Sport
ပရီးမီးယားလိဂ်ချန်ပီယံဖလားအတွက် အမှားမခံရမယ့်ယူနိုက်တက်နှင့်ဗီလာ ပွဲမတိုင်ခင် ပွဲကြိုသုံးသပ်ချက်
UNICODE
ပရီးမီးယားလိဂ်ချန်ပီယံဖလားအတွက် အမှားမခံရမယ့် ဗီလာနဲ့ ပွဲမတိုင်ခင် ပွဲကြိုသုံးသပ်ချက်
ကျနော်တို့ ယူနိုက်တက်အသင်းဟာယခုရာသီတွင်ပရီးမီးယားလိဂ်၌ ထိပ်တန်းအဆင့်ခြေစွမ်းကောင်းများ ပြန်လည်ပြသနေပြီး ယခုအချိန်မှာလည်း အမှတ်းပေးဇယား၌ လီဗာပူးအသင်းနှင့် ‌၃ မှတ်အကွာ တစ်ပွဲလျော့နေအထားနှင့် အဆင့်နှစ်နေရာမှာ ရောက်ရှိနေတာ ဖြစ်တာကြောင့် ယနေ့ညပွဲစဉ်ဟာ မန်ချက်စတာယူနိုက်တက်တို့ အတွက် ချန်ပီယံဆုကို မျော်မှန်းထားပါက လုံး၀ အမှားခံလို့မရတဲ့ အနေအထားမှာ ရှိနေတာလည်းဖြစ်ပါတယ်။ တစ်ဖက် က အက်စတွန်ဗီလာအသင်းကလည်း ဒီရာသီ ဥရောပ၀င်ခွင့် ကို ပါ ခြိမ်းခြောက်လာတဲ့ အနေအထားမှာရှိနေပြီး ဂရီးလ်းရှစ် ဦးဆောင်တဲ့ဗီလာ အသင်းသားတေကလည်း ပုံမှန်ထက်ပို ပြီး ခြေစွမ်းပြနေတာကို လည်းတွေ့ရပါတယ်။ဒါအပြင် ယနေ့ည မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲမတိုင် ခင် လည်း ၎င်းတို့ဟာ ချဲဆီးအသင်းကို အဝေးကွင်းမှာ ၁-၁ ဖြင့် သရေ ရလဒ်ထွက်အောင် ကစားထားနိုင်တာ ဖြစ်လို့ တကယ်ကို စောင့်ကြည့်သင့်တဲ့ အသင်းတစ်သင်း လည်း ဖြစ်ပါတယ်။ထို့ကြောင့် ယူနိုက်တက်အနေနဲ့ ယနေ့ည ပွဲစဉ်ကို အမှတ်လုံး၀ လျော့ခံလို့ မရတဲ့ ပွဲစဉ်လည်း ဖြစ်နေတာ ဖြစ်ပါတယ်။ယူနိုက်တက်နဲ့ ဗီလာအသင်းတို့ဟာ ယူနိုက်တက်က တစ်ပွဲပိုကစားထားပြီး ရမှတ်အားဖြင့်လည်း ၄ မှတ်သာ ကွာဟတဲ့ အ‌နေအထားဖြစ်တာကြောင့် တစ်ကယ်ကို ပေါ့ဆလို့ မရတဲ့ ပွဲဖြစ့်ပါတယ်။ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ခြေစွမ်းဟာ အတက် ဘက်ကို ရောက်ရှိနေပြီးတော့ အထူးသဖြင့် ယူနိုက်တက် ကွင်းလယ်လူဖြစ်သူ ဖာနန်ဒက်ရဲ့ ခြေစွမ်းက ထိပ်ဆုံးအဆင့်အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။တိုက်စစ်မှုး ဖြစ်သူ ကာဗာနီမပါ၀င်တာက ယူနိုက်တက်အတွက် အားလျော့စရာတစ်ခုဖြစ်ပေမယ့် နောက်တပ်တိုက်စစ်မှုး တစ်ဉီးဖြစ်သူ ရက်ဖို့ က ပုံမှန်ခြေစွမ်းကောင်းတေပြသနေတာကြောင့် ယူနိုက်တက်တို့ အနေအထားက ဂိုးရဖို့ ရုန်းကန်ရမယ့် အနေအထားမှာ မရှိလှပါဖူး၊အထူးသဖြင့် အိမ်ကွင်းအိုးထရက်ဖို့ မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် လုံး၀ အလျော့ပေးသွားမည် မဟုတ်ဘဲ တစ်လက်ဆက်ထိုးဖေါက်တိုက်စစ်ဆင်ကာ ဗီလာအသင်းကို ရင်ဆိုင်သွားနိုင်ဖွယ်ရှိပါတယ်။တစ်ဖက် ဗီလာအသင်းကတော့ ၎င်းတို့ရဲ့ ပုံစံအတိုင်း အသင်းကြီးတေကို ရင်ဆိုင်ရာမှာ တန်ပြန်တိုက်စစ်တေကို သာ ဦးတည်လာဖွယ်ရှိနေပြီး အယ်ဂါဇီ၊၀င်စ်ကင်း၊ဂရီလ်းရှစ်တို့ ရဲ့ တိုက်စစ်ကလည်းတန်ပြန်တိုက်စစ်ကနေ ဂိုးရရှိဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။သို့ပေမယ့် ယူနိုက်တက်ဘက်ကလည်း ခံစစ်မှာ မက်ဂွားယားရဲ့ ပါတနာအဖြစ် လျင်မြန်ပြီး တန်ပြန်တိုက်စစ်တေကို မာမာထန်ထန် ဖျက်ထုတ်နိုင်စွမ်းရှိသော ဘိုင်လီ ပါ၀င်လာမှာဖြစ်တာကြောင့် ယူနိူက်တက်အနေနဲ့ သွင်းဂိုးတေ မပေးရဖို့ ဆို ပြစ်ဒါဏ်ဘောတေ မလိုအပ်ဘဲ မကျူးလွန်သင့်တာကို လည်းတွေ့မြင်ရပါတယ်။
ယူနိုက်တက် တိုက်စစ်ကလည်း ဂရင်းဝုဒ်၊ရက်ဖို့၊ မာရှယ်တို့ အတွဲပွဲထွက်လာနိုင်ပြီးတော့ ကွင်းလယ်မှာ ဖာနန်ဒက်၊နှင့် ဆိုလ်းရှားရဲ့ အလှည့်ကျ ပုံစံ အရဆို ယနေ့ပွဲမှာ ဖရက်နဲ့ တော်မီနေးအတွဲ ပွဲထွက် လာနိုင်ပါတယ်။ယူနိုက်တက်ကွင်းလယ်က ဖာနန်ဒက် ပွဲပန်းနေတာ ကြောင့် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ရနိုင်ပေမယ့်လည်း ၎င်းရဲ့ တစ်ချက်ဆို တစ်ချက် သိသာတဲ့ တိုက်စစ် ပံ့ပိုးမှု တေကြောင့် ယူနိုက်တက်တို့ အခွင့်အရေးတေဖန်တီးနိုင်ဦးမယ်လို့ မြင်မိပါတယ်။ဒါ့အပြင် စာရေးသူ အမြင်မှာတော့ ဆိုလ်းရှားအနေနဲ့ ယနေ့ပွဲမှာ ကွင်းလယ်တိုက်စစ်နေရာမှာ ဖာနန်ဒက်ကို အနားပေးသင့်ပြီး ပေါလ်ပေါ့ဘာကို အစားထိုးအသုံးပြုသင့်တယ်လို့မြင်မိပါတယ်။ပေါလ်ပေါ့ဘာကလည်း ကမ္ဘာ့အဆင့် ရှိကစားသမားတစ်ဦးဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ပွဲပန်းမှု မရှိတဲ့ ပေါလ်ပေါ့ဘာကို ဖာနန်ဒက်နေရာမှာ အစားထိုး အသုံးပြုတာက အသင်းရဲ့ တည်ဆောက်ပုံကို လုံး၀ အင်အားလျော့နည်းသွားနိုင်မည် မဟုတ်ဘဲ ဖာနန်ဒက်အနေနဲ့ လည်း နောက်လာမယ့် ပွဲစဉ်တေမှာ အားပြည့်နေဖို့ ယနေ့ပွဲစဉ်မှာ အရဲစွန့် အနားပေးသင့်တယ်လို့ မြင်မိပါတယ်။ဒါ့ကြောင့် အိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားရမှာ ဖြစ်တဲ့ အပြင်တိုက်စစ်ကလည်း သွင်းတေတေလည်းမခက်ခဲတဲ့ အပြင် ဂိုးသမားဖြစ်သူ ဒီဂီယာကလည်း ပုံမှန်နီးပါ လက်စွမ်းတေပြန်လည်ပြသထားနိုင်တာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ကတော့ ယနေ့ည ဗီလာအသင်းနှင့် ပွဲစဉ်မှာ အနိုင် ၃ မှတ်ကို အပြည့်အ၀ရယူသွားနိုင်ပြီးတော့ အမှတ်ပေးဇယားမှာ လီဗာပူးအသင်းကို ချန်ပီယံဆုဖလားအတွက် ဆက်လက် ဖိအားပေးသွားဦးမှာပါလို့ သုံးသပ်မိပါတယ်။ကဲ ခင်ဗျားတို့ အမြင်တေလည်းပြောသွားကြပါဦး။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X