Sport

၃ပွဲပါယ် ပြစ်ဒါဏ်အတွက်အယူခံ၀င်ခွင့်ကို ကာဗာနီတစ်ယောက်ပါယ်ချသွားကတဲ့အကြောင်းအရင်း

UNICODE

၃ပွဲပါယ် ပြစ်ဒါဏ်အတွက် အယူခံ၀င်ခွင့်ကို ကာဗာနီတစ်ယောက်ပါယ်ချသွားကတဲ့အကြောင်းအရင်း

ကာဗာနီဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး ပရိတ်သတ်များရဲ့ အချစ်ကို အချိန်တိုအတွင်း ရရှိထားခဲ့တဲ့ အပြင် ထိပ်တန်းအဆင့်ခြေစွမ်းများပြသထားသောကြောင့် ပရိတ်သတ်တိုင်းရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။သို့ပေမယ့်၎င်းဟာ အသင်းကိုရောက်ရှိချိန် မှစ၍ ကွာရန်တင်း၀င်ရခြင်း ဒါဏ်ရာပြသနာများကြောင့် ပွဲထွက် ခွင့် နည်းပါးခဲ့ပြီး ယခုအခါမှာလည်း အက်ဖေရဲ့ ၃ ပွဲပါယ်ပြစ်ဒါဏ်ကြောင့် ပွဲစဉ်အတော်အများကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ ကာဗာနီဟာ ပြီးခဲ့သော ‌ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနှင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် နောက်ဆုံးအနိုင်ဂိုးသွင်းယူပြီးတဲ့နောက်မှာ ၎င်းရဲ့ အင်စတာဂရမ် စတိုရီ၌၎င်းတင်ခဲ့သော ပိုစ်၌ အသားအရောင်ခွဲခြားသော စကားလုံးဖြစ်သည့် “နီဂရီတို” ဟူသော စကားလုံးကို အသုံးပြုမိသောကြောင့် အင်ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ၃ ပွဲပါယ်ပြစ်ဒါဏ်နှင့်အတူ ဒါဏ်ကြေးငွေအဖြစ်ပေါင်တစ်သိန်း မြန်မာငွေအားဖြင့် သိန်း ၁၈၀၀ ကျော်ဒါဏ်ငွေပေးဆောင်ရမည်ဟု ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပါတယ်။အဆိုပါပြစ်ဒါဏ်ကြောင့် ကာဗာနီဟာ ယူနိုက်တက်ရဲ့ ရှေ့လာမယ့် အက်စတွန်ဗီလာနှင့်ပွဲစဉ် မန်စီးတီးအသင်းနှင့် EFL ဖလား ဆီမီးဖိုင်နယ် မန်ချက်စတာဒါဘီပွဲစဉ် နှင့် FA cup ၀တ်ဖို့အသင်းနှင့် ပွဲစဉ် သုံးပွဲကို လွဲချော်ကတော့မှာလည်း ဖြစ်ပါတယ်။အဆိုပါသတင်းမှာ ယူနိုက်တက်ပရိတ်သတ်များအတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်စေတဲ့ သတင်းဖြစ်ပြီး အထူးသဖြင့် တိုက်စစ်မှုးနောက်တစ်ဦးဖြစ်သူ မာရှယ်ခြေစွမ်းပျောက်‌ဆုံးနေချိန်မှာ ဖြစ်သော ကြောင့်ပိုပြီး စိတ်ညစ်ရမှာလည်းဖြစ်ပါတယ်။အဆိုပါ ပြစ်ဒါဏ်နဲ့ပါတ်သတ်ပြီး ကာဗာနီအနေဖြင့် အယူခံ၀င်နိုင်သော်လည်း ကာဗာနီဘက်ကတော့ လုံး၀ အယူခံ၀င်သွားမည် မဟုတ်ကြောင်းသိဂပါသည်။ကာဗာနီမှာ ရည်ရွယ်ချက်ရှိရှိပင် အယူခံမ၀င်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

အကြောင်းမှာ ၎င်းမှာ သူကိုယ်တိုင်က လူမျိုးရေးခွဲခြားခြင်းကို အပြင်းအထန်ရှုံချသူတစ်ဦးဖြစ်သည့်အလျောက် အဆိုပါကိစ္စမှာ မတော်တဆ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း FA ထံစာပေးပို့ခဲ့ကြောင်းသိရပြီး ၎င်းဘက်မှ အယူခံ၀င်ခွင့်ကိုလည်း ခပ်ချေချေပင် ပါယ်ချသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါကိစ္စနှင့်ပါတ်သတ်ပြီး ကလပ်အသင်းတာ၀န်ရှိသူများနှင့် နည်းပြဖြစ်သူ ဆိုလ်းရှားတို့ မှာ ကာဗာနီဘက်က အပြည့်အ၀ရှိနေကြောင်း သိရပါသည်။
#MUFF

ZAWGYI



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X