Uncategorized

ယနေ့ညမန်ယူနိုက်တတ်နှင့် ဗီလာပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မနေသိထားသင့်သောအချက်သုံးချက်

UNICODE

ယနေ့ညမန်ယူနိုက်တတ်နှင့် ဗီလာပွဲမတိုင်ခင်ပရိတ်သတ်များမဖြစ်မနေသိထားသင့်သောအချက်သုံးချက်

ကျနော်တို့မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်သစ်မှာ ပထမဦးဆုံးပွဲစဉ်အဖြစ်နဲ့ ယနေ့ည ၂:၃၀ အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ်ကွင်းအတွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မတိုင်ခင် ယူနိုက်တက်ပရိတ်သတ်တေသိထားသင့်တဲ့ အချက် ၃ ချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။Manchester United အသင်းဟာ နှစ်သစ်အစပွဲများကို ၃၅ ကြိမ်အထိအနိုငိရရှိထားပြီး ပရီးမီးယားလိဂ်အသင်းများထဲတွင် အများဆုံးအနိုင်ရရှိထားသော အသင်းဖြစ်ကြောင်းသိရပါသည်။ထို့ပြင် ပြိုင်ဘက်ဖြစ်သူ ဗီလာအသင်းကလည်း ၂၀၀၁ ခုနှစ် မှာ ချဲဆီလ်းအသင်းကို ၁-၀ ဖြင့်ရှုံးပြီး နောက်ပိုင်း နှစ်သစ်အစမှာ ကစားတဲ့ ပွဲစဥ်တေမှာ လုံး၀ ရှုံးနိမ့်ထားခြင်းမရှိကြောင်း သိရှိရပါတယ်။ဒါ့အပြင် အက်စတွန်ဗီလာအသင်းဟာဒီရာသီမှာ အံ့ဩစရာခြေစွမ်းကောင်းတေပြသနေပြီး အမှတ်ပေးဇယားမှာ ယူနိုက်တက်အသင်းထက် ၁ ပွဲလျော့ ၄ မှတ်ကွာ အနေအထားနှင့် အဆင့် ၅ နေရာမှာ ရပ်တည် နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် အရာသီအစပွဲစဉ်များတွင် အစဉ်အလာအားဖြင့်ကောင်းမွန်နေတဲ့ ဒီနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုက စောင့်ကြည့်ခြင်စရာလည်းဖြစ်ပါတယ်။ယူနိုက်တက်အသင်းနှင့် အက်စတွန်ဗီလာအသင်းနှင့် ပွဲစဉ်ကို အိုးထရက်ဖို့ကွင်းအတွင်းယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီး ဒိုင်လူကြီးအဖြစ် မိုက်ကယ်ပိုလီဗာက တိုင်တွယ် သွားမည်ဖြစ်ကြောင်းသိရပါသည်။ယူနိုက်တက်အသင်းဟာ ဗီလာအသင်းနှင့် နောက်ဆုံးတွေ့ဆုံသည့် ၅ ပွဲမှာ ရှုံးနိမ့်ထားမှု မရှိဘဲ ၄ ပွဲအထိအနိုင်ရရှိကာ ၁ ပွဲသရေရလဒ်ကိုပိုင်ဆိုင်ထားသည်။ထို့အပြင် ယူနိုက်တက်တို့ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲတွင် မန်စီးတီး၊လက်စတာတို့ကို သရေကျ ကာ ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူထားပြီး အက်စတွန်ဗီလာအသင်းကလည်း ချဲဆီလ်း၊ဘန်လေအသင်းတို့ ကို သရေရလဒ်ရရှိ ကာ ကျန်ပွဲစဉ်အားလုံးကိုအနိုင်ရလဒ်ရယူထားနိုင်ကြောင်း သိရပါသည်

။နောက်ဆုံးအချက်အနေနဲ့ ကတော့ ယနေ့ညပွဲစဉ်မှာ တိုက်စစ်မှုးဖြစ်သူ ကာဗာနီပါ၀င်မှာ မဟုတ်ကြောင်းသိရပါသည်။အကြောင်းမှာ အသားအရောင်ခွဲခြားသည်ဆိုကာ FA ၏ ၃ ပွဲပါယ်ပြစ်ဒါဏ်ကြောင့် ဖြစ်ကြောင်းသိရပါသည်။ထို့အပြင် ယူနိုက်တက် အဓိက နောက်ခံလူ လင်ဒီလောဒ့်မှာ ဒါဏ်ရာပြဿနာမှကောင်းမွန်လာပြီ ဖြစ်ပြီး ယနေ့ညပွဲစဉ်အတွက် အသင့်ရှိနေကြောင်းသိရပါသည်။ထို့ပြင် ဝုဗ်နဲ့ ပွဲစဉ်တွင် လူစားလဲခံခဲ့ရသော တဲလက်စ်မှာ ဒါဏ်ရာပြသနာမရှိကြောင်းနည်းပြဆိုလ်းရှားက အတည်‌ပြူပေးသွားခဲ့ပါတယ်။

#MUFF

ZAWGYI

ယေန႔ညမန္ယူႏိုက္တတ္ႏွင့္ ဗီလာပြဲမတိုင္ခင္ပရိတ္သတ္မ်ားမျဖစ္မေနသိထားသင့္ေသာအခ်က္သုံးခ်က္

က်ေနာ္တို႔မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႏွစ္သစ္မွာ ပထမဦးဆုံးပြဲစဥ္အျဖစ္နဲ႔ ယေန႔ည ၂:၃၀ အခ်ိန္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ အျဖစ္ အက္စတြန္ဗီလာအသင္းကို အိမ္ကြင္း အိုးထရက္ဖိုဒ္ကြင္းအတြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာလည္းျဖစ္ပါတယ္။အဆိုပါ ပြဲစဥ္မတိုင္ခင္ ယူႏိုက္တက္ပရိတ္သတ္ေတသိထားသင့္တဲ့ အခ်က္ ၃ ခ်က္ကို ေဖၚျပေပးလိုက္ပါတယ္။Manchester United အသင္းဟာ ႏွစ္သစ္အစပြဲမ်ားကို ၃၅ ႀကိမ္အထိအႏိုငိရရွိထားၿပီး ပရီးမီးယားလိဂ္အသင္းမ်ားထဲတြင္ အမ်ားဆုံးအႏိုင္ရရွိထားေသာ အသင္းျဖစ္ေၾကာင္းသိရပါသည္။ထို႔ျပင္ ၿပိဳင္ဘက္ျဖစ္သူ ဗီလာအသင္းကလည္း ၂၀၀၁ ခုႏွစ္ မွာ ခ်ဲဆီလ္းအသင္းကို ၁-၀ ျဖင့္ရႈံးၿပီး ေနာက္ပိုင္း ႏွစ္သစ္အစမွာ ကစားတဲ့ ပြဲစဥ္ေတမွာ လုံး၀ ရႈံးနိမ့္ထားျခင္းမရွိေၾကာင္း သိရွိရပါတယ္။ဒါ့အျပင္ အက္စတြန္ဗီလာအသင္းဟာဒီရာသီမွာ အံ့ဩစရာေျခစြမ္းေကာင္းေတျပသေနၿပီး အမွတ္ေပးဇယားမွာ ယူႏိုက္တက္အသင္းထက္ ၁ ပြဲေလ်ာ့ ၄ မွတ္ကြာ အေနအထားႏွင့္ အဆင့္ ၅ ေနရာမွာ ရပ္တည္ ေနတာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ အရာသီအစပြဲစဥ္မ်ားတြင္ အစဥ္အလာအားျဖင့္ေကာင္းမြန္ေနတဲ့ ဒီႏွစ္သင္းရဲ႕ ယွဥ္ၿပိဳင္မႈက ေစာင့္ၾကည့္ျခင္စရာလည္းျဖစ္ပါတယ္။ယူႏိုက္တက္အသင္းႏွင့္ အက္စတြန္ဗီလာအသင္းႏွင့္ ပြဲစဥ္ကို အိုးထရက္ဖို႔ကြင္းအတြင္းယွဥ္ၿပိဳင္ကစားသြားမည္ ျဖစ္ၿပီး ဒိုင္လူႀကီးအျဖစ္ မိုက္ကယ္ပိုလီဗာက တိုင္တြယ္ သြားမည္ျဖစ္ေၾကာင္းသိရပါသည္။ယူႏိုက္တက္အသင္းဟာ ဗီလာအသင္းႏွင့္ ေနာက္ဆုံးေတြ႕ဆုံသည့္ ၅ ပြဲမွာ ရႈံးနိမ့္ထားမႈ မရွိဘဲ ၄ ပြဲအထိအႏိုင္ရရွိကာ ၁ ပြဲသေရရလဒ္ကိုပိုင္ဆိုင္ထားသည္။ထို႔အျပင္ ယူႏိုက္တက္တို႔ဟာ ေနာက္ဆုံးပရီးမီးယားလိဂ္ ၅ ပြဲတြင္ မန္စီးတီး၊လက္စတာတို႔ကို သေရက် ကာ က်န္ပြဲစဥ္အားလုံးကို အႏိုင္ယူထားၿပီး အက္စတြန္ဗီလာအသင္းကလည္း ခ်ဲဆီလ္း၊ဘန္ေလအသင္းတို႔ ကို သေရရလဒ္ရရွိ ကာ က်န္ပြဲစဥ္အားလုံးကိုအႏိုင္ရလဒ္ရယူထားႏိုင္ေၾကာင္း သိရပါသည္။

။ေနာက္ဆုံးအခ်က္အေနနဲ႔ ကေတာ့ ယေန႔ညပြဲစဥ္မွာ တိုက္စစ္မႈးျဖစ္သူ ကာဗာနီပါ၀င္မွာ မဟုတ္ေၾကာင္းသိရပါသည္။အေၾကာင္းမွာ အသားအေရာင္ခြဲျခားသည္ဆိုကာ FA ၏ ၃ ပြဲပါယ္ျပစ္ဒါဏ္ေၾကာင့္ ျဖစ္ေၾကာင္းသိရပါသည္။ထို႔အျပင္ ယူႏိုက္တက္ အဓိက ေနာက္ခံလူ လင္ဒီေလာဒ့္မွာ ဒါဏ္ရာျပႆနာမွေကာင္းမြန္လာၿပီ ျဖစ္ၿပီး ယေန႔ညပြဲစဥ္အတြက္ အသင့္ရွိေနေၾကာင္းသိရပါသည္။ထို႔ျပင္ ဝုဗ္နဲ႔ ပြဲစဥ္တြင္ လူစားလဲခံခဲ့ရေသာ တဲလက္စ္မွာ ဒါဏ္ရာျပသနာမရွိေၾကာင္းနည္းျပဆိုလ္းရွားက အတည္‌ျပဴေပးသြားခဲ့ပါတယ္။

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X