကန်သွင်းမှုလား အချိန်တိုင်း တိုးတက် ကောင်းမွန်နေခဲ့တာကို ကျွန်တော် မြင်တွေ့ နေခဲ့ရ ပါတယ် ။ ကျွန်တော်လည်း အရိုးသားဆုံး ဆိုအဲ့လို အရည်သွေးမျိုးလိုခြင်တာပေါ့။ဒါကြောင့် ကျနော်လည်း ယူနိုက်တက်အတွက် ပိုမိုတိုးတက်အောင် လုပ်တောင်နေပါတယ်။ကျနော် ရော်နယ်ဒို၊မက်ဆီတို့ ကို အမြဲ နမူနာယူပြီး ကိုယ့်ကိုယ်ကိုအမြဲတွန်းအားပေးမိပါတယ်။ရှုံးပွဲဘဲကြုံကြုံ နိုင်ပွဲဘဲရရ သူတို့ကပိုပြီးဘလိုပိုပြီး တိုးတက်အောင်လုပ်ကမလဲဆိုတာ တွေးနေတာပါ။ဘဝမှာအရာရာတိုင်း ခင်ဗျား အနေနဲ့ တိုးတက်နေဖို့လိုအပ်ပါတယ်။ ပြီးတော့ ခင်ဗျားဟာ အဆိုးဆုံး မဟုတ်ဘူး၊ အကောင်းဆုံးလည် မဟုတ်သေးဘူး ဆိုတာကို သိရှိနားလည်ဖို့ လိုအပ် နေပါမယ် ။ ရှေ့ဆက် လုပ်ဆောင်ရမယ့် အရာကတော့ အချိန်တိုင်း တိုးတက် ကောင်းမွန် နေဖို့ပါပဲ။ အဆိုးဆုံးကစားသမားဆိုတာကဘယ်တော့မှ မရှိနိုင်တဲ့အရာပါ။ဘာလို့ဆို ခင်ဗျားမှာ ကြိုးစားဖို့ အတွက် အမြဲ အခွင့်အရေးရှိတယ်လေ။ဒီလိုဘဲအကောင်းဆုံး ဆိုတာကလည်း ဖြစ်နိုင်ခြေ မရှိဆုံးအရာတစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့တာထက်ပိုကောင်းဖို့ဆိုတာ ခင်ဗျားမှာ ဖြစ်လာနိုင်ခြေရှိသေးလို့ပါ ” လို့ ဘရူနို ဖာနန်ဒက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Breaking news: ယူနိုက်တက်အသင်းရဲ့ ဒီဇင်ဘာတစ်လတာ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ရရှိသွားခဲ့ကြောင်းသိရပါသည်။၎င်းဆုသည် ဘရူနိုအတွက် ၆ ကြိမ်မြောက်ရရှိခြင်းဖြစ်သည် ။

#MUFF

ZAWGYI

ယူႏိုက္တက္မွာသူ႔ေျခစြမ္းပိုေကာင္းမြန္လာေအာင္ ေရာ္နယ္ဒိုကတြန္းအားေပးပုံကို ေျပာျပသြားတဲ့ ဘ႐ူႏို

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ျဖစ္သူ ဘ႐ူႏိုဖာနန္ဒက္ဟာ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခ်ိန္မွ စၿပီး ကမာၻ႔အဆင့္ထိပ္တန္းေျခစြမ္းေတနဲ႔ အတူ ယူႏိုက္တက္အသင္းကို ကူညီဦးေဆာင္ေပးေနသူ တစ္ဦးလည္းျဖစ္ပါတယ္။၎က ယခုကဲ့သို႔စြမ္းေဆာင္ႏိုင္မႈ ဟာ ယူႏိုက္တက္ ကစားသမား ေဟာင္း ေရာ္နယ္ဒိုနဲ႔ မည္သို႔ ဆက္ႏြယ္ေနပါေၾကာင္းကိုလည္းေအာက္ပါအတိုင္း ေျပာျပေပးသြားခဲ့ပါတယ္။ဖာနန္ဒက္က “တကယ္လို႔ ခင္ဗ်ားသာ ေရာ္နယ္ဒို၊မက္ဆီတို႔ ကို ၾကည့္လိုက္မယ္ဆို သူတို႔ရဲ႕ အခ်ိန္နဲ႔ အမွ် တိုးတက္ ေနမႈကို ျမင္ေတြ႕ရပါလိမ့္မယ္။ဒီလို ႏွစ္စဥ္ႏွစ္တိုင္း တိုးတက္ဖို႔ဆိုတာ ျဖစ္ႏိုင္ေျခမရွိဖူး လို႔လူတိုင္းက ေတြးျမင္ၾကမွာဘဲေလ။ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ ပိုေကာင္းေအာင္၊အဲ့ဒီပိုေကာင္းတာထက္ပိုေကာင္းေအာင္၊ဆက္တိုက္ဆိုသလို လုပ္ေဆာင္ျပႏိုင္ခဲ့တယ္ေလ။ Ballon D’ Or အတြက္ ႏွစ္ေယာက္ထဲ တိုက္ပြဲဝင္ ေနခဲ့ၾကတာ 11 ႏွစ္ေတာင္ ရွိခဲ့ပါၿပီ ။ ဒါမ်ိဳးက ေနာက္ဆို ဘယ္ေတာ့မွေဘာလုံး သမိုင္းေၾကာင္းမွာ ျဖစ္လာ ႏိုင္မွာ မဟုတ္ေတာ့ ပါဘူး။ဘာလို႔ ဆို သူတို႔က ဆက္တက္တိုးတက္ ေနၾကေသးဆဲပဲေလ။လက္ေ႐ြးစင္ အသင္းမွာေရာ္နယ္ဒို နဲ႔အတူ တြဲဖက္ကစားဖို႔ အခြင့္အေရး ေတြကို က်ေနာ္ပိုင္ဆိုင္ ေနဆဲပဲ။ ဖရီးကစ္လား ၊ကန္သြင္းမႈလား ၊ ေခါင္းတိုက္ဂိုးလား ၊ ပင္နယ္တီ ကန္သြင္းမႈလား အခ်ိန္တိုင္း တိုးတက္ ေကာင္းမြန္ေနခဲ့တာကို ကြၽန္ေတာ္ ျမင္ေတြ႕ ေနခဲ့ရ ပါတယ္ ။ ကြၽန္ေတာ္လည္း အ႐ိုးသားဆုံး ဆိုအဲ့လို အရည္ေသြးမ်ိဳးလိုျခင္တာေပါ့။ဒါေၾကာင့္ က်ေနာ္လည္း ယူႏိုက္တက္အတြက္ ပိုမိုတိုးတက္ေအာင္ လုပ္ေတာင္ေနပါတယ္။က်ေနာ္ ေရာ္နယ္ဒို၊မက္ဆီတို႔ ကို အၿမဲ နမူနာယူၿပီး ကိုယ့္ကိုယ္ကိုအၿမဲတြန္းအားေပးမိပါတယ္။ရႈံးပြဲဘဲႀကဳံႀကဳံ ႏိုင္ပြဲဘဲရရ သူတို႔ကပိုၿပီးဘလိုပိုၿပီး တိုးတက္ေအာင္လုပ္ကမလဲဆိုတာ ေတြးေနတာပါ။ဘဝမွာအရာရာတိုင္း ခင္ဗ်ား အေနနဲ႔ တိုးတက္ေနဖို႔လိုအပ္ပါတယ္။ ၿပီးေတာ့ ခင္ဗ်ားဟာ အဆိုးဆုံး မဟုတ္ဘူး၊ အေကာင္းဆုံးလည္ မဟုတ္ေသးဘူး ဆိုတာကို သိရွိနားလည္ဖို႔ လိုအပ္ ေနပါမယ္ ။ ေရွ႕ဆက္ လုပ္ေဆာင္ရမယ့္ အရာကေတာ့ အခ်ိန္တိုင္း တိုးတက္ ေကာင္းမြန္ ေနဖို႔ပါပဲ။ အဆိုးဆုံးကစားသမားဆိုတာကဘယ္ေတာ့မွ မရွိႏိုင္တဲ့အရာပါ။ဘာလို႔ဆို ခင္ဗ်ားမွာ ႀကိဳးစားဖို႔ အတြက္ အၿမဲ အခြင့္အေရးရွိတယ္ေလ။ဒီလိုဘဲအေကာင္းဆုံး ဆိုတာကလည္း ျဖစ္ႏိုင္ေျခ မရွိဆုံးအရာတစ္ခု ပါပဲ ။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့တာထက္ပိုေကာင္းဖို႔ဆိုတာ ခင္ဗ်ားမွာ ျဖစ္လာႏိုင္ေျခရွိေသးလို႔ပါ ” လို႔ ဘ႐ူႏို ဖာနန္ဒက္စ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့လိုက္ ပါတယ္ ။

Breaking news: ယူႏိုက္တက္အသင္းရဲ႕ ဒီဇင္ဘာတစ္လတာ အေကာင္းဆုံးကစားသမားဆုကို ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က ရရွိသြားခဲ့ေၾကာင္းသိရပါသည္။၎ဆုသည္ ဘ႐ူႏိုအတြက္ ၆ ႀကိမ္ေျမာက္ရရွိျခင္းျဖစ္သည္ ။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X