Uncategorized
ယူနိုက်တက်အတွက်သီးသန့် ၂ ပွဲဆက်တိုက်မှန်မှန်ကန်ကန် ခန့်မှန်းထားတဲ့ အို၀င်ရဲ့ ခန့်မှန်းချက်
UNICODE
ယူနိုက်တက်အတွက်သီးသန့် ၂ ပွဲဆက်တိုက်မှန်မှန်ကန်ကန် ခန့်မှန်းထားတဲ့ အို၀င်ရဲ့ ခန့်မှန်းချက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ည ၂:၃၀ အချန်မှာ ဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ်ကွင်းအတွင်းမှာ ယှဉ်ပြိူင်ကစားသွားရမည်ဖြစ်ပြီး အမှတိပေးဇယားက လီဗာပူးရဲ့ အဆင့်တစ်နေရာကို ဖိအားပေးနိုင်ဖို့ဆို ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေတာဘဲဖြစ်ပါတယ်။အဆိုပါပွဲစဉ်ကို ဘောလုံးအစီစဉ်တင်ဆက်သူ မိုက်ကယ်အို၀င်က အောက်ပါအတိုင်းခန့်မှန်းချက် ထုတ်သွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ် ကိုးပွဲမှာ ခုနှစ်ပွဲအထိ အနိုင်ရလဒ်ကို ရယူကာ အမှတ်ပေး ဇယားရဲ့ ထိပ်ပိုင်း နံပါတ် နှစ်နေရာကို တက်လှမ်းနိုင်ခဲ့ပြီဘဲ ဖြစ်ပါတယ်။ယူနိုက်တက်ဟာ ယခုအချိန်မှာ အမှတ်ပေးချန်ပီယံဆုဖလားအတွက် မိမိဘာသာ ပုံဖေါ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ယနေ့ည ပွဲစဉ်မှာလည်း လုံး၀ အမှားခံလို့ မရဘဲ အနိုင် ၃ မှတ်ကို ရရှိဖို့လိုအပ်နေပါသေးတယ်။ထို့အတွက်ကြောင့် ဘောလုံးပွဲစဉ်တေကို ခန့်မှန်းသုံးသပ်တင်ဆက်ပေးနေကြ နမည်ကြီး မိုက်ကယ်အို၀င်ကတော့ ယနေ့ည အက်စတွန်ဗီလာအသင်းကို မန်ယူနိုက်တက်အသင်းက ၂-၀ ဖြင့် အနိုင်ရ ရှိသွားမယ်လို့ ဆိုသွားခဲ့ပါတယ်။ အို၀င်က”ယူနိုက်တက်ပရိတ်သတ်တေအတွက် တော့ ‌သတိရနေရမယ့် ခရစ်စမတ်ကာလပေါ့ဗျာ။အိုလီက ယူနိုက်တက်ကို အဆင့်နှစ်နေရာထိ ပို့ပေးနိုင်ခဲ့တယ်။ပြီးတော့ နိုင်ပွဲတေကလည်း သူတို့ လက်ထဲမှာဘဲရှိနေတာပါ။သရဲနီတေပီးခဲ့တဲ့ နောက်ဆုံး ကိုးပွဲမှာလည်း ရှုံးပွဲမရှိထားပါဖူး။ခုလည်းအိမ်ကွင်းမှာ ဗီလာကို ကြိုဆိုပြီးလက်ခံယှဉ်ပြိုင်ရပါဦးမယ်။ဗီလာကလည်းနောက်ဆုံး ငါးပွဲဆက်တိုက် မရှုံးထားပါဖူး။ဒီပွဲစဉ်မှာ ဗီလာကတော့ ကောင်တာကစားသွားမယ့် ပုံစံရှိပါတယ်။ယူနိုက်တက်ကလည်း နောက်ဆုံးကိုးပွဲမှာ နိုင်ပွဲ ခုနှစ်ပွဲထိရယူပြီးတော့ အဆင့်နှစ်နေရာမှာရှိနေပါတယ်။သူတို့ အနေနဲ့ ရမှတ်တေ မလျော့ဖို့ ရယ် အမှတ်ပေးဇယားမှာ လီဗာပူးရဲ့ အထက်ကို တက်ရောက်ခြင်တယ် ဆိုရင်တော့ ဒီပွဲကို အနိုင်ကန်ဖို့လိုပါတယ်။ကျနော့်အမြင်ကတော့ အိုလီရဲ့ အသင်းက အကောင်းဆုံးစွမ်းဆောင်
ရည်မှာရှိနေပြီးတော့ ဗီလာကို ၂-၀ နဲ့ အနိုင်ယူကာ နှစ်သစ်ကို စတင်သွားပါလိမ့်မယ်။ဗီလာက ကောင်တာကစားပုံကောင်းပေမယ့် သူတို့မှာထိရောက်တဲ့ အရံလူစာရင်းမရှိပါဖူး။ဒါကသူတို့အတွက် တကယ်ကို နစ်နာမယ့် အချက်ဖြစ်ပြီးတော့ ယူနိုက်တက်ရဲ့ မြန်ဆန်ပြီး အင်အားပြည့်၀‌တဲ့တိုက်စစ်တေအောက်မှာ အခက်ခဲတေတွေ့ရဦးမှာပါသေချာပါတယ်နောက်ဆုံး ယူနိုက်တက်ဘဲ အနိုင်ရလဒ်ကို ရယူသွားမှာပါ” လို့ ခန့်မှန်းသွားခဲ့ပါတယ်။
မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်
ယူနိုက်တက် ၂-၀ ဗီလာ
#muff
ZAWGYI
ယူနိုက်တက် ၂-၀ ဗီလာ
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X